သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါဝင်တဲ့ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်ရေး ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း


Antonio Guterres speaks with the media in Brussels, March 23, 2023.
Antonio Guterres speaks with the media in Brussels, March 23, 2023.

=== [[ ZAWGYI ]] ===

အားလုံးပါဝင်တဲ့ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်ရေး ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်ကျင့်သုံးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres က တိုက်တွန်းလိုက်ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက ကြာသပတေးနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်နဲ့ လုပ်ငန်းစဉ်တွေ အားနည်းစေတဲ့ ဘယ်လုပ်ဆောင်မှုမျိုးကမဆို မြန်မာ့အကျပ်အတည်းကို ပိုကြီးမားစေမှာ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောသွာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အများပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်လက်ကျင့်သုံးနိုင်အောင် တွန်းအားပေးကြဖို့လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်တယ် လို့လည်း ပြောပါတယ်။

ဖမ်းဆီးထိမ်းသိမ်းတာ ခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားလက်လွတ် အဖမ်းခံနေရသူ အားလုံးကို ချက်ခြင်း လွှတ်ပေးဖို့လည်း အတွင်းရေးမှုးချုပ် António Guterres က တောင်းဆိုတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း မြန်မာစစ်ကောင်စီက NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားလိုက်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး မပါတဲ့ ဘယ်ရွေးကောက်ပွဲမဆို မြန်မာလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်ဖူးလို့ တွစ်တာကနေ သတိပေးလိုက်ပါတယ်။

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တာအတွက် အမေရိကန်အပြင် ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတွေကလည်း အပြစ်တင် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG