သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားရွေးကောက်ပွဲ အသစ်ကျင်းပဖို့ တောင်းဆိုမှု Maduro ပယ်ချ


သမ္မတ Nicolas Maduro
သမ္မတ Nicolas Maduro

ဗင်နီဇွဲလား နိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပရေး နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို သမ္မတ Nicolas Maduro က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အတိုက်အခံ ခေါင်းဆောင်က သူ့ကိုယ်သူ ကြားဖြတ် သမ္မတ အဖြစ် ကြေညာပြီးနောက် ဗင်နီဇွဲလား နိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခက ပိုပြီး ကြီးမားလာနေပါတယ်။ ၈ ရက်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့၊ ဒါမှမဟုတ်ရင် အသက် ၃၅ နှစ် အရွယ် အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို သမ္မတ အဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့ ဥရောပ နိုင်ငံတချို့ရဲ့ ရာဇသံကို လက်မခံဘူးလို့ သမ္မတ မာဒူရိုက ပြောဆိုခဲ့တဲ့ CNN တူရကီ ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းကို တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တာပါ။

စပိန်ဘာသာကနေ တူရကီ ဘာသာပြန် ထုတ်လွှင့်တဲ့ အထဲမှာတော့ ဗင်နီဇွဲလား သမ္မတ Maduro က ရာဇသံကို ပြန်ပြီး ရုပ်သိမ်းသင့်ကြောင်း၊ ဗင်နီဇွဲလားကို ဘယ်သူမှ ရာဇသံ ပေးလို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလား သမ္မတ ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် မေလ ၂၀ ရက်နေ့က ကျင်းပခဲ့တာပါ။ ရွေးကောက်ပွဲက လွတ်လပ် မျှတမှု မရှိဘူးဆိုပြီး မဲဆန္ဒရှင် အများအပြားက သပိတ်မှောက်ခဲ့ကြပါတယ်။

အတိုက်အခံ အဖွဲ့ဝင် တချို့လည်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ အမေရိကန် သံတမန်တွေ အတိုက်အခံ ခေါင်းဆောင် Guiado တို့ကို ခြိမ်းခြောက်သူတွေ အနေနဲ့ တုံ့ပြန်မှု ကြီးကြီးမားမား ရှိလာမယ်လို့လည်း အမေရိကန် က တနင်္ဂနွေနေ့မှာ သတိပေးထားပါတယ်။

ဗင်နီဇွဲလားရွေးကောက်ပွဲ အသစ်ကျင်းပဖို့ တောင်းဆိုမှု Maduro ပယ်ချ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG