သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Venezuela အရေး ဆွေးနွေးရမယ့်အချိန် လွန်ခဲ့ပြီလား


ဗင်နီဇွဲလား သမ္မတ Nicolas Maduro ကို သူနုတ်ထွက်ရေးဆိုင်ရာ ညှိနှိုင်းရုံမှတပါး တခြားဆွေးနွေးမှုတွေ လုပ်ရမယ့် အချိန်က သိပ်လွန်ခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် Eliot Abrams က ပြောကြားလိုက်ပါတယ်။

Maduro မှာ ရုရှားနဲ့ ကျူးဘားက မိတ်ဆွေတွေ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနမှာ အထူးသံတမန် Abrams က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့ တခြားနိုင်ငံ အများအပြားလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေ လဲဆိုတာကိုတော့ နံမယ် ထုတ်မပြောပါဘူး။

ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ လုပ်ရမယ့် ဖွဲ့စည်းပုံ ညီလာခံ (တိုင်းပြုပြည်ပြုလွှတ်တော်) အဖွဲ့ဝင် တချို့ရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို အမေရိကန်ပြည်ထောင်စုက ပြန်ရုတ်သိမ်းကြောင်းလည်း ကြေညာခဲ့ပါတယ်။

၂၀၁၇ တုန်းက သမ္မတ Maduro ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲဟာ သူတင်ချင်တဲ့ အမတ်ကို တင်လို့ရအောင် ဖန်တီးထားတာ ဖြစ်ကြောင်း အတိုက်အခံတွေနဲ့ ဗင်နီဇွဲလားနိုင်ငံသား အများအပြားက ပြောပါတယ်။

တချိန်ထဲမှာပဲ သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido ရဲ့ ပန်ကြားချက်အရ အမေရိကန်က စားနပ်ရိက္ခာတွေ၊ ဆေးပစ္စည်းတွေနဲ့ တခြားလူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေ ဗင်နီဇွဲလားနိုင်ငံထဲ ပေးပို့ဖို့ လုပ်နေပြီဖြစ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒါ့အပြင် အထောက်အကူ ပစ္စည်းတွေ ပေးပို့တာကို ခွင့်ပြုဖို့လည်း ဗင်နီဇွဲလား လုံခြုံရေး တပ်တွေကို တောင်းဆိုခဲ့ပါတယ်။

သမ္မတ Maduro က ကိုလံဘီယာနဲ့ ဗင်နီဇွဲလား ကိုဖြတ်တဲ့ တံတားမှာ အထောက်အကူပစ္စည်းတွေ ဝင်လာလို့ မရအောင် တားဆီးဖို့ စစ်တပ်ကို အမိန့်ပေးထား သလို ကြီးမားတဲ့ တင့်ကားတစင်းနဲ့ ကုန်ပစ္စည်း တင်ပို့တဲ့ ကွန်တိန်နာကြီး ၂ ခုကို တံတားအလယ်မှာ ချထားပြီး ပစ္စည်းတွေ ပို့လို့မရအောင် တားဆီးထားပါတယ်။

သမ္မတ Donald Trump ကတော့ ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်မှုဟာ ရွေးချယ်စရာ တခု အဖြစ် ပြောကြားထားတာပါ။

Venezuela အရေး ဆွေးနွေးရမယ့်အချိန် လွန်ခဲ့ပြီလား
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG