သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အခါသမယ ကန်နိုင်ငံခြားရေးဝန်ကြီးဆုမွန်လွှာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို နေတိုးမဟာမိတ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို နေတိုးမဟာမိတ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်းတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအတာသင်္ကြန်ကာလ ဆင်နွှဲနေကြချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ နှစ်သစ်ဆုမွန်နဲ့အတူ မြန်မာလူထုနဲ့ တသားထဲရပ်တည်နေပါကြောင်း အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဆုတောင်းလွှာ ပို့ထားပါတယ်။

သင်္ကြန်ဆိုတာ အဟောင်းကနေ အသစ်တဖန်ကူးပြောင်းတဲ့အချိန်ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတို့ရဲ့ စံတွေကို ထင်ဟပ်ဆင်ခြင်ဖို့ အချိန်လည်းဖြစ်ပါတယ်လို့လည်း ဝန်ကြီးဘလင်ကန်ရဲ့ ဆုတောင်းလွှာမှာ ပြောထားပါတယ်။

စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်တွေကြားမှာ စစ်အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ်ချိုးဖောက်နှိပ်စက်မှုတွေအတွက် စစ်တပ်က တာဝန်ခံမှုရှိဖို့ အမေရိကန်က နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆက်လက်ဦးဆောင်နေပါတယ်။ ဒီမိုကရေစီအရေးကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံသွားပါမယ်။ ဒီပဋိပက္ခအဆုံးသတ်ရေး ဘက်ပေါင်းစုံက ပါဝင်ဖြေရှင်းဖို့ လုပ်ဆောင်နေတာကိုလည်း ဆက်ပြီး ပံ့ပိုးပါမယ်လို့လည်း ပြောထားပါတယ်။ အခုလို အခက်အခဲတွေကြုံနေရချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာလူထုအပေါ် အရိုးသားဆုံး မေတ္တာပို့သပါတယ်လို့ ဝန်ကြီးဘလင်ကန်ရဲ့ သင်္ကြန်ဆုမွန်မှာ ပြောကြားထားပါတယ်။

သင်္ကြန်အခါသမယ ကန်နိုင်ငံခြားရေးဝန်ကြီးဆုမွန်လွှာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG