သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားအပေါ်ကန့်သတ်ချက်များ ကန်ဖြေလျှော့


၂၀၁၇ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ ရွှေ့ပြောင်း နေထိုင်သူ ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုအချို့ကို ပြန်လည်ထုတ်ပြန်ခဲ့လို့ ဟာဗန်နားမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ဗီဇာကိစ္စလာရောက်ကြသူများ။ (မေ ၃၊ ၂၀၂၂)
၂၀၁၇ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့တဲ့ ရွှေ့ပြောင်း နေထိုင်သူ ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုအချို့ကို ပြန်လည်ထုတ်ပြန်ခဲ့လို့ ဟာဗန်နားမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ဗီဇာကိစ္စလာရောက်ကြသူများ။ (မေ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

အမေရိကန်သမ္မတဟောင်း Donald Trump လက်ထက်က ကျူးဘားနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ သံတမန်ရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေကို သမ္မတ Joe Biden အစိုးရက ဖြေလျော့ပေးမှာဖြစ်ပါတယ်။

Cuba မှာနေထိုင်နေကြတဲ့ မိသားစုတွေအပေါ် ၃ လကို ဒေါ်လာ ၁ ထောင်သာ ငွေပေးပို့နိုင်တဲ့ ပမာဏကန့်သတ်ချက်ကို ဖယ်ရှားလိုက်သလို မိသားစုဝင်မဟုတ်ပေမယ့် စွန့်ဦးလုပ်ငန်းလုပ်ချင်သူတွေအတွက်ကိုလည်း ငွေပို့နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ကြေညာပါတယ်။ အမေရိကန်မှာရှိနေတဲ့ ကျူးဘားလူမျိုးတွေ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြဖို့အတွက်လည်း အခြေချနေထိုင်ခွင့်ဗီဇာကို ၁ နှစ်ကို ၂ သောင်းထုတ်ပေးသွားမယ့် အစီအစဉ်ကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။

ကျူးဘားနိုင်ငံမှာရှိနေတဲ့ အမေရိကန်သံတမန်ရုံးခွဲတွေမှာလည်း ပြည်ဝင်ခွင့် ဗီဇာ ပေးတဲ့ လုပ်ငန်းစဉ်တွေကို တိုးလုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ Havana မြို့တွေအပြင် တခြားမြို့တွေဆီကိုလည်း အမေရိကန် ကန် လေယာဉ်ခရီးတွေ ပြေးဆွဲသွားမှာဖြစ်ပါတယ်။

သမ္မတဟောင်း Obama လက်ထက်က ကျူးဘားနဲ့ သမိုင်းဝင် ဆက်ဆံရေးပြန်စခဲ့တာကို သမ္မတဟောင်း Trump လက်ထက်က ကန့်သတ်ချက်တွေ ပြန်လည်ချမှတ် ခဲ့ပါတယ်။ Obama လက်ထက်မှာ ဒုသမ္မတာဝန်ယူခဲ့တဲ့ လက်ရှိသမ္မတ Joe Biden က ကျူးဘားအပေါ် Obama အစိုးရလက်ထက် ချဉ်းကပ်မှုတွေ ပြန်လုပ်မယ်လို့ ရွေးကောက်ပွဲ မဲဆွယ်ကတိပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ကျူးဘားမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီးနောက်မှာတော့ ကျူဘားအစိုးရတာဝန်ရှိသူတွေအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို Biden အစိုးရက ချမှတ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ကျူးဘားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း အခုထိ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ကျူးဘားအပေါ်ကန့်သတ်ချက်များ ကန်ဖြေလျှော့
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






===============

XS
SM
MD
LG