သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA အသံလွှင့်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံခြားသားတွေ ဗီဇာသက်တမ်းတိုးဖို့ အခက်ရှိနိုင်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ The Voice of America (VOA) အဆောက်အဦး။ (ဇွန် ၁၅၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ The Voice of America (VOA) အဆောက်အဦး။ (ဇွန် ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

ဝါရှင်တန်ဒီစီက VOA အမေရိကန်အသံ ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသတင်းထောက် ၇၆ယောက်လောက်အတွက် ပြည်ဝင်ခွင့် ဗီဇာ အခက်အခဲနဲ့ ရင်ဆိုင်ရမယ့် အခြေနေ ရှိနေပါတယ်။ အခုလအတွင်း ဗီဇာ သက်တမ်းကုန်ဆုံးမယ့်သူ အများအပြား ရှိနေပြီး အဲဒီလူတွေ ဗီဇာသက်တမ်း တိုးလို့ မရပဲ ဖြစ်သွားနိုင်တာပါ။

VOA ရဲ့မိခင်ဌာနဖြစ်တဲ့ အမေရိကန်ကမ္ဘာ့သတင်းမီဒီယာ USAGM (U.S. Agency for Global Media) ဌာန ပြောခွင့်ရကတော့ J-1 လို့ခေါ်တဲ့ အမေရိကန်နိုင်ငံတွင်း နိုင်ငံခြားသား အလုပ်လုပ်ခွင့် ဗီဇာ ပြန်လျှောက်တဲ့ လျှောက်လွှာတွေကို တခုချင်း စိစစ်နေတယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။ ဒီဌာနမှာ J-1 ဗီဇာနဲ့ အမေရိကန်နိုင်ငံထဲမှာ အလုပ်လုပ်နေသူတွေထဲက အချိန်ပြည့်ဝန်ထမ်းက ၁၄ ဦး ရှိသလို ကန်ထရိုက်ဝန်ထမ်းကတော့ ၆၂ ဦး ရှိနေတာပါ။ USAGM လက်အောက်က တခြားဌာတွေမှာလည်း အလားတူ သက်ရောက်မှုတွေ ရှိပြီး ဝန်ထမ်း အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။

အခု အချိန်အထိတော့ J-1 ဗီဇာ သက်တမ်းတိုးတာအတွက် ပယ်အချခံရသူ မရှိသေးကြောင်းနဲ့ သက်တမ်းတိုးရမယ့် ကာလလွန်သွားသူကတော့ အနည်းဆုံး တဦးရှိနေပြီး သူ့ကို အမေရိကန်ကနေ ထွက်ခွာဖို့ လကုန်အထိ အချိန်ပေးထားတာ ဖြစ်ပါတယ်။ တခြား VOA သတင်းထောက်တွေကတော့ သူတို့ ဌာနေကို မပြန်မနေရ ဖြစ်လာနိုင်တဲ့ အချိန်က သီတင်းပတ်နည်းနည်းပဲ ကျန်တော့တာပါ။ ဒီအထဲက တချို့ကတော့ သူတို့ဌာနေကို ပြန်သွားရင် သူတို့ရဲ့ VOA မှာ တင်ပြတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အရေးယူခံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

အခုလို ဗီဇာအတွက် ပြန်သုံးသပ်တာဟာ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု တိုးတက်လာစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့နဲ့ အလုပ်ခန့်ခွင့်ရှိတဲ့ အရာရှိတွေ အာဏာအလွဲသုံးစား မလုပ်စေဖို့ ရည်ရွယ်ကြောင်းလည်း USAGM ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





XS
SM
MD
LG