သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲ စစ္ေကာင္စီ အဆင့္ျမင့္ကိုယ္စားလွယ္တက္ဖို႔ ဖိတ္မည္မဟုတ္ 


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးကို ျမန္မာ စစ္ေကာင္စီဘက္က ႏုိင္ငံေရးအရ ခန္႔ထားသူမဟုတ္တဲ့ တာဝန္ရွိသူတဦးတက္ေရာက္ဖုိ႔ ဖိတ္မယ္လို႔ အေမရိကန္္ ႏုိင္္ငံျခားေရးဌာန တာဝန္ရွိသူတဦးက ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

အေမရိကန္သမၼတ Joe Biden နဲ႔ အာဆီယံအဖြဲ႔ဝင္ ႏုိင္ငံအႀကီးအကဲေတြ တက္ေရာက္မယ့္ ဒီထိပ္သီးစည္းေဝးပြဲကို စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို ဖိတ္ၾကားမွာမဟုတ္ဘူးလုိ႔ အေမရိကန္ႏုိင္္ငံျခားေရးဌာနက နာမည္နဲ႔တကြ ထည့္ေျပာသြားတာမဟုတ္ေပမယ့္ အာဆီယံအဖြဲ႔မွာ အရင္သေဘာတူထားခ်က္အတိုင္း ဖိတ္ၾကားမွာျဖစ္တယ္လုိ႔ မေန႔က ေျပာတာပါ။

စစ္ေကာင္စီအေနနဲ႔ အာဆီယံ ဘံုသေဘာတူခ်က္ ၅ ခ်က္ကို အေကာင္အထည္မေဖာ္တာေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္ကုန္ထဲက အာဆီယံထိပ္သီးအစည္းအေဝးမွာ စစ္ေကာင္စီေခါင္းေဆာင္ကို တက္ေရာက္ခြင့္မေပးခဲ့သလို အဆင့္ျမင့္အစည္းအေဝးေတြမွာ စစ္ေကာင္စီခန္႔တဲ့ အဆင့္ျမင့္ကိုယ္စားလွယ္ကို တက္ေရာက္ခြင့္ ပိတ္ပင္လာခဲ့ၿပီး စစ္ေကာင္စီဘက္ကလည္း ဘယ္လုိ တာဝန္ရွိသူကိုမွ တက္ေရာက္ဖို႔မလႊတ္ဘဲ ျငင္းပယ္လာခဲ့ပါတယ္။

မတ္လ ၂၈ ရက္နဲ႔ ၂၉ ရက္ ႏွစ္ရက္ၾကာက်င္းပမယ့္ ဒီထိပ္သီးအစည္းအေဝးတက္ဖုိ႔ စစ္ေကာင္စီဘက္က ဘယ္လိုတာဝန္ရွိသူမ်ဳိး ကို ဖိတ္မွာလဲဆိုတဲ့ ႐ိုက္တာသတင္းဌာနရဲ႕ ေမးခြန္းကိုေတာ့ အေမရိကန္ႏိုင္ငံျခားေရး ေျပာခြင့္ရက ျပန္မေျဖခဲ့ပါဘူး။ အေမရိကန္အေနနဲ႔ ေဒသတြင္းမွာ တ႐ုတ္ၾသဇာႀကီးလာတာကို ျပန္ထိန္းညိႇႏိႈင္ဖို႔ အာရွေဒသတြင္း ထိေတြ႔ဆက္ဆံမူေတြကို တိုးလုပ္လာတာမွာ အခု အာဆီယံနဲ႔ ထိပ္သီးစည္းေဝးပြဲကလည္း အဓိက အေရးပါတဲ့ အစိတ္အပိုင္းတခုျဖစ္လာေနတယ္လို႔ ေလ့လာသူေတြက သံုးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲ စစ်ကောင်စီ အဆင့်မြင့်ကိုယ်စားလှယ်တက်ဖို့ ဖိတ်မည်မဟုတ်

အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာ စစ်ကောင်စီဘက်က နိုင်ငံရေးအရ ခန့်ထားသူမဟုတ်တဲ့ တာဝန်ရှိသူတဦးတက်ရောက်ဖို့ ဖိတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူတဦးက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအကြီးအကဲတွေ တက်ရောက်မယ့် ဒီထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက နာမည်နဲ့တကွ ထည့်ပြောသွားတာမဟုတ်ပေမယ့် အာဆီယံအဖွဲ့မှာ အရင်သဘောတူထားချက်အတိုင်း ဖိတ်ကြားမှာဖြစ်တယ်လို့ မနေ့က ပြောတာပါ။

စစ်ကောင်စီအနေနဲ့ အာဆီယံ ဘုံသဘောတူချက် ၅ ချက်ကို အကောင်အထည်မဖော်တာကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ထဲက အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးခဲ့သလို အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီခန့်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပိတ်ပင်လာခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဘယ်လို တာဝန်ရှိသူကိုမှ တက်ရောက်ဖို့မလွှတ်ဘဲ ငြင်းပယ်လာခဲ့ပါတယ်။

မတ်လ ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ရက်ကြာကျင်းပမယ့် ဒီထိပ်သီးအစည်းအဝေးတက်ဖို့ စစ်ကောင်စီဘက်က ဘယ်လိုတာဝန်ရှိသူမျိုး ကို ဖိတ်မှာလဲဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ မေးခွန်းကိုတော့ အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရက ပြန်မဖြေခဲ့ပါဘူး။ အမေရိကန်အနေနဲ့ ဒေသတွင်းမှာ တရုတ်သြဇာကြီးလာတာကို ပြန်ထိန်းညှိနှိုင်ဖို့ အာရှဒေသတွင်း ထိတွေ့ဆက်ဆံမူတွေကို တိုးလုပ်လာတာမှာ အခု အာဆီယံနဲ့ ထိပ်သီးစည်းဝေးပွဲကလည်း အဓိက အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

============

XS
SM
MD
LG