သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တီဘီတိုက္ဖ်က္ေရးစီမံကိန္း USAID နဲ႔ ျမန္မာ့က်န္းမာေရးပူးေပါင္း


USAID တံဆိပ္ logo။

[Zawgyi/Unicode]

အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရး ေအဂ်င္စီ (USAID) က ျမန္မာႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ့္ တီဘီ ေရာဂါ တိုက္ဖ်က္ေရး စီမံကိန္းတစ္ခုကို စတင္လိုက္ၿပီ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံ႐ုံးက ဇန္နဝါရီလ ၆ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တီဘီကင္းစင္ ျမန္ျပည္တစ္ခြင္ ေရွ႕ရႈႏိုင္ဖို႔ ႀကိဳးစားစို႔ ဆိုတဲ့ အဲဒီ စီမံကိန္းကို ျပည္တြင္း အရပ္ဘက္ အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ ျပည္ႀကီးခင္ အဖြဲ႕က အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနၿပီး တီဘီ ေရာဂါ အျဖစ္မ်ားတဲ့ ရန္ကုန္၊ ပဲခူးနဲ႔ ဧရာဝတီတိုင္း ေဒသႀကီးေတြနဲ႔ မြန္ျပည္နယ္ေတြက သတ္မွတ္ထားရာ ေနရာေတြမွာ အဓိကထား လုပ္ေဆာင္သြားမယ္လို႔ လည္း အေမရိကန္ သံ႐ုံးက ေျပာပါတယ္။

အဲဒီ စီမံကိန္းက ၂၀၁၂ ခုႏွစ္ကတည္းက USAID က အကူအညီေပးေနတဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသား တီဘီေရာဂါ တိုက္ဖ်က္ေရး အစီအစဥ္ကို အေျခခံ ေဆာင္႐ြက္တာ ျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ တိုးတက္ေကာင္းမြန္လာေစဖို႔ အေမရိကန္နဲ႔ ျမန္မာႏိုင္ငံ အၾကား ပူးေပါင္းေဆာင္႐ြက္ေနမႈရဲ႕ တစိတ္တေဒသလည္း ျဖစ္ပါတယ္။

တီဘီေရာဂါ တိုက္ဖ်က္ေရး သုံးႏွစ္ၾကာေဆာင္႐ြက္မယ့္ အဲဒီစီမံကိန္းကို အေကာင္အထည္ ေဖာ္ရာမွာ ျပည္ႀကီးခင္အဖြဲ႕က အရပ္ဘက္ အဖြဲ႕အစည္းေတြ၊ အစိုးရ အဖြဲ႕အစည္းေတြ၊ ပုဂၢလိကက႑၊ ဘာသာေရး အဖြဲ႕အစည္းေတြနဲ႔ တျခား မိတ္ဖက္အဖြဲ႕ေတြ အပါအဝင္ မတူကြဲျပားတဲ့ အုပ္စုေတြနဲ႔ လက္တြဲ ေဆာင္႐ြက္သြားမယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ USAID ဌာေန ၫႊန္ၾကားေရးမႉး Ms. Aler Grubbs က ေျပာပါတယ္။

ျပည္ႀကီးခင္အဖြဲ႕နဲ႔ မိတ္ဖက္အဖြဲ႕အစည္းေတြကလည္း အမ်ိဳးသား တီဘီေရာဂါတိုက္ဖ်က္ေရးအစီအစဥ္၊ USAID တို႔နဲ႔ ပူးေပါင္းၿပီး အလိုအပ္ဆုံးနဲ႔ ဝန္ေဆာင္မႈေတြ လုံလုံ ေလာက္ေလာက္ မရၾကတဲ့ လူေတြဆီ အကူအညီ ေရာက္ရွိႏိုင္မယ့္ စီမံကိန္းကို ဒီဇိုင္း ေရးဆြဲ ထားတယ္လို႔လည္း Ms. Grubbs က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ထဲ တီဘီေရာဂါ ေလွ်ာ့ခ်ေရးမွာ သိသိသာသာ တိုးတက္မႈ ရခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံဟာ ပူးေပါင္း ေဆာင္႐ြက္ ႀကိဳးပမ္း အားထုတ္ရင္ ဘယ္လို ေအာင္ျမင္မႈေတြ ရသလဲဆိုတာကို အေရွ႕ေတာင္အာရွက အိမ္နီးခ်င္းႏိုင္ငံေတြကို စံနမူနာ ျပသႏိုင္တဲ့ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တယ္လို႔လည္း စီမံကိန္း စတင္တဲ့အထိမ္းအမွတ္ အြန္လိုင္းကေန မိတ္ဆက္ေပးတဲ့ အခမ္းအနားမွာ ျမန္မာႏိုင္ငံဆိုင္ရာ USAID ဌာေန ၫႊန္ၾကားေရးမႉး Ms. Aler Grubbs က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တီဘီတိုက်ဖျက်ရေးစီမံကိန်း USAID နဲ့ မြန်မာ့ကျန်းမာရေးပူးပေါင်း

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို စတင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေ့ရှုနိုင်ဖို့ ကြိုးစားစို့ ဆိုတဲ့ အဲဒီ စီမံကိန်းကို ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ပြည်ကြီးခင် အဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်နေပြီး တီဘီ ရောဂါ အဖြစ်များတဲ့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေနဲ့ မွန်ပြည်နယ်တွေက သတ်မှတ်ထားရာ နေရာတွေမှာ အဓိကထား လုပ်ဆောင်သွားမယ်လို့ လည်း အမေရိကန် သံရုံးက ပြောပါတယ်။

အဲဒီ စီမံကိန်းက ၂၀၁၂ ခုနှစ်ကတည်းက USAID က အကူအညီပေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး အစီအစဉ်ကို အခြေခံ ဆောင်ရွက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာစေဖို့ အမေရိကန်နဲ့ မြန်မာနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်နေမှုရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။

တီဘီရောဂါ တိုက်ဖျက်ရေး သုံးနှစ်ကြာဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ ပြည်ကြီးခင်အဖွဲ့က အရပ်ဘက် အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြား မိတ်ဖက်အဖွဲ့တွေ အပါအဝင် မတူကွဲပြားတဲ့ အုပ်စုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ USAID ဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs က ပြောပါတယ်။

ပြည်ကြီးခင်အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးအစီအစဉ်၊ USAID တို့နဲ့ ပူးပေါင်းပြီး အလိုအပ်ဆုံးနဲ့ ဝန်ဆောင်မှုတွေ လုံလုံ လောက်လောက် မရကြတဲ့ လူတွေဆီ အကူအညီ ရောက်ရှိနိုင်မယ့် စီမံကိန်းကို ဒီဇိုင်း ရေးဆွဲ ထားတယ်လို့လည်း Ms. Grubbs က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲ တီဘီရောဂါ လျှော့ချရေးမှာ သိသိသာသာ တိုးတက်မှု ရခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ပူးပေါင်း ဆောင်ရွက် ကြိုးပမ်း အားထုတ်ရင် ဘယ်လို အောင်မြင်မှုတွေ ရသလဲဆိုတာကို အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေကို စံနမူနာ ပြသနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့လည်း စီမံကိန်း စတင်တဲ့အထိမ်းအမှတ် အွန်လိုင်းကနေ မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ USAID ဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs က ပြောပါတယ်။

XS
SM
MD
LG