သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၁ ထရီလီယံကျော် အခြေခံအဆောက်အအုံဥပဒေ ကန်အထက်လွှတ်တော် အတည်ပြု


(Zawgyi/ Unicode)

အမေရိကန် ပြည်ထောင်စု အတွင်းက ယိုယွင်းနေတဲ့ လမ်းတွေ၊ တံတားတွေ ပြင်ဆင်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုကို တိုးချဲ့မယ့် ဒေါ်လာ ၁ ထရီလီယံ သုံးမယ့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဥပဒေကြမ်းကို အင်္ဂါနေ့မှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ နိုင်ငံရေး အားပြိုင်မှု များတဲ့ အခြေအနေတွင်းမှာ ပါတီကြီး နှစ်ရပ်စလုံးရဲ့ ရှားရှားပါးပါး အတည်ပြုမှုလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ လမ်းတွေနဲ့ အဝေးပြေး လမ်းမကြီးတွေ၊ တံတားတွေ၊ သောက်သုံးရေ စနစ်၊ အင်တာနက်နဲ့ သန့်စင်တဲ့ စွမ်းအင်တို့ အတွက် သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်ပါတယ်လို့ သမ္မတ Joe Biden ပြောခဲ့တာပါ။

ဒီနှစ်ပိုင်းတွေ အတွင်း အမေရိကန်ရဲ့ အကြီးမားဆုံး ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းကြီး တခုဖြစ်တဲ့ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၉ မဲ၊ ကန့်ကွက်မဲ ၃၀ အတည်ပြုခဲ့တာ ဖြစ်ပြီး အောက်လွှွတ်တော်မှာ လာမယ့် စက်တင်ဘာလ အတွင်း ဆွေးနွေး သုံးသပ်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရက် လွှတ်တော် အမတ်တချို့က အသုံးစရိတ် နည်းလွန်းတယ်လို့ ပြောနေပြီး အောက်လွှတ်တော်မှာ အတည်ပြုနိုင်ရေးကတော့ မသေချာသေးပါဘူး။ အိမ်ဖြူတော်ကတော့ အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အစီအစဉ်ကို ထောက်ခံပါတယ်။ သမ္မတ Joe Biden ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးမှုမှာ အဓိက အကြောင်းအရာ တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG