သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြန်အလှန် သွင်းကုန်ခွန်ကောက်ဖို့သမ္မတ Trump ညွှန်ကြား


အမေရိကန်သမ္မတ Donald Trump က သွင်းကုန်ခွန်ကောက်ခံရေးအမိန်ကိုလက်မှတ်ထိုးပြီး ပြသနေစဥ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅)
အမေရိကန်သမ္မတ Donald Trump က သွင်းကုန်ခွန်ကောက်ခံရေးအမိန်ကိုလက်မှတ်ထိုးပြီး ပြသနေစဥ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅)

အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်တဲ့နိုင်ငံတွေကသွင်းကုန်တွေကို ပြန်လည်အခွန်ကောက်ခံမယ် လို့ သမ္မတ Donald Trump က ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ဘက်နိုင်ငံတွေအပါအဝင် အမေရိကန်ကိုပစ္စည်းသွင်းနေတဲ့နိုင်ငံတွေအပေါ် အမေရိကန်ကုန်တွေကိုကောက်တဲ့အခွန်နဲ့ ညီမျှတဲ့သွင်းကုန်ခွန်တွေ ပြန်ကောက်ဖို့ စီးပွားကူးသန်းဝန်ကြီးအဖြစ် သမ္မတ Trump လျာထားသူ Howard Lutnick ကိုရော အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လျာထားသူ Jamieson Greer ကိုပါ သမ္မတ Trump ကညွှန်ကြားခဲ့ပါတယ်။ ဘယ်နိုင်ငံတွေအပေါ် ဘယ်လောက် အခွန်ကောက်မှာလဲဆိုတာကိုတော့ တာဝန်ပေးထားသူတွေ တွက်ချက်ပြီး သတ်မှတ်မယ်လို့လည်း သမ္မတ Trump က ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အမေရိကန်မှာ စက်ရုံတွေလာဖွင့်တဲ့နိုင်ငံတွေကိုတော့ အခွန်ကောက်မှာ မဟုတ်ဘူးလို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။

EU ဥရောပသမဂ္ဂဆိုရင် အမေရိကန်ကုန်တွေကို ကုန်ပစ္စည်းတန်ဖိုးအပေါ် ထပ်ဆောင်းအခွန်ကောက်နေတာ မမျှတဘူးလို့ ကုန်သွယ်ရေးဆိုင်ရာ သမ္မတအထူးအကြံပေး Peter Navarro ကလည်း ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ အိန္ဒိယသမ္မတ Narendra Modi နဲ့ ကြာသပတေးနေ့က မဆွေးနွေးခင် ခုလို အပြန်အလှန် သွင်းကုန်ခွန်တွေ ကောက်ခံဖို့ သမ္မတ Trump ကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့လုပ်ရပ်ဟာ အားလုံးအတွက် မျှတတဲ့အတွက် ဘယ်နိုင်ငံကမှ စောဒက မတက်နိုင်ဘူးလို့လည်း သမ္မတ Trump ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG