သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ေတြ ဒုကၡသည္ေတြကို တာဝန္ယူေခၚႏိုင္ 


ဒုကၡသည္ေတြကို အေမရိကန္ျပည္ေထာာင္စုမွာ အေျခခ် ေနထိုင္ခြင့္ရေအာင္ သာမန္အေမရိကန္ ႏိုင္ငံသားေတြ ကိုယ္တိုင္က တာဝန္ယူေခၚႏိ္ုင္တဲ့ အစီအစဥ္သစ္ကို အေမရိကန္ႏိုင္ငံျခားေရးဝက္ဆိုဒ္စာမ်က္ႏွာမွာ ေၾကညာထားသည္ကိုေတြ႔ရစဥ္

ျမန္မာအပါအ၀င္ ကမာၻတ၀န္း ႏိုင္ငံေရး၊ စစ္ေရး ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြ အေမရိကန္ျပည္ေထာာင္စုမွာ အေျခခ် ေနထိုင္ခြင့္ရေအာင္ သာမန္အေမရိကန္ ႏိုင္ငံသားေတြ ကိုယ္တိုင္က စပြန္ဆာလုပ္ တာဝန္ယူေခၚႏိ္ုင္တဲ့ အစီအစဥ္သစ္ကို အေမရိကန္ႏိုင္ငံျခားေရးဌာနက ဇန္နဝါရီ ၁၉ ရက္ေန႔က ေၾကညာပါတယ္။ ပံုမွန္အားျဖင့္ ဒုကၡသည္ေတြကို အစိုးရနဲ႔ လူမႈကယ္ဆယ္ေရး အဖြဲ႔ေတြ ခ်ိတ္ဆက္ၿပီး အေျခခ်ေနထိုင္လို႔ရေအာင္ စီစဥ္ေပးေလ့ရွိေပမယ့္ အခုအစီအစဥ္သစ္အရ သာမန္အေမရိကန္ႏိုင္ငံသား ၅ ေယာက္နဲ႔ အထက္စုေပါင္းၿပီး ဒုကၡသည္ေတြကို ေခၚယူလို႔ရမွာ ျဖစ္ပါတယ္။ အေမရိကန္ အမိေျမလံုျခံဳေရးနဲ႔ လူ၀င္မႈႀကီးၾကပ္ေရးဌာနနဲ႔ အေမရိကန္ ဒုကၡသည္လက္ခံေရး အစီအစဥ္ကေန ဒုကၡသည္အျဖစ္ လက္ခံဖို႔ အတည္ျပဳထားတဲ့ ဘယ္ႏိုင္ငံက ဒုကၡသည္ကိုမဆို အေမရိကန္ႏိုင္ငံသားေတြက တိုက္႐ိုက္ စပြန္ဆာေပး ေခၚယူႏိုင္တာ ျဖစ္ပါတယ္။ ေခၚယူတဲ့သူေတြအေနနဲ႔ ဒုကၡသည္တဦးအတြက္ အနည္းဆံုး ေဒၚလာ ၂,၂၇၅ အကုန္အက် ခံမယ္ဆိုတာကို ကနဦးျပရမွာျဖစ္ၿပီး ဒုကၡသည္လိုအပ္မယ့္ အ၀တ္အည္၊ အိမ္ေထာင္ပရိေဘာဂ၊ အိမ္ငွား စရံေငြ စသျဖင့္ စီစဥ္ေပးရမွာပါ။ အိမ္နီးခ်င္း ကေနဒါႏိုင္ငံမွာ ခုလိုအစီအစဥ္ကို ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ခဲ့တာကို နမူနာယူၿပီး အခုလို လုပ္ေဆာင္တာလို႔ အေမရိကန္အရာရွိေတြက ေျပာပါတယ္။

“Welcome Corps” လို႔ နာမည္ေပးထားတဲ့ ဒီအစီအစဥ္က ဆယ္စုႏွစ္ ၄ စုအတြင္း အဆန္းသစ္ဆံုး ဒုကၡသည္ ေခၚယူေရး အစီအစဥ္ပါပဲလို႔ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဘလင္ကန္က မေန႔က ဒီအစီအစဥ္သစ္ ေၾကညာခ်ိန္မွာ ေျပာဆိုသြားပါတယ္။ အကူအညီ လိုအပ္သူေတြကို လက္ကမ္း ႀကိဳဆိုေလ့ရွိတဲ့ အေမရိကန္ေတြရဲ႕ စိတ္ရင္းနဲ႔ ရက္ေရာမႈကိုျပတဲ့ ဂုဏ္ယူစရာ အစဥ္အလာမွာ အေျခခံတဲ့ အစီအစဥ္ပါပဲလို႔လည္း ၀န္ႀကီးဘလင္ကန္က ေျပာပါတယ္။ ဒီအစီအစဥ္ကို မေန႔က စတင္ လိုက္တာျဖစ္ၿပီး အေစာပိုင္းလေတြမွာေတာ့ အာဖရိကေတာင္ပိုင္း သဲကႏၲရေဒသႏိုင္ငံေတြက ဒုကၡသည္ေတြကို အရင္ေခၚယူခြင့္ျပဳမွာပါ။ ဒုကၡသည္အျဖစ္ ေရႊ႕ေျပာင္းေနထိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနရတဲ့သူေတြမို႔ သူတို႔ကို ဦးစားေပး ေခၚယူခြင့္ ျပဳၿပီးရင္ေတာ့ ျမန္မာ၊ ယူကရိန္း၊ အာဖဂန္၊ ဆီးရီးယား စတဲ့ ပဋိပကၡေဒသေတြက ဒုကၡသည္ေတြကို ဒီႏွစ္လည္ကစၿပီး ေခၚယူခြင့္ရမွာျဖစ္တဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

အေမရိကန္ေတြ ဒုကၡသည္ေတြကို တာဝန္ယူေခၚႏိုင္
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

အမေရိကန်တွေ ဒုက္ခသည်တွေကို တာဝန်ယူခေါ်နိုင်

မြန်မာအပါအဝင် ကမ္ဘာတဝန်း နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောာင်စုမှာ အခြေချ နေထိုင်ခွင့်ရအောင် သာမန်အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က စပွန်ဆာလုပ် တာဝန်ယူခေါ်နိုင်တဲ့ အစီအစဉ်သစ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ကြေညာပါတယ်။ ပုံမှန်အားဖြင့် ဒုက္ခသည်တွေကို အစိုးရနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ ချိတ်ဆက်ပြီး အခြေချနေထိုင်လို့ရအောင် စီစဉ်ပေးလေ့ရှိပေမယ့် အခုအစီအစဉ်သစ်အရ သာမန်အမေရိကန်နိုင်ငံသား ၅ ယောက်နဲ့ အထက်စုပေါင်းပြီး ဒုက္ခသည်တွေကို ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။ အမေရိကန် အမိမြေလုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အမေရိကန် ဒုက္ခသည်လက်ခံရေး အစီအစဉ်ကနေ ဒုက္ခသည်အဖြစ် လက်ခံဖို့ အတည်ပြုထားတဲ့ ဘယ်နိုင်ငံက ဒုက္ခသည်ကိုမဆို အမေရိကန်နိုင်ငံသားတွေက တိုက်ရိုက် စပွန်ဆာပေး ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။ ခေါ်ယူတဲ့သူတွေအနေနဲ့ ဒုက္ခသည်တဦးအတွက် အနည်းဆုံး ဒေါ်လာ ၂,၂၇၅ အကုန်အကျ ခံမယ်ဆိုတာကို ကနဦးပြရမှာဖြစ်ပြီး ဒုက္ခသည်လိုအပ်မယ့် အဝတ်အည်၊ အိမ်ထောင်ပရိဘောဂ၊ အိမ်ငှား စရံငွေ စသဖြင့် စီစဉ်ပေးရမှာပါ။ အိမ်နီးချင်း ကနေဒါနိုင်ငံမှာ ခုလိုအစီအစဉ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာကို နမူနာယူပြီး အခုလို လုပ်ဆောင်တာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

“Welcome Corps” လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်က ဆယ်စုနှစ် ၄ စုအတွင်း အဆန်းသစ်ဆုံး ဒုက္ခသည် ခေါ်ယူရေး အစီအစဉ်ပါပဲလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က မနေ့က ဒီအစီအစဉ်သစ် ကြေညာချိန်မှာ ပြောဆိုသွားပါတယ်။ အကူအညီ လိုအပ်သူတွေကို လက်ကမ်း ကြိုဆိုလေ့ရှိတဲ့ အမေရိကန်တွေရဲ့ စိတ်ရင်းနဲ့ ရက်ရောမှုကိုပြတဲ့ ဂုဏ်ယူစရာ အစဉ်အလာမှာ အခြေခံတဲ့ အစီအစဉ်ပါပဲလို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ ဒီအစီအစဉ်ကို မနေ့က စတင် လိုက်တာဖြစ်ပြီး အစောပိုင်းလတွေမှာတော့ အာဖရိကတောင်ပိုင်း သဲကန္တရဒေသနိုင်ငံတွေက ဒုက္ခသည်တွေကို အရင်ခေါ်ယူခွင့်ပြုမှာပါ။ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့သူတွေမို့ သူတို့ကို ဦးစားပေး ခေါ်ယူခွင့် ပြုပြီးရင်တော့ မြန်မာ၊ ယူကရိန်း၊ အာဖဂန်၊ ဆီးရီးယား စတဲ့ ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေကို ဒီနှစ်လည်ကစပြီး ခေါ်ယူခွင့်ရမှာဖြစ်တဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG