သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို တရားမဝင် မလာကြဖို့ သမ္မတဘိုင်ဒန်သတိပေး 


အမေရိကန်သမ္မတ Joe Biden က နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ ပြောကြားခဲ့စဉ်။ (ဇန်နဝါရီ ၅၊ ၂၀၂၃)။
အမေရိကန်သမ္မတ Joe Biden က နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ ပြောကြားခဲ့စဉ်။ (ဇန်နဝါရီ ၅၊ ၂၀၂၃)။

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုထဲကို မက္ကဆီကိုနယ်စပ်ကနေတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ ကျူးဘား၊ ဟေတီနဲ့ နီကာရာဂွါ ၃ နိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ချက်ခြင်း နေရပ်ပြန်ပို့သွားမယ်လို့ သမ္မတဘိုင်ဒန်က သတိပေးလိုက်တယ်။ မက္ကဆီကိုနယ်စပ် ကတဆင့် တရားမဝင် ဝင်ရောက်လာနေတဲ့ ဗင်နီဇွဲလားတွေကိုဟန့်တားဖို့ ကြိုးစားနေချိန်မှာ အခုနောက်ထပ် ၃ နိုင်ငံက တရားမဝင် ဝင်ရောက်သူတွေကိုပါ ဟန့်တားသွားမယ် ဆိုတာ ကြာသပတေးနေ့က ပြောကြားအသိပေးခဲ့တာပါ။

ကိုယ့်နိုင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတယ်ဆိုရင်လည်း အရင်ဆုံး ကိုယ်ရောက်နေတဲ့မက္ကဆီကိုနိုင်ငံမှာ တရားဝင်နည်းနဲ့ ခိုလုံခွင့်လျှောက်ထားပြီးမှသာ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပြုမယ့်အကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

"တရားမဝင်နည်းနဲ့ ဝင်ရောက်လာသူတွေကို တင်းတင်းကျပ်ကျပ်ဟန့်တားမယ့် အစီအစဉ်တွေကို အစိုးရက စ လုပ်နေပြီ။ ခိုလှုံခွင့် အမှန်တကယ်လိုအပ်သူတွေကို မြန်မြန်ဆန် ဆန် ကာကွယ်မှုပေးနိုင်အောင်လည်း လုပ်နေပါတယ်။ ဒါကြောင့် ဖိနှိပ်မှုတွေကနေ လွတ်အောင် ထွက်ပြေးလာတာပါလို့ပြောရင် အဲ့ဒီလူအတွက် ခိုလှုံခွင့် အမြန်ဆုံးရအောင် လုပ်နိုင်တဲ့ တရားဝင်နည်းလမ်းတွေ ရှိနေပါတယ်။ တရားမဝင်နည်းနဲ့ ဝင်ရောက်တာကိုတော့ လက်ခံမှာမဟုတ်ဘူး”-လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောသွားတာပါ။

ကျူးဘား၊ ဟေတီ၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကနေ ရွှေ့ပြောင်းလာပြီး မက္ကဆီကို နယ်စပ်ကနေတဆင့် အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်သူ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း သိသိသာသာ ပိုများလာနေတာပါ။ လာမယ့် ၂ နှစ်အတွင်း ဒီ ၄ နိုင်ငံက ရွှေ့ပြောင်း ၃ သောင်းကို တရားဝင်လက်ခံမယ့်အကြောင်းလည်း အမေရိကန်အစိုးရက ပြောဆိုထားတဲ့ တချိန်တည်းမှာ မတရားမဝင် ဝင်ရောက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမယ့်အကြောင်း သမ္မတဘိုင်ဒန်က မနေ့က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG