သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗီယက္နမ္ သမၼတသစ္ လႊတ္ေတာ္အတည္ျပဳ 


ဗီယက္နမ္ အာဏာရ ကြန္ျမဴနစ္ပါတီ ေပၚလစ္ျဗဴ႐ိုအဖြဲ႕ဝင္ အသက္ ၅၂ႏွစ္အရြယ္ Vo Van Thuong သမၼတသစ္အျဖစ္ လႊတ္ေတာ္မွာ က်မ္းသစၥာႀကိမ္ဆို (မတ္လ ၂၊ ၂၀၂၃)

ဗီယက္နမ္ႏိုင္ငံမွာ အာဏာရ ကြန္ျမဴနစ္ပါတီ ေပၚလစ္ျဗဴ႐ိုအဖြဲ႕ဝင္ Vo Van Thuong ကို သမၼတသစ္အျဖစ္ လႊတ္ေတာ္က ဒီကေန႔ အတည္ျပဳလိုက္ပါတယ္။ အသက္ ၅၂ ႏွစ္ ရွိၿပီျဖစ္တဲ့ Vo Van Thuong ကို သမၼတအျဖစ္ ကြန္ျမဴနစ္ပါတီက ဗုဒၶဟူးေန႔က အဆိုတင္သြင္းၿပီးတဲ့ေနာက္ ဒီေန႔က်င္းပတဲ့ လႊတ္ေတာ္အထူးအစည္းအေဝးအတြင္းမွာ လႊတ္ေတာ္အမတ္ေတြ အတည္ျပဳလိုက္တာပါ။ အရင္သမၼတ Nguyen Xuan Phuc ကို ဇန္နဝါရီလတုန္းက ရာထူးကေန ႐ုတ္တရက္ ထုတ္ပယ္လိုက္ၿပီး၊ ႏိုင္ငံတဝန္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး လုပ္ေဆာင္ေနတဲ့ အခ်ိန္အတြင္းမွာပဲ သမၼတသစ္ Vo Van Thuong ကို အခုလို ေ႐ြးေကာက္ တင္ေျမာက္လိုက္တာ ျဖစ္ပါတယ္။

သမၼတသစ္ကေတာ့ သူ႔အေနနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ျပတ္ျပတ္သားသား ဆက္လက္ ကိုင္တြယ္ေဆာင္႐ြက္သြားမယ္လို႔ လႊတ္ေတာ္ကို ပထမဆုံး ေျပာၾကားတဲ့ မိန႔္ခြန္းအတြင္း ေျပာပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ဗီယက္နမ္ႏိုင္ငံ၊ ဗီယက္နမ္ျပည္သူေတြ နဲ႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အျပည့္အဝသစၥာရွိသြားမွာ ျဖစ္ၿပီး၊ ပါတီနဲ႔ ျပည္သူလူထုက ေပးအပ္လိုက္တဲ့ တာဝန္ေတြကို ထမ္းေဆာင္ႏိုင္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ဗီယမ္နမ္ႏိုင္ငံပိုင္ ႐ုပ္သံကေန ထုတ္လႊင့္ခဲ့တဲ့ မိန႔္ခြန္းမွာ ေျပာပါတယ္။ သမၼတသစ္ Vo Van Thuong ဟာ ကြန္ျမဴနစ္ပါတီ ေပၚလစ္ျဗဴ႐ိုထဲမွာ အသက္အငယ္ဆုံးျဖစ္ၿပီး၊ ပါတီအေထြေထြအတြင္းေရးမႉး Nguyen Phu Trong နဲ႔ နီးစပ္သူျဖစ္ပါတယ္။

ဗီယက္နမ္ သမၼတသစ္ လႊတ္ေတာ္အတည္ျပဳ
please wait

No media source currently available

0:00 0:00:53 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ဗီယက်နမ် သမ္မတသစ် လွှတ်တော်အတည်ပြု

ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Vo Van Thuong ကို သမ္မတသစ်အဖြစ် လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ Vo Van Thuong ကို သမ္မတအဖြစ် ကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့က အဆိုတင်သွင်းပြီးတဲ့နောက် ဒီနေ့ကျင်းပတဲ့ လွှတ်တော်အထူးအစည်းအဝေးအတွင်းမှာ လွှတ်တော်အမတ်တွေ အတည်ပြုလိုက်တာပါ။ အရင်သမ္မတ Nguyen Xuan Phuc ကို ဇန်နဝါရီလတုန်းက ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပြီး၊ နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အချိန်အတွင်းမှာပဲ သမ္မတသစ် Vo Van Thuong ကို အခုလို ရွေးကောက် တင်မြောက်လိုက်တာ ဖြစ်ပါတယ်။

သမ္မတသစ်ကတော့ သူ့အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆက်လက် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်ကို ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။ ကျွန်တော့်အနေနဲ့ ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ်ပြည်သူတွေ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြည့်အဝသစ္စာရှိသွားမှာ ဖြစ်ပြီး၊ ပါတီနဲ့ ပြည်သူလူထုက ပေးအပ်လိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဗီယမ်နမ်နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ ပြောပါတယ်။ သမ္မတသစ် Vo Van Thuong ဟာ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး၊ ပါတီအထွေထွေအတွင်းရေးမှူး Nguyen Phu Trong နဲ့ နီးစပ်သူဖြစ်ပါတယ်။

XS
SM
MD
LG