သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ကမ္ဘာက ပဋိပက္ခတွေအတွက် လက်နက်တင်ပို့မှုတားဆီးရေး ကုလလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးတိုက်တွန်း

ကုလသမဂ္ဂဌာနချုပ်ရှိရာ ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Türk ရဲ့ ၂၀၂၄ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၉၊ ၂၀၂၄)
ကုလသမဂ္ဂဌာနချုပ်ရှိရာ ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Türk ရဲ့ ၂၀၂၄ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ (ဒီဇင်ဘာ ၉၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ဟန့်တားဖို့လိုတယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk မနေ့က တနင်္လာနေ့ ဂျီနီဗာမှာပြုလုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် လူတွေသေဆုံးဒဏ်ရာရနေတဲ့ မြန်မာ၊ ဟေတီ၊ ဆူဒန်တို့လို နိုင်ငံတွေ ကို လက်နက်တွေမဝင်ရောက်အောင် ဝိုင်းဝန်းပိတ်ဆို့ဟန့်တားဖို့လိုပါတယ်။ ဒါ့အပြင် အစ္စရေး၊ အပါအဝင် လက်ဘနွန်နဲ့ ဆီးရီးယားကအစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ အစ္စရေးသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေတွေထံ လက်နက်တွေမတင်ပို့ကြဖို့ နဲ့ လက်နက်တင်ပို့သူတွေကိုလည်း သတိပေးတားမြစ်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Volker Turk က ၂၀၂၄ ခုနှစ်ကုန် မနေ့တုန်းကဂျနီဗာမှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

ဒီနှစ်ဟာ ပဋိပက္ခတွေကြောင့် သေကျေထိခိုက်မှုအများဆုံးဖြစ်ပြီး အလွန်စိုးရိမ်စရာကောင်းတယ်လို့ လည်းပြောပါတယ်။ ဟေတီလိုနိုင်ငံမှာလည်း ဂိုဏ်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဒီနှစ်တနှစ်တည်း မှာတင် လူငါးထောင်လောက်သေဆုံးခဲ့ပါတယ်။

‘ဂါဇာနဲ့ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းဒေသက အခြေအနေတွေဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာဆက်လက်ရှိနေသေးပြီး စစ်ပွဲတွေနဲ့ပတ်သက်တဲ့စည်းမျဉ်းဥပေဒတွေကို ချိုးဖေါက် တာတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ယူကရိန်းလိုနေရာမှာ မြေမြှုပ်မိုင်းတွေ အသုံးပြုတာဟာလည်း ဥပဒေနဲ့မညီဘူးလို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG