သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA Hausa ဌာန ဝန်ထမ်း (၁၅) ဦးကို ရာထူးမှထုတ်ပယ်


VOA က Hausa ဌာနက ဝန်ထမ်းထက်ဝက်ကျော်ကို အလုပ်ဖြုတ်တာ ဒါမှမဟုတ် အလုပ်ဖြုတ်ဖို့ လုပ်တော့မှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာပဲ ကြေညာခဲ့ပါတယ်။ သူတို့ဟာ အနောက်အာဖရိကနိုင်ငံက နိုင်ငံခြားအရာရှိတဦးရဲ့ မလျှော်ကန်တဲ့ ငွေပေးမှုကို လက်ခံယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် အရေးယူ ခံကြရတာ ဖြစ်ပါတယ်။

ဗဟိုအစိုးရ ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ VOA ရုံးရဲ့ ဒါရိုက်တာ Amanda Bennett က ဝန်ထမ်းအားလုံးကို အီးမေးလ်နဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဗဟိုအစိုးရ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းအရ အရေးယူတာဖြစ်ပြီး Hausa ဌာနက ဝန်ထမ်း ၁၅ ယောက်ကို အလုပ်က ဖြုတ်ပစ်တာ ဒါမှမဟုတ် ဖြုတ်ပစ်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒီ VOA ဝန်ထမ်းတွေဟာ သူတို့ သတင်းယူတဲ့ ဒေသက အရာရှိတဦးရဲ့ မလျှော်ကန်တဲ့ ငွေပေးမှုကို လက်ခံရယူခဲ့ကြောင်း စွပ်စွဲမှုတွေအတွက် VOA ဝန်ထမ်းနဲ့ စစ်ဆေးရေးအရာရှိချုပ်ရုံးက တပြိုင်နက် စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာ အခုလို အရေးယူတာဖြစ်ကြောင်းလည်း Amanda Bennett ပြောပါတယ်။

VOA က Hausa ဌာနဟာ အဓိက နိုင်ဂျီးရီးယား နိုင်ငံ အပြင် နီဂျေး၊ ဂါနာ၊ ချတ်နဲ့ ကင်မရွန်း နိုင်ငံတွေက ပြည်သူပေါင်း သန်း ၂၀ လောက် အတွက် ထုတ်လွှင့်နေတဲ့ ဌာန ဖြစ်ပါတယ်။

လာဘ်ငွေကို ကိုယ်တိုင် လက်ခံယူခဲ့မယ်လို့ သံသယရှိတဲ့ Hausa ဌာနအကြီးအကဲ အပါအဝင် ဝန်ထမ်း ၁၅ ဦးနဲ့ ကြာသပတေးနေ့ မနက်မှာပဲ VOA ရုံးရှေ့မှာ တွေ့ဆုံခဲ့ကြောင်းနဲ့ သူတို့ဟာ သူတို့ရဲ့ ရုံးဝင်ခွင့်ကဒ်ပြားတွေ အသိမ်းခံရပြီး အရေးယူကြောင်း ရေးသားထားတဲ့ စာတွေကို လက်ခံရယူခဲ့ကြတယ်လို့ ကျန်ခဲ့တဲ့ Hausa ဝန်ထမ်းတွေက ပြောပါတယ်။

VOA Housa ဌာန ဝန်ထမ်း (၁၅) ဦးကို ရာထူးမှထုတ်ပယ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG