သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Maduro ဒေါ်လာ ၁.၂ ဘီလျံ လွှဲပြောင်းဖို့ကြိုးပမ်း အတိုက်အခံခေါင်ဆောင်စွပ်စွဲ


ဗင်နီဇွဲလားသမ္မတ Nicolas Maduro နှင့် ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ Juan Guaido
ဗင်နီဇွဲလားသမ္မတ Nicolas Maduro နှင့် ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ Juan Guaido

ဗင်နီဇွဲလားသမ္မတ Nicolas Maduro ဟာ Uruguay မှာရှိတဲ့ ဘဏ်ထဲကို အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ လွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ Juan Guaido က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဥရောပနိုင်ငံ တဒါဇင်ကျော်က သူ့ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တရားဝင် အသိမှတ်ပြုခဲ့ပြီးတဲ့ နောက် နိုင်ငံကို ရုပ်သံမိန့်ခွန်း ပြောကြားရာမှာ Guaido က Maduro ဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးဘဏ် Bandes က ငွေတွေကို Uruguay က ဘဏ်တခုကို လွဲပြောင်းပေး နေတယ်လို့ အထောက်အထား တစုံတရာ မပြပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Guaido ကို သမ္မတအဖြစ် သတ်မှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက အခုလို Austria ပြင်သစ်၊ ဂျာမဏီ၊ ဆွီဒင်၊ ဗြိတိန် အပါအဝင် ဥရောပနိုင်ငံတွေရဲ့ တနင်္လာနေ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။

Juan Guaido ကို ဗင်နီဇွဲလားရဲ့ ယာယီသမ္မတအဖြစ် အသိမှတ်ပြုကြောင်း ဥရောပပါလီမန်ရဲ့ ဇန်နဝါရီ ၃၁ ရက် ဆုံးဖြတ်ချက်အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ ဥရောပနိုင်ငံတွေဟာ အမေရိကန်နဲ့ တခြား နိုင်ငံပေါင်း ၂၃ နိုင်ငံ ကျော်နဲ့အတူ ဗင်နီဇွဲလားနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ Juan Guaido ကို ယာယီသမ္မတ အဖြစ် အသိအမှတ်ပြ့ုခဲ့တာ ဖြစ်ကြောင်း ဝန်ကြီး Pompeo က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

Maduto ကို လွတ်လပ်မျှတတဲ့ ရွေးကောက့်ပွဲကျင်းပပေးဖို့ ဒါမှမဟုတ် Guaido ကို ယာယီသမ္မတအဖြစ် လက်ခံဖို့ နိုင်ငံအများအပြားက ပြောကြားခဲ့ပြီးနောက်မှာ အခုလို ကြေညချက်ထွက်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG