သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“NLD ပါတီဖျက်သိမ်းမှု မလိုလားအပ်တဲ့ခြေလှမ်း” ကုလပြောခွင့်ရ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric

{{Zawgyi/Unicode}}

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တာဟာ ကုလသမဂ္ဂကလိုလားတဲ့ လားရာမဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကျနော်တို့ မမြင်လိုတဲ့လားရာကိုသွားတဲ့ နောက်ခြေလှမ်းတလှမ်းပါ။ ဒီမိုကရေစီ ကို ပြန်သွားတာ ကျနော်တို့ မြင်ချင်ပါတယ်။ ဆက်လက်ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကိုလွှတ်ပေးတာ ကျနော်တို့ မြင်လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ပါမယ်။” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ဥပဒေအသစ်အောက်မှာ စုစုပေါင်း ၅၂ ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားခဲ့ကြတယ်လို့ စနေနေ့ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာက ဆိုပါတယ်။ ၁၂ ပါတီက အမျိုးသား အဆင့်၊ ၄၀ က ပြည်နယ်တိုင်းအဆင့်မှာယှဉ်ပြိုင်ဖို့ လျှောက်ထားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး လွတ်လပ်တဲ့မီဒီယာလည်း မရှိ၊ မတရားတဲ့ဥပဒေတွေအောက်မှာ ရွေးကောက်ပွဲဟာ မလွတ်လပ်သလို မျှတမှာလည်းမဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ဖိနှိပ်မှုတွေကြားမှာ ရွေးကောက်ပွဲက ယုံကြည်နိုင်ဖွယ်မရှိဘူးလို့ ဘရပ်ဆဲ အခြေစိုက် နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအဖွဲ့ ICG က အင်္ဂါနေ့မှာ ထုတ်လိုက်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်ဒီ ပါတီက အပြတ်အသတ်အနိုင်ရခဲ့တာကို စစ်တပ်က မထီမဲ့မြင်ပြုလှည့်ဖျားဖို့ ကြိုးစားချက်တရပ်အဖြစ် ပြည်သူအများစုက မြင်နေချိန်မှာ ယုံစရာမရှိဘူးလို့ ICG က ဆိုပါတယ်။ စစ်ကောင်စီက အင်အားသုံးလုပ်ဖို့ ကြိုးစားတဲ့အခါမှာ ရွေးကောက်ပွဲတွေကြောင့် ပဍိပက္ခက ပို ဆိုးဝါးလာလိမ့်မယ်လို့လည်း ICG က ခန့်မှန်းပါတယ်။ စစ်ကောင်စီ ခုခံဆန့်ကျင်ရေးအုပ်စုတွေက ဒါကို ပျက်ပြားအောင် လုပ်ဖို့ကြိုးစားကြမှာပဲ လို့ ICG က ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ မကြာသေးမီ သမိုင်းကာလမှာ သွေးမြေအကျဆုံး ရွေးကောက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က အေအက်ဖ်ပီကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}








XS
SM
MD
LG