သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကူးမှုနဲ့ ယာဉ်မောင်းသူကို ကန်တရားရုံးစွဲချက်တင်


အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်က ထရပ်ကားတစီးရဲ့ နောက်တွဲယဉ်ထဲမှာ လူ၁၀ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး အဲဒီထရပ်ကားမောင်းတဲ့သူကို တရားမဝင်လူမှောင်ခိုတင်သွင်းမှုနဲ့ အရေးယူထားတဲ့အကြောင်း တရားရုံးက မနေ့ ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

ထရပ်ကားမောင်းတဲ့သူဟာ ဖလော်ရီဒါပြည်နယ်က အသက်၆၀အရွယ် James Bradley ဆိုတဲ့သူဖြစ်ပြီး ထောင်ဒဏ်တသက် ဒါမှမဟုတ် သေဒဏ်ကျခံရမယ့်သဘောရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါ တယ်။

Texas ပြည်နယ် San Antonio မြို့က Walmart စတိုးဆိုင်ကြီးရဲ့ မော်တော်ယဉ်တွေရပ်နားတဲ့နေရာမှာအဲဒီထရပ်ကားရပ်ထားတုန်း ကားမောင်းသမား James Bradleyကိုဖမ်းဆီးခဲ့တာပါ။ ထရပ်ကားရဲ့နောက်တွဲယဉ်ထဲမှာ လူ၈ဦး သေဆုံးနေတာကို ရဲတပ်ဖွဲ့ဝင်တွေရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်း သူ့ကို ဖမ်းခဲ့တာပါ။

ကားနောက် တွဲယဉ်ထဲမှာပါ လာသူတွေထဲက နောက်ထပ်၂ဦးထပ်ပြီးသေဆုံးခဲ့ရပြီး ကျန်နေသူတွေကို ဆေးရုံတင်ထား ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေ အပူလွန်ကဲမှုဒဏ်တွေကြောင့်တော်တော်များများက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ သေဆုံးသူဦးရေထပ်တိုးလာမှာကိုလည်း စိုးရိမ်ရတယ်လို့အာဏာပိုင်တွေကပြောပါတယ်။

ကားမောင်းသမား James Bradley ကတော့ သူ့ရဲ့ကားနောက်တွဲယဉ်ထဲမှာ လူတွေပါလာတာသူ မသိဘူးလို့ ဗဟိုအစိုးရစုံစမ်းစစ်ဆေးသူ တွေကို ပြောပါတယ်။ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ အမေရိကန်နိုင်ငံအတွင်းရွှေ့ပြောင်းနေထိုင်ဖို့လူမှောင်ခိုသွင်းခံ ရသူ အနည်းဆုံး တရာလောက် ထရပ်ကားရဲ့နောက်တွဲယဉ်ထဲမှာပါတယ်လို့ဆိုပါတယ်။ လုံခြုံရေးကင်မရာမှတ်တမ်းတွေ အရ စနေနေ့ညတုန်းက ဒီထရပ်ကားအနီးကို တခြားမော်တော်ယဉ်တွေလာရောက်ခဲ့ပြီး လူတချို့ကို တင်ဆောင်ပြီး မောင်းထွက်သွားတာကိုတွေရပါတယ်။

အဲဒီထရပ်ကားပေါ်မှာ လူမှောင်ခိုတင်ဆောင်လာကို စပြီးတွေရှိခဲ့တာကတော့ ထရပ်ကားထဲက လူတဦး Walmart စတိုးဆိုင်ရဲ့ဝန်ထမ်းတဦးဆီကနေ ရေတောင်းသောက်ရာကဖြစ်ပါတယ်။ အခုလို တောင်းသောက်ရာကနေ ရဲရဲ့စစ်ဆေးမှုကိုခံခဲ့ရပြီး ကျောင်းနေရွယ်ကလေး၂ဦးအပါအဝင် လူကြီးအမျိုးသားတွေပါဝင်တဲ့ လူမှောင်ခိုကူးခံရသူတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လူမှောင်ခိုကူးမှုနဲ့ ယာဉ်မောင်းသူကို ကန်တရားရုံးစွဲချက်တင်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG