သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ဴးဘားအေပၚ ကန္ဒဏ္ခတ္မႈ ရုပ္သိမ္းဖို႔ ကုလေထာက္ခံ


ကုလသမဂၢရံုးအျပင္ဘက္

(Zawgyi/Unicode)

က်ဴးဘားႏိုင္ငံအေပၚ အေမရိကန္ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြဟာ က်ဴးဘားရဲ႕ စီးပြားေရးနဲ႔ လူူမႈ ဖြံ႔ၿဖိဳးတိုးတက္မႈေတြ အတြက္ အဓိကအတားအဆီးျဖစ္တယ္လုိ႔ဆိုၿပီး ျပန္႐ုပ္သိမ္းေပးဖို႔ ကုလသမဂၢ အဖြဲ႔ဝင္ႏုိ္င္ငံအားလံုးက ၾကာသပေတးေန႔မွာ တညီတၫြတ္ထဲ ေထာက္ခံလိုက္ၾကပါတယ္။

က်ဴးဘားအေပၚ အေမရိကန္က စီးပြားေရး၊ ကူးသန္းေရာင္းဝယ္ေရးနဲ႔ ဘ႑ာေရးဆိုင္ရာ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထား တာ ႏွစ္ေပါင္း ၆၀ နီးပါးရွိပါၿပီ။

ဒဏ္ခတ္အေရးယူမႈ ႐ုပ္သိမ္းေရးအတြက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ေထာက္ခံမဲ ၁၈၇ မဲ၊ ကန္႔ကြက္မဲ ၃ မဲနဲ႔ ဆံုးျဖတ္ တာျဖစ္ပါတယ္။ သမၼတထရမ့္ပ္ကို ေထာက္ခံတဲ့ အစြန္းေရာက္ ကြန္ဆာေဗးတစ္ဝါဒီ သမၼတ အာဏာရေနတဲ့ ဘရာဇီးလ္ႏုိင္ငံက ဒီအဆိုကို ပထမဆံုးအႀကိမ္အျဖစ္ ကန္႔ကြက္မဲ ေပးပါတယ္။ တျခားကန္႔ကြက္တဲ့ ႏို္င္ငံႏွစ္ခုက အေမရိကန္နဲ႔ အစၥေရးလ္ပါ။

သမၼတထရမ့္ပ္ကို တရားစြဲဆိုေရး စံုစမ္းစစ္ေဆးမႈမွာ အဓိကပတ္သက္ေနတဲ့ ယူကရိန္းႏုိင္ငံက ဒုတိယအႀကိမ္ မဲမေပးဘဲေနခဲ့ သလို Colombia ကလည္း မဲမေပးပါဘူး။

စစ္ေအးကာလအတြင္း ၁၉၆၂ ခုႏွစ္မွာ အေမရိကန္တႏုိင္ငံထဲက က်ဴးဘားအေပၚခ်မွတ္ခဲ့တဲ့ ဒဏ္ခတ္အေရးယူမႈေတြကို ႐ုပ္သိမ္းေပးဖို႔ ၿပီးခဲ့တဲ့ ၂၈ ႏွစ္လံုးလံုး ကုလသမဂၢအေထြေထြညီလာခံမွာ ဆံုးျဖတ္ခဲ့ၾကတာပါ။ ဒီလို႐ုပ္သိမ္းဖို႔အတြက္ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာပဲ လုပ္ပိုင္ခြင့္ရွိတာေၾကာင့္ ဆံုးျဖတ္ခ်က္ခ်တာဟာ ျပယုဂ္သက္သက္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီကိစၥမွာ အေမရိကန္ဟာ တကမာၻလံုးနီးပါးနဲ႔ကြဲျပားၿပီး တႏုိင္ငံထဲလို ျဖစ္ေနတယ္ဆိုတာကို ထင္ရွားေစပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ကျူးဘားအပေါ် ကန်ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ ကုလထောက်ခံ

(Unicode)

ကျူးဘားနိုင်ငံအပေါ် အမေရိကန်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ကျူးဘားရဲ့ စီးပွားရေးနဲ့ လူူမှု ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် အဓိကအတားအဆီးဖြစ်တယ်လို့ဆိုပြီး ပြန်ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ကြာသပတေးနေ့မှာ တညီတညွတ်ထဲ ထောက်ခံလိုက်ကြပါတယ်။

ကျူးဘားအပေါ် အမေရိကန်က စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထား တာ နှစ်ပေါင်း ၆၀ နီးပါးရှိပါပြီ။

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၈၇ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ဆုံးဖြတ် တာဖြစ်ပါတယ်။ သမ္မတထရမ့်ပ်ကို ထောက်ခံတဲ့ အစွန်းရောက် ကွန်ဆာဗေးတစ်ဝါဒီ သမ္မတ အာဏာရနေတဲ့ ဘရာဇီးလ်နိုင်ငံက ဒီအဆိုကို ပထမဆုံးအကြိမ်အဖြစ် ကန့်ကွက်မဲ ပေးပါတယ်။ တခြားကန့်ကွက်တဲ့ နိုင်ငံနှစ်ခုက အမေရိကန်နဲ့ အစ္စရေးလ်ပါ။

သမ္မတထရမ့်ပ်ကို တရားစွဲဆိုရေး စုံစမ်းစစ်ဆေးမှုမှာ အဓိကပတ်သက်နေတဲ့ ယူကရိန်းနိုင်ငံက ဒုတိယအကြိမ် မဲမပေးဘဲနေခဲ့ သလို Colombia ကလည်း မဲမပေးပါဘူး။

စစ်အေးကာလအတွင်း ၁၉၆၂ ခုနှစ်မှာ အမေရိကန်တနိုင်ငံထဲက ကျူးဘားအပေါ်ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ၂၈ နှစ်လုံးလုံး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီလိုရုပ်သိမ်းဖို့အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်မှာပဲ လုပ်ပိုင်ခွင့်ရှိတာကြောင့် ဆုံးဖြတ်ချက်ချတာဟာ ပြယုဂ်သက်သက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ အမေရိကန်ဟာ တကမ္ဘာလုံးနီးပါးနဲ့ကွဲပြားပြီး တနိုင်ငံထဲလို ဖြစ်နေတယ်ဆိုတာကို ထင်ရှားစေပါတယ်။

XS
SM
MD
LG