သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ျမန္မာ့စိုက္ပ်ဳိးေရးက႑ တန္ဖိုးျမင့္ထုတ္ကုန္အဆင့္ ျမွင့္တင္ဖို႔ USAID ကူညီမယ္


ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕စြန္က လယ္စိုက္ခင္းေတြမွာ လုပ္ကိုင္ေနၾကတဲ့ ေကာက္စိုက္သမမ်ား။ (ဇူလိုင္ ၁၃၊ ၂၀၁၂)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ တန္ဖိုးျမႇင့္တင္ႏိုင္တဲ့ ေမြးျမဴေရးနဲ႔ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြကို လက္ရွိေစ်းကြက္ေပၚမွာ တည္ေဆာက္ဖို႔နဲ႔ ဂ်င္း၊ ဆႏြင္းတို႔လို ႐ိုးရာထုတ္ကုန္ေတြကို က်န္းမာေရးအတြက္ အသုံးျပဳႏိုင္ဖို႔ ဆက္ၿပီး စူးစမ္းေလ့လာသင့္တဲ့အေၾကာင္း မၾကာေသးခင္ကလုပ္ခဲ့တဲ့ သုေတသနတခုမွာ ေတြ႔ရွိခဲ့ပါတယ္။

ႏုိင္ငံတကာဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ အေမရိကန္ေအဂ်င္စီ (USAID) ရဲ႕ Feed the Future ျမန္မာစိုက္ပ်ိဳးေရးစနစ္နဲ႔ အစားအစာစနစ္ ဖြံ႕ၿဖိဳးေရး စီမံကိန္းက ျမန္မာႏိုင္ငံက ေတာင္သူေတြနဲ႔ စိုက္ပ်ိဳးစီးပြါးေရးလုပ္ငန္းေတြအတြက္ လက္ေတြ႕ အသုံးခ်ႏိုင္တဲ့ အႀကံျပဳခ်က္ေတြကို သုေတသနျပဳ ေလ့လာၿပီးတဲ့ေနာက္ အဲဒီလိုအၾကံျပဳခ်က္ေတြကို ေတြ႔ရွိခဲ့တာပါ။

ေစ်းကြက္ေမွ်ာ္မွန္းခ်က္ကို ျဖည့္ဆည္းေပးႏိုင္တဲ့ ထုတ္ကုန္ အရည္အေသြးျမႇင့္တင္တဲ့ နည္းလမ္းေတြ၊ မ်ိဳးေစ့နဲ႔ အရည္အေသြး အာမခံခ်က္စနစ္ေတြကို တိုးျမႇင့္ေပးႏိုင္တဲ့ အခြင့္အလမ္းေတြ စတဲ့ က႑ေပါင္းစုံအတြက္ အႀကံျပဳခ်က္ေတြကိုလည္း ဒီအဖြဲ႕က ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီလို တန္ဖိုးျမႇင့္ထုတ္ကုန္ အဆင့္ျမႇင့္တင္ဖို႔အတြက္ ေထာက္ပံ့ေပးဖို႔ USAID က အဆင္သင့္ရွိေနတယ္လို႔လည္း USAID ရဲ႕ စီးပြါးေရး ဖြံ႕ၿဖိဳးမႈ႐ုံး ၫႊန္ၾကားေရးမွဴး Paul Pleva က ေျပာပါတယ္။ စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္တာက ရပ္႐ြာအသိုင္းအဝိုင္းၾကား ခိုင္မာတဲ့ ခ်ိတ္ဆက္မႈနဲ႔ လူမႈေရးအရ သဟဇာတက်ဖို႔ ျမႇင့္တင္ေပးရာေရာက္သလို ဆင္းရဲမြဲေတမႈကို လည္း ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သူကေျပာပါတယ္။

ေလ့လာသုံးသပ္သူေတြက စူပါမားကက္၊ ဟိုတယ္၊ စားေသာက္ဆိုင္၊ ကုန္စုံဆိုင္နဲ႔ တျခားစီးပြါးေရးေတြကို အေျခခံၿပီး ေမးျမန္းသုေတသနျပဳခဲ့တာပါ။ ဒီလို ျမန္မာႏိုင္ငံစိုက္ပ်ိဳးေရးထြက္ကုန္ ေတြအတြက္ ျပည္တြင္းေစ်းကြက္အခြင့္အလမ္းေတြနဲ႔ ဆိုင္တဲ့ သုေတသနေတြ႕ရွိခ်က္ေတြကို အြန္လိုင္းေဆြးေႏြးပြဲျပဳလုပ္တင္ျပခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲမွာ ေစ်းကြက္သစ္ ခ်ဲ႕ထြင္ႏိုင္မယ့္ နည္းလမ္းေတြနဲ႔ စားသုံးသူ လိုအပ္ခ်က္ျဖည့္ဆည္းႏိုင္မယ့္ နည္းလမ္းဆိုင္ရာ အခ်က္အလက္ေတြကို မွ်ေဝေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တန်ဖိုးမြင့်ထုတ်ကုန်အဆင့် မြှင့်တင်ဖို့ USAID ကူညီမယ်

မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့်တင်နိုင်တဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို လက်ရှိဈေးကွက်ပေါ်မှာ တည်ဆောက်ဖို့နဲ့ ဂျင်း၊ ဆနွင်းတို့လို ရိုးရာထုတ်ကုန်တွေကို ကျန်းမာရေးအတွက် အသုံးပြုနိုင်ဖို့ ဆက်ပြီး စူးစမ်းလေ့လာသင့်တဲ့အကြောင်း မကြာသေးခင်ကလုပ်ခဲ့တဲ့ သုတေသနတခုမှာ တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ရဲ့ Feed the Future မြန်မာစိုက်ပျိုးရေးစနစ်နဲ့ အစားအစာစနစ် ဖွံ့ဖြိုးရေး စီမံကိန်းက မြန်မာနိုင်ငံက တောင်သူတွေနဲ့ စိုက်ပျိုးစီးပွါးရေးလုပ်ငန်းတွေအတွက် လက်တွေ့ အသုံးချနိုင်တဲ့ အကြံပြုချက်တွေကို သုတေသနပြု လေ့လာပြီးတဲ့နောက် အဲဒီလိုအကြံပြုချက်တွေကို တွေ့ရှိခဲ့တာပါ။

ဈေးကွက်မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ထုတ်ကုန် အရည်အသွေးမြှင့်တင်တဲ့ နည်းလမ်းတွေ၊ မျိုးစေ့နဲ့ အရည်အသွေး အာမခံချက်စနစ်တွေကို တိုးမြှင့်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ စတဲ့ ကဏ္ဍပေါင်းစုံအတွက် အကြံပြုချက်တွေကိုလည်း ဒီအဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်မြှင့်တင်ဖို့အတွက် ထောက်ပံ့ပေးဖို့ USAID က အဆင်သင့်ရှိနေတယ်လို့လည်း USAID ရဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုရုံး ညွှန်ကြားရေးမှူး Paul Pleva က ပြောပါတယ်။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်တာက ရပ်ရွာအသိုင်းအဝိုင်းကြား ခိုင်မာတဲ့ ချိတ်ဆက်မှုနဲ့ လူမှုရေးအရ သဟဇာတကျဖို့ မြှင့်တင်ပေးရာရောက်သလို ဆင်းရဲမွဲတေမှုကို လည်း လျှော့ချပေးနိုင်တယ်လို့ သူကပြောပါတယ်။

လေ့လာသုံးသပ်သူတွေက စူပါမားကက်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ တခြားစီးပွါးရေးတွေကို အခြေခံပြီး မေးမြန်းသုတေသနပြုခဲ့တာပါ။ ဒီလို မြန်မာနိုင်ငံစိုက်ပျိုးရေးထွက်ကုန် တွေအတွက် ပြည်တွင်းဈေးကွက်အခွင့်အလမ်းတွေနဲ့ ဆိုင်တဲ့ သုတေသနတွေ့ရှိချက်တွေကို အွန်လိုင်းဆွေးနွေးပွဲပြုလုပ်တင်ပြခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဈေးကွက်သစ် ချဲ့ထွင်နိုင်မယ့် နည်းလမ်းတွေနဲ့ စားသုံးသူ လိုအပ်ချက်ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG