သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ မျဖစ္ႏိုင္ (ယူကရိန္းသမၼတ) 


Russia Ukraine War

ယူကရိန္းရဲ႕ နယ္ေျမ ၄ ခုကို သိမ္းပိုက္ဖို႔ ႐ုရွားသမၼတ Vladimir Putin က ႀကိဳးစားခဲ့တဲ့ ေနာက္ ႐ုရွားသမၼတနဲ႔ ၫွိႏႈိင္းေဆြးေႏြးေႏြးဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း ေၾကညာခ်က္ကို ယူကရိန္းသမၼတ Volidymyr Zelenshyy က အဂၤါေန႔မွာ လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။ 

႐ုရွားနဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ မျဖစ္ႏိုင္ (ယူကရိန္းသမၼတ)

{{Zawgyi/Unicode}}
ယူကရိန္းရဲ႕ နယ္ေျမ ၄ ခုကို သိမ္းပိုက္ဖို႔ ႐ုရွားသမၼတ Vladimir Putin က ႀကိဳးစားခဲ့တဲ့ ေနာက္ ႐ုရွားသမၼတနဲ႔ ၫွိႏႈိင္းေဆြးေႏြးေႏြးဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း ေၾကညာခ်က္ကို ယူကရိန္းသမၼတ Volidymyr Zelenshyy က အဂၤါေန႔မွာ လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။

႐ုရွားအစိုးရေျပာခြင့္ရ Demitry Peskov ကေတာ့ ယူကရိန္းသမၼတ Zelenskyy ရဲ႕ သေဘာထား ေျပာင္းသည္အထိ ဒါမွမဟုတ္ ယူကရိန္းမွာ ေနာက္သမၼတသစ္ တက္လာခ်ိန္အထိ ႐ုရွားက ေစာင့္မွာ ျဖစ္ေၾကာင္း သတင္းေထာက္ေတြကို ေျပာပါတယ္။

တခ်ိန္ထည္းမွာပဲ ႐ုရွားက ယူကရိန္းနယ္ေျမကို သူ႔ပိုင္နက္ထဲထည့္သြင္းမႈကို အေမရိကန္က ဘယ္ေတာ့မွ အသိမွတ္ ျပဳမွာ မဟုတ္ေၾကာင္း သမၼတ ဂ်ိဳးဘိုင္ဒန္က ယူကရိန္းသမၼတ Zelenskyy ကို တယ္လီဖံုးနဲ႔ ဆက္သြယ္ေျပာၾကားခဲ့တယ္လို႔ အေမရိကန္သမၼတအိမ္ျဖဴက ေျပာပါတယ္။ ဒါ့အျပင္ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ေထာက္ခံတဲ့ ဘယ္ႏိုင္ငံ၊ ဘယ္အဖြဲ႔အစည္း၊ ဘယ္ပုဂၢိဳလ္ကိုမဆို အေမရိကန္က ျပင္းျပင္းထန္ထန္ အေရးယူဖို႔ အသင့္ပဲ လို႔လည္း ေျပာပါတယ္။

အေမရိကန္အေနနဲ႔ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ၇ လတာ တြန္းလွန္ေနတဲ႔ ယူကရိန္းအစိုးရကို စစ္ေရးအကူအညီအျဖစ္ ေနာက္ထပ္ ေဒၚလာ သန္း ၆၂၅ ေပးအပ္မွာ ျဖစ္တဲ့အတြက္ သမၼတဘိုင္ဒန္ တက္လာတဲ့ ၂၀၂၁ ႏွစ္ဆန္းကစၿပီး စစ္ေရးအရ ပံ့ပိုးကူညီမႈဟာ အခုဆို ေဒၚလာ သန္းေပါင္း ၁၇၅၀ ေက်ာ္ သြားၿပီျဖစ္ပါတယ္။

အဂၤါေန႔အေစာပိုင္းတုန္းကေတာ့ ယူကရိန္းက နယ္ေျမ ၄ ခုကို ႐ုရွားႏိုင္ငံထဲ ထည့္သြင္းဖို႔ ႐ုရွား အထက္လႊတ္ေတာ္မွာ မဲခြဲ ဆံုးျဖတ္ခဲ့တာပါ။ အခုလို ႐ုရွားဘက္က နယ္ေျမသိမ္းယူဖို႔ ႀကိဳးစားမႈကို ယူကရိန္းနဲ႔ အေနာက္ႏိုင္ငံေတြက လက္မခံပဲ ရႈတ္ခ်ၾကသလို ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကလည္း တရားမဝင္ေၾကာင္း ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

.....................................................................

ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ မဖြစ်နိုင် (ယူကရိန်းသမ္မတ)

{{Zawgyi/Unicode}}
ယူကရိန်းရဲ့ နယ်မြေ ၄ ခုကို သိမ်းပိုက်ဖို့ ရုရှားသမ္မတ Vladimir Putin က ကြိုးစားခဲ့တဲ့ နောက် ရုရှားသမ္မတနဲ့ ညှိနှိုင်းဆွေးနွေးနွေးဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာချက်ကို ယူကရိန်းသမ္မတ Volidymyr Zelenshyy က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ရုရှားအစိုးရပြောခွင့်ရ Demitry Peskov ကတော့ ယူကရိန်းသမ္မတ Zelenskyy ရဲ့ သဘောထား ပြောင်းသည်အထိ ဒါမှမဟုတ် ယူကရိန်းမှာ နောက်သမ္မတသစ် တက်လာချိန်အထိ ရုရှားက စောင့်မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

တချိန်ထည်းမှာပဲ ရုရှားက ယူကရိန်းနယ်မြေကို သူ့ပိုင်နက်ထဲထည့်သွင်းမှုကို အမေရိကန်က ဘယ်တော့မှ အသိမှတ် ပြုမှာ မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ Zelenskyy ကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူက ပြောပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ခံတဲ့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို အမေရိကန်က ပြင်းပြင်းထန်ထန် အရေးယူဖို့ အသင့်ပဲ လို့လည်း ပြောပါတယ်။

အမေရိကန်အနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ၇ လတာ တွန်းလှန်နေတဲ့ ယူကရိန်းအစိုးရကို စစ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၆၂၅ ပေးအပ်မှာ ဖြစ်တဲ့အတွက် သမ္မတဘိုင်ဒန် တက်လာတဲ့ ၂၀၂၁ နှစ်ဆန်းကစပြီး စစ်ရေးအရ ပံ့ပိုးကူညီမှုဟာ အခုဆို ဒေါ်လာ သန်းပေါင်း ၁၇၅၀ ကျော် သွားပြီဖြစ်ပါတယ်။

အင်္ဂါနေ့အစောပိုင်းတုန်းကတော့ ယူကရိန်းက နယ်မြေ ၄ ခုကို ရုရှားနိုင်ငံထဲ ထည့်သွင်းဖို့ ရုရှား အထက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။ အခုလို ရုရှားဘက်က နယ်မြေသိမ်းယူဖို့ ကြိုးစားမှုကို ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက လက်မခံပဲ ရှုတ်ချကြသလို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း တရားမဝင်ကြောင်း ပြောကြားခဲ့တာပါ။

XS
SM
MD
LG