သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဒေသတွင်းခါင်းဆောင်တွေနဲ့ဆွေးနွေး

အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ်ကနေ ဒိုဟာနိုင်ငံကို ထွက်ခွာမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဖေဖော်ဝါရီ ၆၊ ၂၀၂၄)
အီဂျစ်နိုင်ငံ ကိုင်ရိုလေဆိပ်ကနေ ဒိုဟာနိုင်ငံကို ထွက်ခွာမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဖေဖော်ဝါရီ ၆၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ်နဲ့ ကာတာက ခေါင်းဆောင်တွေကို ဒီနေ့ပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီး Blinken ရဲ့ ခရီးစဉ်မှာ အီဂျစ်သမ္မတ Abdel Fattah el-Sissi နဲ့ ကိုင်ရိုမြို့မှာ တွေ့ဆုံခဲ့သလို၊ ကာတာစော်ဘွား Sheikh Tamim bin Hamad Al Thani နဲ့ ကာတာဝန်ကြီးချုပ် Mohammed bin Abdulrahman Al-Thani တို့ကိုတွေ့ဆုံဖို့ ဒိုဟာမြို့ကိုလည်း သွားရောက်မှာလည်းဖြစ်ပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ ရက်သတ္တပတ်များစွာကြာအောင် တိုက်ပွဲတွေ ခေတ္တရပ်နားပေးဖို့နဲ့ ဂါဇာမှာရှိတဲ့ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံများကို လွှတ်ပေးရေးတို့ပါဝင်ပါတယ်။

အမေရိကန်ရဲ့ ခိုင်မာပြီး ဆွဲဆောင်မှုရှိတဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့လက်ခံဖို့ကို အီဂျစ်နဲ့ ကာတာတို့က တွန်းအားပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီး Blinken ဟာ အစ္စရေးနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသတွေကိုလည်း သွားမှာပါ။

ခရီးစဉ်အစ မနေ့က ဆော်ဒီအာရေဗီးယားကို သွားရောက်ခဲ့ရာမှာတော့ ဆော်ဒီအိမ်ရှေ့မင်းသား ဝန်ကြီးချုပ် Mohammed bin Salman တို့ကို Riyadh မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဂါဇာမှာဖြစ်နေတဲ့ရှိ အကျပ်အတည်းတွေကို နိဂုံးချုပ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG