သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရာက္ ဗီယက္နမ္ႏုိင္ငံသား ၂၄၀ ခန္႔ကုိ ကယ္ဆယ္ေရးေလယာဥ္နဲ႔ျပန္ေခၚ


ကယ္ဆယ္ေရးေလယာဥ္နဲ႔ ဗီယက္နမ္ကို ျပန္ေရာက္လာသူမ်ား (ဇူလိုင္ ၂၉ ၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံကိုေရာက္ေနတဲ့ ဗီယက္နမ္ႏိုင္ငံသား ၂၄၀ နီးပါးကို ဗီယက္နမ္ႏိုင္ငံျပန္ဖို႔ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေခၚေဆာင္ခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ ကိုယ္ဝန္သည္ေတြ၊ အသက္အရြယ္ႀကီးရင့္သူေတြနဲ႔ ေရာဂါအခံရွိသူေတြပါဝင္တဲ့ ဒီ ခရီးသည္ေတြဟာ ဟိုခ်ီမင္းၿမိဳ႕ႀကီးက ေလဆိပ္ကို မေန႔ၾကာသပေတးက ေရာက္ရွိခဲ့ပါတယ္။

ျမန္မာႏိုင္ငံရွိ ဗီယက္နမ္သံရံုး အမူူထမ္းေတြ အေနနဲ႔ ဒီခရီးသည္ေတြအားလံုး ေလယာဥ္ေပၚမတက္ခင္ လိုအပ္တဲ့ စစ္ေဆးမူလုပ္ငန္းစဥ္အာလံုး ေခ်ာေမြ႔ႏိုင္ေအာင္ သြားကူေပးခဲ့ၾကပါတယ္။

ဗီယက္နမ္ေလေၾကာင္းလိုင္း အေနနဲ႔လည္း ေလယာဥ္ေပၚမွာ ခရီးသည္ေတြရဲ့ က်န္းမာေရးအတြက္နဲ႔ ကိုဗစ္-၁၉ ကူးစက္မူကာကြယ္ေရးအတြက္ တင္းၾကပ္တဲ့ လံုၿခံဳေရး၊ ေဘးအႏၱရာယ္ကင္းေရးနဲ႔ တကိုယ္ရည္သန္႔ရွင္းေရး အစီအမံေတြ ခ်မွတ္ခဲ့ပါတယ္။

ဟိုခ်ီမင္းၿမိဳ႕ Tan Son Nhat ေလယာဥ္ကြင္းအေရာက္မွာေတာ့ ခရီးသည္အားလံုးနဲ႔ ေလယာဥ္အမူထမ္းအားလံုးကို က်န္းမာေရးစစ္ေဆးတာေတြနဲ႔ အစိုးရသတ္မွတ္ေပးတဲ့ အေဆာက္အအံု Quarantine အသြားအလာကန္႔သတ္တာကို လုပ္ေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ကယ္ဆယ္ေရးေလယာဥ္ (၃) စီးနဲ႔လည္း၊ အေမရိကန္၊ အေရွ႕အလယ္ပိုင္းေဒသနဲ႔ ကေနဒါေရာက္ ဗီယက္နမ္လူမ်ိဳးေတြကို ၾကာသပေတးေန႔မွာပဲ ျပန္ေခၚဖို႔ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာရောက် ဗီယက်နမ်နိုင်ငံသား ၂၄၀ ခန့်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ပြန်ခေါ်
(Unicode)

မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသား ၂၄၀ နီးပါးကို ဗီယက်နမ်နိုင်ငံပြန်ဖို့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်သည်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေပါဝင်တဲ့ ဒီ ခရီးသည်တွေဟာ ဟိုချီမင်းမြို့ကြီးက လေဆိပ်ကို မနေ့ကြာသပတေးက ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံး အမူူထမ်းတွေ အနေနဲ့ ဒီခရီးသည်တွေအားလုံး လေယာဉ်ပေါ်မတက်ခင် လိုအပ်တဲ့ စစ်ဆေးမူလုပ်ငန်းစဉ်အာလုံး ချောမွေ့နိုင်အောင် သွားကူပေးခဲ့ကြပါတယ်။

ဗီယက်နမ်လေကြောင်းလိုင်း အနေနဲ့လည်း လေယာဉ်ပေါ်မှာ ခရီးသည်တွေရဲ့ ကျန်းမာရေးအတွက်နဲ့ ကိုဗစ်-၁၉ ကူးစက်မူကာကွယ်ရေးအတွက် တင်းကြပ်တဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေး အစီအမံတွေ ချမှတ်ခဲ့ပါတယ်။

ဟိုချီမင်းမြို့ Tan Son Nhat လေယာဉ်ကွင်းအရောက်မှာတော့ ခရီးသည်အားလုံးနဲ့ လေယာဉ်အမူထမ်းအားလုံးကို ကျန်းမာရေးစစ်ဆေးတာတွေနဲ့ အစိုးရသတ်မှတ်ပေးတဲ့ အဆောက်အအုံ Quarantine အသွားအလာကန့်သတ်တာကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ကယ်ဆယ်ရေးလေယာဉ် (၃) စီးနဲ့လည်း၊ အမေရိကန်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ကနေဒါရောက် ဗီယက်နမ်လူမျိုးတွေကို ကြာသပတေးနေ့မှာပဲ ပြန်ခေါ်ဖို့ရှိခဲ့ပါတယ်။

XS
SM
MD
LG