သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံဘက်ဆီဖြည့်ဖို့သွားတဲ့ ကားတွေကြောင့် မြဝတီနယ်စပ် ယာဉ်ကြောပိတ်ဆို့


ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ပေါ်ကနေ ထိုင်းနိုင်ငံဘက်ဝင်လာနေတဲ့ ကားတန်း။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ပေါ်ကနေ ထိုင်းနိုင်ငံဘက်ဝင်လာနေတဲ့ ကားတန်း။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၅)

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှိမ်နင်းရေး ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဘက်ကို ဓါတ်ဆီနဲ့ဒီဇယ်တွေ ဖြတ်ထားတဲ့ အတွက် မြဝတီမြို့က ကားတော်တော်များများ နေ့စဉ် ထိုင်းနိုင်ငံဘက်ကိုလာပြီး ဆီဖြည့်နေရပါတယ်။ အဲဒီ အကျိုးဆက်အဖြစ် ယာဉ်ကြောပိတ်ဆို့နေရကြောင်း The Nation သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ (၅) ရက်ကစပြီး ကျားဖြန့်နှိမ်နင်းရေး ဖိအားပေးတဲ့အနေနဲ့ ဖြတ်သုံးဖြတ်လို့ခေါ်တဲ့ လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီတင်ပို့တာတွေ ထိုင်းဘက်က ပိတ်ပင်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ငါးနေရာကို ပိတ်ပင်လိုက်ပြီး မြဝတီမြို့ကဓါတ်ဆီဆိုင်ဟာ တနေ့တနာရီပဲ ဖွင့်နိုင်ခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအထွက် လမ်းမပေါ်မှာ မြန်မာနိုင်ငံဘက်က ဆီလာဖြည့်တဲ့ ကားတွေနဲ့ ပြည့်ကျပ်နေပြီး မြဝတီမှာ ဓါတ်ဆီတလီတာကို ဘတ် (၇၀) အထိ ဈေးတက်သွားသလို ဒီဇယ်ဈေးလည်း တလီတာကို (၇၁) ဘတ်အထိ ရောက်သွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ၊ လျှပ်စစ်နဲ့ အင်တာနက် ဖြတ်တောက်ထားတာဟာ ကျားဖြန့်နှိမ်နင်းရေးမှာထိရောက်တဲ့အတွက် ဆက်ပြီး တိုးချဲ့လုပ်ဖို့ စဉ်းစားနေတယ်ဆိုပြီး ထိုင်းတာဝန်ရှိသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG