သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ TB အဆုတ္ေရာဂါ ပေပ်ာက္ေရး USAID ကူညီမည္ 


USAID logo

(Zawgyi/Unicode)

အေမရိကန္ နိုင္ငံတကာ ဖြံ႕ၿဖိဳးေရး ေအဂ်င္စီ (USAID) က ျမန္မာနိုင္ငံက NGO အဖြဲ႕တစ္ခုျဖစ္တဲ့ ျပည္ႀကီးခင္အဖြဲ႕နဲ႔ ပူးေပါင္း ေဆာင္ရြက္မယ့္ တီဘီေရာဂါတိုက္ဖ်က္ေရး ဆိုင္ရာ စီမံခ်က္သစ္ကို ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ USAID Local Action Toward TB-Free Myanmar လို႔ေခၚတဲ့ အဲဒီ စီမံခ်က္အသစ္ ဟာ ၃ ႏွစ္ၾကာျမင့္မွာ ျဖစ္ၿပီး တီဘီေရာဂါ ကာကြယ္ေရးနဲ႔ ကုသေရး လုပ္ငန္းမွာ ျမန္မာ-အေမရိကန္ႏွစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈရဲ့ မွတ္တိုင္တစ္ရပ္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ အေျခစိုက္ အေမရိကန္ သံ႐ုံးက ေျပာပါတယ္။

“လူထုလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးနိုင္မယ့္ နည္းလမ္းေတြရွာနိုင္ေရး လူမႈအသိုင္းအဝိုင္း ေတြရဲ႕ စြမ္းေဆာင္ရည္ျမႇင့္တင္ ေပး ဖို႔ေဒသခံအဖြဲ႕အစည္းေတြနဲ႔ မိတ္ဖက္ေဆာင္ရြက္မႈေတြျဖစ္ေပၚလာေအာင္ USAIDက အင္တိုက္အားတိုက္ေဆာင္ရြက္ေနေၾကာင္း”USAID ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ ဌာေန ညႊန္ၾကားေရးမႉး Aler Grubbs က ေျပာပါတယ္။

အေမရိကန္သံ႐ုံးက ေအာက္တိုဘာလ ၁၅ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ခ်က္အရ USAID Local Action Toward TB-Free Myanmar စီမံကိန္းသစ္ရဲ့ လုပ္ငန္းေတြကို၂၀၁၂ ခုႏွစ္ ကတည္းက USAID နဲ႔ ျမန္မာနိုင္ငံတို႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့တီဘီတိုက္ဖ်က္ေရး လုပ္ငန္းေတြအေပၚမွာ အေျချပဳထားတာ ျဖစ္ၿပီး အစိုးရ အဖြဲ႕အစည္း မဟုတ္တဲ့ ျပည္ႀကီးခင္အဖြဲ႕က အေကာင္အထည္သြားမွာ ျဖစ္ပါတယ္။

တီဘီေရာဂါ ကူးစက္မႈကို တိုက္ဖ်က္ေရး ျမန္မာနိုင္ငံမွာ တိုးတက္မႈေတြ ရရွိေနရာမွာ ၂၀၁၀ ခုႏွစ္က ၂၀၁၈ ခုႏွစ္အတြင္း ကူးစက္မႈ ၅၀ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းခဲ့ေၾကာင္း၊ ဒါေပမဲ့ တီဘီ ေဆးယဥ္ပါးမႈ ျပႆနာက ပုံမွန္ ျပႆနာလို ျဖစ္ေနတာေၾကာင့္ တီဘီ ေရာဂါဟာ ျမန္မာနိုင္ငံမွာ ေသဆုံးမႈႏႈန္း အမ်ားဆုံး ေရာဂါ ၁၀ မ်ိဳးထဲတြင္ ပါဝင္ေနသးေၾကာင္းလည္း အေမရိကန္ သံ႐ုံးရဲ့ သတင္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာနိုင်ငံ TB အဆုတ်ရောဂါ ပပျောက်ရေး USAID ကူညီမည်

(Unicode)

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က မြန်မာနိုင်ငံက NGO အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ကြီးခင်အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် တီဘီရောဂါတိုက်ဖျက်ရေး ဆိုင်ရာ စီမံချက်သစ်ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ USAID Local Action Toward TB-Free Myanmar လို့ခေါ်တဲ့ အဲဒီ စီမံချက်အသစ် ဟာ ၃ နှစ်ကြာမြင့်မှာ ဖြစ်ပြီး တီဘီရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းမှာ မြန်မာ-အမေရိကန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက ပြောပါတယ်။

“လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေရှာနိုင်ရေး လူမှုအသိုင်းအဝိုင်း တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင် ပေး ဖို့ဒေသခံအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဆောင်ရွက်မှုတွေဖြစ်ပေါ်လာအောင် USAIDက အင်တိုက်အားတိုက်ဆောင်ရွက်နေကြောင်း”USAID ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး Aler Grubbs က ပြောပါတယ်။

အမေရိကန်သံရုံးက အောက်တိုဘာလ ၁၅ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်အရ USAID Local Action Toward TB-Free Myanmar စီမံကိန်းသစ်ရဲ့ လုပ်ငန်းတွေကို၂၀၁၂ ခုနှစ် ကတည်းက USAID နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေတဲ့တီဘီတိုက်ဖျက်ရေး လုပ်ငန်းတွေအပေါ်မှာ အခြေပြုထားတာ ဖြစ်ပြီး အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ ပြည်ကြီးခင်အဖွဲ့က အကောင်အထည်သွားမှာ ဖြစ်ပါတယ်။

တီဘီရောဂါ ကူးစက်မှုကို တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရရှိနေရာမှာ ၂၀၁၀ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း ကူးစက်မှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း၊ ဒါပေမဲ့ တီဘီ ဆေးယဉ်ပါးမှု ပြဿနာက ပုံမှန် ပြဿနာလို ဖြစ်နေတာကြောင့် တီဘီ ရောဂါဟာ မြန်မာနိုင်ငံမှာ သေဆုံးမှုနှုန်း အများဆုံး ရောဂါ ၁၀ မျိုးထဲတွင် ပါဝင်နေသးကြောင်းလည်း အမေရိကန် သံရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

XS
SM
MD
LG