သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela အရေး ဆုပေး ဒဏ်ပေးစနစ်သုံးဖို့ ကန်ကြိုးပမ်း


ဗင်နီဇွဲလား နိုင်ငံရဲ့ ထောက်လှန်းရေးဌာဟောင်း အပေါ် ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်း လိုက်ပေမယ့် နိုင်ငံရဲ့ ပြည်နယ် ၂၅ ခုက အထူးတရားရုံးတွေအတွက် ပစ်ဒဏ်ခတ်ဖို့နဲ့ သမ္မတ Nicolas Maduro ဖြုတ်ချရေးအတွက် နည်းလမ်းအားလုံးကို ရွေးချယ်စရာ အဖြစ် ဆက်ပြီး ထားရှိကြောင်း အမေရိကန် ဒုသမ္မတ Mike Pence က သတိပေးရင်း ဗင်နီဇွဲလား အပေါ် ဆုပေး ဒဏ်ပေး စနစ်ကျင့်သုံးဖို့ ရည်ရွယ်တဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ အမေရိကန်နိုင်ငံခြားရေးဌာန မှာကျင်းပတဲ့ အမေရိကတိုက်နိုင်ငံများ နှစ်ပတ်လည် ညီလာခံမှာ ဒုသမ္မတ Pence က ခုလို ပြောကြားလိုက်တာပါ။ စစ်ရေးအရပါ အရေးယူနိုင်ခြေရှိကြောင်း ဒုသမ္မတရဲ့ ပြောကြားချက်အတွက် ညီလာခံ တက်ရောက်လာသူတွေက တိတ်တဆိတ် နေပြီး တုန့်ပြန်ခဲ့ကြတာပါ။

ဒုသမ္မတက ဗင်နီဇွဲလား ပြည်သူတွေ လွတ်လပ်ရေး ပြန်ရချိန်အထိ အမေရိကန်ပြည်ထောင်စုက တသားထဲ ရပ်တည်မှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ဇွန်လထဲမှာ စစ်ဆေးရုံသဘောၤကြီး USNS Comfort ကို ဗင်နီဇွဲလား ဒေသကို ၅ လကြာ စေလွှတ်ပြီး ဗင်နီဇွဲလား ဒုက္ခသည်တွေနဲ့ ပြည်သူတွေအတွက် ဆေးဝါးကုသရေးဆိုင်ရာ အကူညီပေးမှာ ဖြစ်ကြောင်းလည်း ဒုသမ္မတ Pence က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားရဲ့ SEBIN ထောက်လှန်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး Manuel Figuera အပေါ် အရေးယူဒဏ်ခတ် ထားမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပယ်ဖျက်ပေးခဲ့ပါတယ်။ သမ္မတ Maduro ကို ထောက်ခံမှု အားနဲသွားစေဖို့ ရည်ရွယ်ပြီး စီးပွါ့းရေးဆိုင်ရာ နဲ့ အစိုးရအမှုထမ်း ၁၅၀ လောက် ကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်ထားတာ ဖြစ်ပြီး အဲဒီထဲမှာ ဒီထောက်လှန်းရေးအကြီးအကဲလည်း ပါဝင်ပါတယ်။

Venezuela အရေး ဆုပေး ဒဏ်ပေးစနစ်သုံးဖို့ ကန်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG