သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုံခြုံရေးဝန်ကြီး နယ်စပ်တည်ငြိမ်ရေး စစ်ကောင်စီနဲ့ဆွေးနွေး 

တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Xiaohong နေပြည်တော်ရောက်ရှိနေ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Xiaohong နေပြည်တော်ရောက်ရှိနေ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲတွေ ပေါ်ပေါက်နေချိန်မှာပဲ တရုတ်အစိုးရရဲ့ လုံခြုံရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာပြီး နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဒီနေ့ပဲ ဖော်ပြကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ စစ်ကောင်စီအပေါ် ထိုးစစ်ကြောင့် မကြာသေးခင်ကစ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပေးကြရပြီး၊ တချို့မှာ တရုတ်နိုင်ငံထဲကို ပါ ဝင်ရောက်ထွက်ပြေး နေကြရပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Xiaohong ဟာ နေပြည်တော်မှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ၂ နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

TNLA တအောင်းတပ်ဖွဲ့၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကိုဖြတ်ပြီး ထွက်ပြေးလာသူ ၆၀၀ အပါအဝင် ခန့်မှန်းခြေ လူပေါင်း ၆၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်းလည်း ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

တရုတ်လုံခြုံရေးဝန်ကြီး နယ်စပ်တည်ငြိမ်ရေး စစ်ကောင်စီနဲ့ဆွေးနွေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG