သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဝူဟန်က မြန်မာကျောင်းသားတွေ ပြန်လာပြီ


ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခံနေသည့် ခရီးသည်များ။ (ဝူဟန်၊ Tianhe နိုင်ငံတကာလေဆိပ်) (ဇန်နဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က မြန်မာကျောင်းသားတွေ မြန်မာစံတော်ချိန် စနေညသန်းခေါင်အချိန်မှာ ဝူဟန်မြို့၊ Tianhe လေဆိပ်ကနေ မန္တလေးလေဆိပ်ကို ထွက်ခွာသွားပြီဖြစ်တဲ့အကြောင်း ပေကျင်းမြို့၊ မြန်မာသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ လွန်ခဲ့တဲ့နာရီပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။


ဝူဟန်နဲ့ မန္တလေးကြား လေယာဉ် တိုက်ရိုက်ပျံသန်းချိန်ဟာ ၃ နာရီပတ်ဝန်းကျင် ကြာတာကြောင့် ကျောင်းသားတွေကို ပြန်ခေါ်လာ တဲ့ လေယာဉ်ဟာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်း ၃ နာရီပတ်ဝန်းကျင်မှာ ဆိုက်မယ်လို့ ခန့်မှန်းရပါတယ်။

သူတို့ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားပြီးတော့ စောင့်ကြည့်မယ့်အကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။


မြန်မာနိုင်ငံနဲ့ ထိုင်း၊ တရုတ်နိုင်ငံတို့ကြား နယ်စပ်တွေ ပိတ်ထားတဲ့သတင်း ဖတ်နိုင်ပါတယ်။



--------------------------

(Unicode)

ဝူူဟန်းက မြန်မာကျောင်းသားတွေ ပြန်လာပြီ

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်းမြို့က မြန်မာကျောင်းသားတွေ မြန်မာစံတော်ချိန် စနေညသန်းခေါင်အချိန်မှာ ဝူဟန်းမြို့၊ Tianhe လေဆိပ်ကနေ မန္တလေးလေဆိပ်ကို ထွက်ခွာသွားပြီဖြစ်တဲ့အကြောင်း ပေကျင်းမြို့၊ မြန်မာသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ လွန်ခဲ့တဲ့နာရီပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းသား ၆၀ ကျော်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်နဲ့ မန္တလေးမြို့ကို ခေါ်သွားမှာဖြစ်ပါတယ်။

ဝူဟန်းနဲ့ မန္တလေးကြား လေယာဉ် တိုက်ရိုက်ပျံသန်းချိန်ဟာ ၃ နာရီပတ်ဝန်းကျင် ကြာတာကြောင့် ကျောင်းသားတွေကို ပြန်ခေါ်လာ တဲ့ လေယာဉ်ဟာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်း ၃ နာရီပတ်ဝန်းကျင်မှာ ဆိုက်မယ်လို့ ခန့်မှန်းရပါတယ်။

သူတို့ကိုု မန္တလေးက ကန်တော်နဒီဆေးရုံမှာ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားပြီးတော့ စောင့်ကြည့်မယ့်အကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံထားရတယ်ဆိုရင်တောင်မှ သီတင်းနှစ်ပတ်အတွင်း ရောဂါလက္ခဏာတွေ မပြတဲ့အတွက် အခုလို နှစ်ပတ်ကြာ သီးခြားခွဲ စောင့်ကြည့်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်း၊ တရုတ်နိုင်ငံတို့ကြား နယ်စပ်တွေ ပိတ်ထားတဲ့သတင်း ဖတ်နိုင်ပါတယ်။

ကန်တော်နဒီဆေးရုံ ပတ်ဝန်းကျင်မှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး အမြဲတမ်းတာဝန်ကျ ဆရာဝန်၊ ဆရာမနဲ့ တခြား ဝန်ထမ်း နှစ်ဦးပဲ ရှိမှာဖြစ်ပြီးတော့ အပြင်လူတွေ လုံးဝ အဝင်မခံဘူးလို့လည်း ဦးရဲလွင်က ရေးထားပါတယ်။

အခုလို သီးခြားခွဲထားတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ရတာဖြစ်ပြီး အပြင်လူ တွေ့ခွင့် မပေးတဲ့ကြားထဲက အတင်းဝင်လာသူတွေ ရှိတယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လေးခွ၊ ရာဘာကျည်တို့နဲ့ ပစ်ခွင့်ပေးထား တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ရေးထားပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG