သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္ေခါင္းေဆာင္ NUG ဝန္ႀကီးနဲ႔ေတြ႕ဆုံ


အမ်ဳိးသားညီညြတ္ေရးအစိုးရ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ အထက္လႊတ္ေတာ္ ရီပတ္ဘလီကင္ေခါင္းေဆာင္ McConnell (Photo: McConnell's Twitter)

[[Zawgyi/Unicode]]

အထက္လႊတ္ေတာ္ ရီပါဘလီကန္အမတ္မ်ားရဲ႕ေခါင္းေဆာင္ Mitch McConnell က အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို မေန႔က လႊတ္ေတာ္မွာ ေတြ႕ဆုံပါတယ္။ ခုလို လက္ခံေတြ႕ဆုံရတဲ့အတြက္ မစၥတာ Mitch McConnell က ဝမ္းသာပါေၾကာင္း တြစ္တာ မွာ ေျပာပါတယ္။

အဲဒီလို ေတြ႕ဆုံရာမွာ စစ္ေကာင္စီကို ဆန႔္က်င္ေနၾကတဲ့ ျမန္မာ့ဒီမိုကေရစီလႈပ္ရွားမႈအေၾကာင္းကို ေဆြးေႏြးခဲ့ၾကတယ္လို႔ Mitch McConnell က သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးထားတာပါ။ အေမရိကန္နဲ႔ ကမာၻတဝွမ္းက လြတ္လပ္ခြင့္မိတ္ေဆြမ်ားရဲ႕ စဥ္ဆက္မျပတ္ ေထာက္ခံမႈရဲ႕ အေရးပါပုံကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ Mitch McConnell က ေျပာထားပါတယ္။

စစ္ေကာင္စီက ဆက္လက္ လုပ္ေဆာင္ေနတဲ့ အၾကမ္းဖက္ စစ္ဆင္ေရးေတြကို မစၥတာ မစ္ခ်္ မက္ေကာနယ္နဲ႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ အင္န္ယူဂ်ီ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကလည္း သူမရဲ႕ တြစ္တာ စာမ်က္ႏွာမွာ ေရးထားတာကို ေတြ႕ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


ရီပတ်ဘလီကန် အထက်လွှတ်တော်ခေါင်းဆောင် NUG ဝန်ကြီးနဲ့တွေ့ဆုံ

အထက်လွှတ်တော် ရီပါဘလီကန်အမတ်များရဲ့ခေါင်းဆောင် Mitch McConnell က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို မနေ့က လွှတ်တော်မှာ တွေ့ဆုံပါတယ်။ ခုလို လက်ခံတွေ့ဆုံရတဲ့အတွက် မစ္စတာ Mitch McConnell က ဝမ်းသာပါကြောင်း တွစ်တာ မှာ ပြောပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ Mitch McConnell က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးထားတာပါ။ အမေရိကန်နဲ့ ကမ္ဘာတဝှမ်းက လွတ်လပ်ခွင့်မိတ်ဆွေများရဲ့ စဉ်ဆက်မပြတ် ထောက်ခံမှုရဲ့ အရေးပါပုံကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ Mitch McConnell က ပြောထားပါတယ်။

စစ်ကောင်စီက ဆက်လက် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေကို မစ္စတာ မစ်ချ် မက်ကောနယ်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ အင်န်ယူဂျီ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သူမရဲ့ တွစ်တာ စာမျက်နှာမှာ ရေးထားတာကို တွေ့ရပါတယ်။

================

XS
SM
MD
LG