သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စွမ်းအားပြင်းဒုံးကျည်များ ယူကရိန်းကို ဦးစားပေးပို့မည်" ကန်သမ္မတအိမ်ဖြူတော်


သမ္မတအိမ်ဖြတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby
သမ္မတအိမ်ဖြတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby

ယူကရိန်းရဲ့ဓါတ်အားပေးစက်ရုံတွေကို ရုရှားက မစ်ဇိုင်းဒုံးကျည်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့နောက် ယူကရိန်းကို စွမ်းအားပြင်း လေကြောင်းကာကွယ်ရေး မစ်ဇိုင်းဒုံးကျည်တွေ ပေးပို့မှာဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ယူကရိန်းအတွက် မြေပြင်ကနေ ဝေဟင်ပစ် နောက်ဆုံးထုတ် Patriot နဲ့ NASAM မစ်ဇိုင်းဒုံး ရာနဲ့ချီပေးပို့ဖို့ အရင်လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတအိမ်ဖြတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။ ဒီဒုံးကျည်တွေကို ထိုင်ဝမ်နဲ့ အစ္စရေးကိုပေးပို့ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်လို့ ဒုံးကျည်တွေ ယူကရိန်းကိုအရင်ပေးပို့မယ်ဆိုတာကို ထိုင်ဝမ်နဲ့ အစ္စရေးက ထောက်ခံလိုလားတယ်လို့လည်း ပြောပါတယ်။

တကယ်လိုအပ်တဲ့နေရာကို ဒုံးကျည်တွေအရင်ပေးဖို့အစီစဉ်အတွက် အမေရိကန်အစိုးရအနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်းလည်း ပြောပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု ရင်ဆိုင်နေရတယ်လို့ ယူကရိန်းက ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ ဓါတ်အားပေးစက်ရုံတွေကို ရုရှားက တညလုံး ဒရုန်းနဲ့ မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ယူကရိန်းမှာ အပူအားသုံး ဓါတ်အားပေးစက်ရုံတရုံ အကြီးအကျယ်ပျက်စီးသွားပြီး အလုပ်သမား ၃ ယောက် ဒဏ်ရာရခဲ့ကြောင်းနဲ့ Kyiv ၊ Donetsk နဲ့ Dnipropetrovsk ဒေသတွေက ဓါတ်အားပေးစက်ရုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ ယူကရိန်းရဲ့ Ukrenergo ဓါတ်အားပေးဌာနက ကြာသပတေးမနက်မှာ ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လျှပ်စစ်ဓါတ်အားပေးနိုင်စွမ်းဟာ မနှစ်ကထက် တဝက်လောက် လျော့သွားကြောင်းနဲ့ ဒီအခြေနေကနေ ပိုကောင်းလာအောင်လုပ်နိုင်မယ့် နည်းလမ်းတွေကိုရှာနေကြောင်း ဒီလဆန်းမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောခဲ့တာပါ။ ယူကရိန်းရဲ့ ပြည်နယ် ၁၀ ခုမှာ ကြာသပတေးနေ့ ရုရှားပစ်ခတ်တဲ့ မစ်ဇိုင်းဒုံး ၉ လုံးထဲက ၅ လုံးနဲ့ရုရှားရဲ့ဒရုန်း ၂၇ စင်းစလုံးကိုပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။ ရုရှားဘက်က ယူကရိန်းရဲ့ Dnipro petrovsk ဒေသကို အဓိက ဦးတည် တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ရုရှားနိုင်ငံမှာတော့ တောင်ပိုင်း ကရာစနိုဒါဒေသမှာ ယူကရိန်းက ရေနံသိုလှောင်ကန်တွေကို အဓိကပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG