အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နိုင်ေ အာင် ထုတ်ပြန်ထားတဲ့ အက်ဥပဒေကိုအမေရိကန် သမ္မတက ရုပ်သိမ်းလိုက်တာ ကို မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်အကူးအပြောင်းကာလ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဟာဗျူဟာကျတဲ့ စွန့်စားမှု တခုလိုရှုမြင်သလို သတိနဲ့ကြိုဆို မှုတွေလည်း ရှိနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေကြောင့် ရုပ်သိမ်း လိုက်ရတယ်လို့ပြောတဲ့ အိုဘားမားရဲ့ အကြောင်းပြချက် အပေါ်လည်း မေး ခွန်းထုတ်နေကြပါတယ်။ သုံးသပ်ချက် အမြင်အမျိုးမျိုးကို မဆုမွန် စုစည်းတင်ပြ ထားပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ် နိူင်အောင် ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေး ဆိုင်ရာ အက် ဥပဒေကို ရုတ်သိမ်းပေး မှာ ဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စုကို လာရောက် ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမား တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး အပြီးမှာပဲ သမ္မတ အိုဘားမားက ကြေညာခဲ့တာပါ။ အောက်တိုဘာလ ၇ရက်နေ့ မှာတော့ ဒီအရေးပေါ် စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း သမ္မတက လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံဆွေးနွေးမှုကနေ ရ ခဲ့တဲ့ ဒီရလဒ်က အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ ကြုံနေရတဲ့ စိန်ခေါ်အကဲစမ်း မှုတွေထဲက မဟာဗျူဟာကျတဲ့ စွန့်စားမှုတခုအဖြစ် မြန်မာ့နိုင်ငံရေးအကဲခတ် သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းက ရှုမြင်ပါတယ်။
“ မြန်မာနိူင်ငံရဲ့ စီးပွားရေးအတွက်တော့ ကောင်းတယ်လို့ ထင်တယ်လေ။ အရင် တုန်းက ရှိခဲ့တဲ့ ခေတ်ဟောင်းနဲ့ နောင် ဒီမိုကရေစီကျ ပြီးတော့ ငြိမ်းချမ်းတဲ့ မြန်မာနိူ င်ငံ ခေတ်သစ်တခုကို ကူးပြောင်းတဲ့ အချိန်ကာလပေါ့ နော့ .. ဒီအချိန်မှာ ဘယ် လမ်းကြောင်းကို မြန်မာပြည်က သွားမလဲဆိုတာ ကံသေကံမ မပြောနိူင်ဘူး၊ အဲဒီလို အခြေအနေမျိုးမှာ တွက်ချက် စဉ်းစားပြီးတော့ပေါ့ စွန့်စားပြီးတော့ ယူရတဲ့ကိစ္စတွေ ရှိတယ်။ ဥပမာအားဖြင့် ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်တာမျိုးပေါ့နော်။ အလားတူပဲ sanction ကို ရုပ်သိမ်းတာလဲ အဲဒီလိုပဲ တွက်ချက်စဉ်းစားပြီးတော့ စွန့်စားတဲ့ စွန်းစားမှုမျိုးပေါ့။ အကူးအပြောင်းကာလ အားပြိုင်နေတဲ့ အခြေအနေမှာ လုပ်ရတဲ့ကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့်မို့ ဒါကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို မဟာဗျူဟာ ကျကျ လုပ်ကြခြင်းလို့ပဲ - ဒီလိုပဲ နားလည်တယ်။ စောလွန်းတယ်လို့ ပြောကြတဲ့သူတွေက ဒီ sanction ကိုချမှတ် ထားတာဟာ မြန်မာနိူင်ငံ ဒီမိုကရေစီ နိူင်ငံဖြစ်ဖို့အတွက် ဖိအားပေးဖို့ ချမှတ်ထားတာ ဖြစ်တယ်။ လက်ရှိအခြေအနေမှာ မြန်မာနိူင်ငံဟာ ဒီမိုကရေစီ အပြည့်အဝကို မရောက်သေးဘူးဆိုတဲ့ ထောင့်ကနေ ပြောတဲ့ အတွက်ကြောင့် သူတို့ပြောတာဟာလဲ ပြောသင့်ပြောထိုက်တဲ့ မူလ sanction ချတဲ့ ရည်ရွယ် ချက်အရ ပြောမယ်ဆိုလို့ ရှိရင်လည်း ကျိုးကြောင်း လျှော်ညီတဲ့ ပြောကြား ချက်တွေလို့ ပြောရမှာပဲ။ ဒါကြောင့်မို့ ကျနော်ကတော့ ဒီလို sanction ရုပ်သိမ်းပေး တာကို လိုလိုလားလား ဒါလုပ်ရမယ့် အလုပ်တခုလို့ မြင်ပါတယ်”
ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သား အစိုးရလက်ထက် အခြေခံလူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီရေး တိုးတက်ပြောင်း လဲမှုတွေ သိသိသာသာ တွေ့လာရတဲ့အတွက် အခုလိုရုပ်သိမ်းဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း အမေရိကန် အထက်နဲ့ အောက် လွှတ်တော် ဥက္ကဋ္ဌတွေဆီကို သမ္မတ က စာပေးပို့ခဲ့တာပါ။
ဒါပေမဲ့ ဒီလိုရုပ်သိမ်းမှုတွေက အချိန်မတိုင်ခင် ဖြစ်လာခဲ့တယ်ဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲဖြစ်လို့ စစ်မှန်တဲ့ပြောင်းလဲမှုတွေ ဘယ်လောက် အထိဖြစ်ပေါ် နေပြီလဲ ဆိုတာ မေးခွန်းထုတ် စရာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“ရုပ်သိမ်းမယ်လို့ ပြောကတည်းက ဒီဟာက စောပါသေးတယ်လို့ အဲလောက်ထိ မဖြစ်သင့်သေးဘူး ဆိုတဲ့စာကို ကျနော်တို့ ပေးပို့ထားပါတယ်၊ အစိုးရသစ် လက်ထက်မှာ တချို့သော လူ့အခွင့်အရေးတွေ တိုးတက်လာတာ ကျနော် လက်ခံပါတယ်၊ အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ပိတ်ဆို့ထားတဲ့ sanction တွေ အကုန်လုံး ရုပ်သိမ်းဖို့ အထိကတော့ ကျနော်တို့တိုင်းပြည်က အချိန်ခါ မသင့်သေး ဘူးလို့ ယူဆတယ်ဗျ။ ကျနော်တို့တိုင်းပြည်မှာ အခုဆိုလို့ရှိရင် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းကို တဖက်က သွားနေတယ်လို့ ပြောပေမယ့် တိုက်ပွဲတွေက နေရာ အနှံ့မှာဖြစ်နေတုန်းပဲ။ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကိုယ်က အဲဒီဒေသက တိုင်းရင်း သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှု ရှိနေတယ် ဆိုတာ သက်သေပြနေ တယ်။ ဒါ့ကြောင့်မို့ ကျနော်တို့က အမြဲပြောပါတယ်။ လျှော့သင့် လျှော့ ထိုက်သော လျှော့ချမှုကိုလုပ်ပါ၊ ဒါပေမယ့် အားလုံးကို တခုလုံးကို ဖြေလျှော့လိုက် တာမျိုးတော့ မလိုသေးဘူး။ Selected sanction လို့ခေါ်တဲ့သူတွေ အထူူးသဖြင့် စစ်တပ်နဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်။ sanction မျိုး ပိတ်ဆို့မှုမျိုးကို ထားဖို့အတွက် ကျနော်တို့ အစောကြီးကတည်းက တိုက်တွန်းထားခဲ့ တာပါ”
အခုလို အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီးက လူမှု အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တွေ့ဆုံရှင်းပြခဲ့တာပါ။ အဲ့ဒီအခမ်းအနားကို တက်ရောက် ခဲ့သူတွေထဲက တဦးဖြစ်တဲ့ Triangle Women အဖွဲ့က အမျိုးသမီးရေး လှုပ်ရှားသူ မခင်လေးကတော့ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် အလေးထားေ ဆာင်ရွက်ချက်တွေကို ကြိုဆိုပေမယ်လို့ စောင့်ကြည့်ရဦးမှာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။
“ ကိုယ့်နိုင်ငံက ဖွံ့ဖြိုးတိုးတက်ပြီးတော့ အကောင်းဘက်ကို ဦးတည်လာတဲ့ အတွက် နိုင်ငံတကာက အသိအမှတ်ပြုတာ တခဲနက် ရွေးချယ်လိုက်တဲ့ အစိုးရ ကို ထောက်ခံတဲ့အနေနဲ့ ပြသတာကိုတော့ အရမ်းကိုဝမ်းသာတယ်။ ဒါပေမဲ့ ကျမတို့မှာ တဘက်မှာ စိုးရိမ်စရာရှိနေတာတွေက အခုပြုပြင်ပြောင်းလဲမှုတွေက တကယ်အစစ် အမှန်ဟုတ်ရဲ့လား ဆိုတာကိုလည်း သံသယရှိတယ်။ နောက် ပြီးတော့ ချက်ချင်းကြီး အခုလို ရုပ်သိမ်းပေးလိုက်ခြင်းအားဖြင့်၊ နောက်ပိုင်း သက်ရောက် မှုများရှိနေမလား ကျမတို့စိုးရိမ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ် ”
ဒီလိုရုပ်သိမ်းလိုက်တဲ့အပေါ် မြန်မာနိုင်ငံတွင်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ အမေရိကန်-မြန်မာဆက်ဆံရေးကနေ တဆင့် မြန်မာပြည် သူတွေအတွက် အကျိုးရလဒ်တွေ ရရှိလာနိုင်မယ်လို့ ဦးတင်မောင်သန်းက ပြောပါတယ်။
ဒီ နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ အရေးပေါ်ဥပဒေကို ရုတ်သိမ်းလိုက်ခြင်းအားဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ Freedom and Democracy Act လို့ခေါ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ JADE Act လို့ခေါ်တဲ့ စစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပမ်း အားထုတ်မှု တွေကြောင့် ချမှတ်ထားတဲ့ အက်ဥပဒေတွေအရ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပျက်ပြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ ဒီအရေးပေါ် ဥပဒေကို အမေရိကန်ပြည်ထောင်စုက ၁၉၉၇ ခုနှစ် စစ်အစိုးရ လက်ထက်မှာ စတင်ထုတ်ပြန်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံအပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး နှစ်စဉ် သက်တမ်းတိုး လာခဲ့တာဖြစ်ပါတယ်။