သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှားသမ္မတတို့ ဘေဂျင်းမှာတွေ့ 

ခေတ်သစ်ပိုးလမ်းမကြီးအစီအစဉ် စတင်ခဲ့တာ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကျင်းပတဲ့ ညီလာခံမတိုင်ခင်တွေ့ဆုံနေတဲ့ ရုရှားသမ္မတပူတင်(ဝဲ)နှင့် တရုတ်သမ္မတရှီ (ယာ) (အောက်တိုဘာ ၁၈၊ ၂၀၂၃)
ခေတ်သစ်ပိုးလမ်းမကြီးအစီအစဉ် စတင်ခဲ့တာ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကျင်းပတဲ့ ညီလာခံမတိုင်ခင်တွေ့ဆုံနေတဲ့ ရုရှားသမ္မတပူတင်(ဝဲ)နှင့် တရုတ်သမ္မတရှီ (ယာ) (အောက်တိုဘာ ၁၈၊ ၂၀၂၃)

တရုတ်သမ္မတရှီကျင့်ပင်နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ ဒီကနေ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ် ၂ နိုင်ငံ ခိုင်မြဲတဲ့ ဆက်ဆံရေးကို အမွှန်းတင်ပြောကြားခဲ့ကြပါတယ်။

တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီးအစီအစဉ် စတင်ခဲ့တာ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကျင်းပတဲ့ ညီလာခံအတွက်လာတဲ့ ရုရှားသမ္မတပူတင်နဲ့ သမ္မတရှီတို့ သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ သမ္မတရှီက မိတ်ဆွေဟောင်းကြီးလို့ သမ္မတပူတင်ကို ရည်ညွှန်းခေါ်ဆိုပြီး တရုတ်နဲ့ ရုရှားကြား နိုင်ငံရေးယုံကြည်မှုဟာ ပိုမိုခိုင်မြဲလာပြီး ၂ နိုင်ငံကြား နီးကပ်ထိရောက်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိခက်ခဲတဲ့ အခြေအနေတွေအောက်မှာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ ရုရှားသမ္မတက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ၂ နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ဒီနှစ်အတွင်း စံချိန်တင်အောင် ဒေါ်လာ ဘီလျံ ၂၀၀ အထိရောက်လိမ့်မယ်လို့ ခေါင်းဆောင် ၂ ယောက်လုံး ကပြောကြားခဲ့ကြပါတယ်။

ယူကရိန်းကို စစ်ဝင်တိုက်လို့ ရုရှားအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်နေသလို တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေက သူတို့ ၂ နိုင်ငံဆက်ဆံရေးကို အမွှန်းတင်ပြောခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားသမ္မတတို့ ဘေဂျင်းမှာတွေ့
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG