သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကမ္ဘာမှာ မငြိမ်မသက်မှုတွေဖြစ်အောင် နိုင်ငံတချို့ ဖန်တီးနေ" - တရုတ်ဗဟိုစစ်ကော်မရှင် အကြီးအကဲ


တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာကျင်းပတဲ့ ၁၀ကြိမ်မြောက် Xiangshan (ရှန်စန်း) နိုင်ငံတကာ ကာကွယ်ရေးညီလာခံအတွင်း အဖွင့်မိန့်ခွန်းပြောနေတဲ့ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှား) (အောက်တိုဘာ ၃၀၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာကျင်းပတဲ့ ၁၀ကြိမ်မြောက် Xiangshan (ရှန်စန်း) နိုင်ငံတကာ ကာကွယ်ရေးညီလာခံအတွင်း အဖွင့်မိန့်ခွန်းပြောနေတဲ့ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှား) (အောက်တိုဘာ ၃၀၊ ၂၀၂၃)

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ မြန်မာ၊ ရုရှား အပါအ၀င် နိုင်ငံပေါင်း (၉၀) က စစ်ဘက်ဆိုင်ရာ ထိပ်တန်းကိုယ်စားလှယ်တွေတက်ရောက်တဲ့ Xiangshan (ရှန်စန်း) နိုင်ငံတကာ ကာကွယ်ရေးညီလာခံကိုဒီကနေ့ (အောက်တိုဘာ ၃၀) စတင်လိုက်ပါတယ်။ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတချို့ဟာ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်အောင် တမင်ရည်ရွယ်ဖန်တီးနေတယ်လို့ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှား) က သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ပထဝီနိုင်ငံရေးအခြေအနေက ဆိုးရွားနေပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ကျနော်တို့ ကြိုးစားအားထုတ်သင့်ပါတယ်။ ဒီကနေ့ ကမ္ဘာတဝန်းကို ကြည့်လိုက်မယ်ဆိုရင် အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ တခုပြီး တခုပေါ်ပေါက်နေတာပါ။ စစ်ပွဲတွေကရတဲ့ နာကျင်မှုတွေ၊ ပျက်ဆီးဆုံးရှုံးမှုတွေ၊ လူ့အသက်ပေါင်းများစွာ သေကြေနေကြရဆဲပါ။”လို့ ပြောသွားတာပါ။

ဘယ်နိုင်ငံတွေကို ရည်ညွန်းတယ်လို့တော့ တိတိကျကျပြောဆိုတာမရှိပေမဲ့ ယူကရိန်း-ရှရှားစစ်ပွဲနဲ့ အစ္စရေး ဟာမတ်စ် ပဋိပက္ခတွေမှာ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ ပြစ်တင်ဝေဖန်မှုကို တရုတ်က ဆက်တိုက်တုံ့ပြန်ပြောဆိုနေတာပါ။ ဒေသတွင်းကိစ္စတွေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်တာတွေလုပ်နေတဲ့အကြောင်းနဲ့ ဆန့်ကျင်တော်လှန်မှုတွေပေါ်ပေါက်လာအောင် လှုံ့ဆော်နေတယ်လို့ ကျန်းက ပြစ်တင်ပြောဆိုခဲ့ပါတယ်။

အခုဘေကျင်းမှာကျင်းပနေတဲ့ နိုင်ငံတကာ ကာကွယ်ရေးညီလာခံမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကာကွယ်ရေးဝန်ကြီး Li Shangfu ကို ရာထူးကနေ တရုတ်အစိုးရက ထုတ်ပယ်ခဲ့တာြဖစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG