သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ကြေညာ


မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ဘန်ကောက်မြို့မှာကြေညာ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)
မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ဘန်ကောက်မြို့မှာကြေညာ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)

မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ပေးအပ်မဲ့ ပညာတော်သင်ဆု အစီအစဥ်ကို အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ဒီကနေ့မှာ မိတ်ဆက်ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ပညာတော်သင်ဆု မိတ်ဆက် အခမ်းအနားမှာ Diversity and Inclusion Scholarship မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်အရ မြန်မာနိုင်ငံက ကျောင်းသား ၁၀၀၀ ကျော်အနေနဲ့ ပညာတော်သင်ဆု လက်ခံရရှိမှာပါ။

အမေရိကန်သံရုံးအကြီးအကဲ Susan Stevenson က အသက် ၂၅ နှစ်အောက် လူငယ် ၄၅ ရာခိုင်နှုန်းရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လူငယ်မျိုးဆက်သစ်တရပ် ပျောက်ဆုံးတော့မဲ့ အခြေအနေ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ Diversity and Inclusion Scholarship အစီအစဥ်ကနေ တဆင့် အဲဒီလိုအခြေအနေမျိုး ဆိုက်ရောက်မသွားအောင် တားဆီးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီဆောင်ရွက်တာဖြစ်တယ် ဆိုပြီး အခမ်းအနားမှာ ပြောဆိုပါတယ်။

မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ဘန်ကောက်မြို့မှာကြေညာ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)
မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ဘန်ကောက်မြို့မှာကြေညာ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)

USAID အာရှရေးရာ လက်ထောက် အုပ်ချုပ်ရေးမှူး Michael Schiffer ကလည်း ဒီပညာတော်သင်ဆုဟာ ဒေသတွင်း အဆင့်မြင့်ပညာရေးကဏ္ဍနဲ့ပတ်သတ်လို့ မဟာဗျူဟာမြောက် ရင်းနှီးမြှပ်နှံမှု ဖြစ်ကြောင်းပြောဆိုပါတယ်။ ဒါ့အပြင် ပညာတော်သင်ဆုနဲ့ ပတ်သတ်ပြီး ပညာရေးနဲ့ ပတ်သတ်တဲ့ အမေရိကန်ရဲ့ သန္နိဋ္ဌာန်ချဆောင်ရွက်မှုကို ပြသလိုက်တာဖြစ်ပြီး မြန်မာနဲ့ ကမ္ဘာတလွှားမှာ ကောင်းမွန်တဲ့အကျိုးဆက်တွေ ပေါ်ပေါက်လာဖို့အတွက် ဖြစ်တယ်လို့လည်း Michel Schiffer က ပြောဆိုပါတယ်။

ပညာတော်သင်ဆု ရရှိသူတွေဟာ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်ရဲ့ အွန်လိုင်း စနစ်ကနေလည်း ပညာသင်ကြားခွင့်ရရှိမှာပါ။

မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု USAID ကြေညာ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG