ျမန္မာႏိုင္ငံမွာ မိုးမ်ားေရႀကီးႏိုင္တဲ့ အႏၲရာယ္ မိုးေလ၀သဌာန သတိေပး
{{Zawgyi/Unicode}}
ဇူလိုင္လထဲမွာ ၿမိဳ႕အသီးသီးရဲ႕ ျမစ္ေရစိုးရိမ္ေရမွတ္ ေက်ာ္လြန္ႏိုင္ၿပီး မိုးလယ္ကာလ မုတ္သုံေလအားေကာင္းတာရဲ႕ ေနာက္ဆက္တြဲ မိုးႀကီးေလျပင္းတိုက္ႏိုင္တဲ့ အေျခအေနေတြကို မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတဲ့ သတင္း ကိုရဲမြန္ ေျပာျပမွာပါ။
မိုးလယ္ကာလျဖစ္တဲ့ ဇူလိုင္လထဲမွာ ဗန္းေမာ္၊ ေ႐ႊကူ၊ ကသာနဲ႔ သပိတ္က်င္း၊ မႏၲေလး၊ စစ္ကိုင္း၊ ျမင္းမူနဲ႔ ပခုကၠဴ အပါအဝင္ ေညာင္ဦး၊ ဆိပ္သာနဲ႔ ဟသၤာတ၊ ဇလြန္ အဲဒီၿမိဳ႕ေတြမွာ ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္ထက္ ေက်ာ္လြန္ႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္၊ ေမာ္လိုက္၊ ကေလးဝနဲ႔ မင္းကင္း၊ ကနီ၊ မုံ႐ြာၿမိဳ႕မွာလည္း ခ်င္းတြင္းျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။ ျမစ္ေရစိုးရိမ္ေရမွတ္ ေက်ာ္လြန္လာႏိုင္လို႔ ျမစ္ကမ္းအနီးနဲ႔ ေျမနိမ့္ပိုင္းေနထိုင္သူေတြ သတိထားၾကဖို႔ကို မိုးဇလဌာန ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာပါတယ္။
"မိုးလယ္ကာလကေတာ့ ၂ လရွိတာေပါ့။ ဇူလိုင္ရယ္၊ ဩဂုတ္ရယ္ေပါ့ေနာ္။ အဲဒီေတာ့ မိုးလယ္ကာလ တခုလုံးအတြက္ေကာ၊ ဇူလိုင္လသီးသန႔္ တလတည္းအတြက္ေကာ လပတ္ခန႔္မွန္းခ်က္ေတြကို ထုတ္ျပန္ေပးထားတဲ့အထဲမွာ စိုးရိမ္ေရမွတ္ကိုေရာက္ႏိုင္တဲ့ အေျခအေနေတြ ထည့္သြင္းထုတ္ျပန္ေပးထားပါတယ္။"
ျမစ္ငယ္၊ မေဒါက္၊ ပဲခူး၊ ဘားအံ၊ ျမဝတီ၊ ငါးသိုင္းေခ်ာင္းနဲ႔ သာေပါင္း၊ မအူပင္ အပါအဝင္ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦး အဲဒီၿမိဳ႕ေတြရဲ႕ ျမစ္ေရအသီးသီးလည္း ဇူလိုင္လထဲမွာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ႏိုင္တယ္လို႔ ေျပာပါတယ္။ မုတ္သုံေလအားေကာင္းလာႏိုင္တဲ့ အေျခအေနေၾကာင့္လည္း မိုးႀကီးေလျပင္းတိုက္တာနဲ႔အတူ ေရႀကီးတာနဲ႔ ေျမၿပိဳမယ့္ သဘာဝေဘးအႏၲရာယ္ သတိရွိၾကဖို႔ ဦးလွထြန္းက ေျပာပါတယ္။
"အခုေလာေလာဆယ္ကလည္း မုတ္သုံအားေကာင္းရမယ့္ အေျခအေနေတြ ရွိလာတာေပါ့ေလ။ ေဟာင္ေကာင္ကြၽန္းရဲ႕ အေရွ႕ေတာင္ဘက္ေလာက္ က်မွာေပါ့၊ အဲဒီမွာ မုန္တိုင္းတလုံးျဖစ္ေနတာ ရွိတယ္။ အဲေတာ့ သူ႔ရဲ႕အရွိန္ေၾကာင့္ ဒီဘက္က ျမန္မာႏိုင္ငံ ကပၸလီပင္လယ္ျပင္တို႔၊ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔ဘက္မွာ မုတ္သုံေလအားေကာင္းလာတာရွိတယ္။ မုတ္သုံေလအားေကာင္းရင္ေတာ့ ထုံးစံအတိုင္း ကမ္း႐ိုးတန္းေဒသေတြကေတာ့ မိုးမ်ားတတ္တာေပါ့ေနာ္။"
ရန္ကုန္၊ ပဲခူး၊ ဧရာဝတီတိုင္းနဲ႔ တနသၤာရီအပါအဝင္ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနာက္ ၂ ရက္အတြင္း မိုးပိုလာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ အခုလ ဇူလိုင္ ပထမ ၁၀ ရက္အတြင္း ျမန္မာတျပည္လုံးအတိုင္းအတာ မိုးေလဝသအေျခအေနကို ဦးလွထြန္းက အခုလိုခန႔္မွန္းထားပါတယ္။
"ဇူလိုင္လ ပထမပတ္မွာေတာ့ တႏိုင္ငံလုံးၿခဳံလိုက္ရင္ မိုးကေတာ့ အသင့္အတင့္ကေန မိုးေကာင္းမယ့္အေနအထားရွိတယ္။ မိုးအသင့္အတင့္ကေတာ့ အလယ္ပိုင္းေဒသေတြေပါ့ေနာ္။ မိုးေကာင္းမွာကေတာ့ ကမ္း႐ိုးတန္းေဒသေတြေပါ့ေနာ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံေျမာက္ပိုင္း ကခ်င္ဘက္လည္း ဒီလိုကာလေတြမွာ မိုးေကာင္းေလ့ရွိတာေပါ့ေနာ္။ အဲေတာ့ တႏိုင္ငံလုံးၿခဳံၿပီး ေျပာရရင္ေတာ့ ဇူလိုင္လ ပထမ ၁၀ ရက္ပတ္မွာေတာ့ မိုးအသင့္အတင့္ကေန ေကာင္းႏိုင္တယ္ေပါ့ေလ။ ႐ြာသြန္းၿမဲမိုးေရခ်ိန္နဲ႔ ႐ြာသြန္းၿမဲမိုးေရခ်ိန္ထက္ ပိုမယ့္အေနအထားကေတာ့ ရွိတာေပါ့ေနာ္။"
မိုးလယ္ကာလျဖစ္တဲ့ ဇူလိုင္လအစပိုင္းထဲ မိုးမ်ားေလႀကီးတာနဲ႔ ျမစ္ေရစိုးရိမ္ေရမွတ္ ေက်ာ္လြန္ႏိုင္တဲ့ အေျခအေနေတြေၾကာင့္ ကုန္းျမင့္နဲ႔ အနိမ့္ပိုင္းမွာ ေနထိုင္သူေတြအျပင္ ေလေၾကာင္း၊ ေရေၾကာင္းခရီးထြက္မယ့္သူေတြလည္း သတိထားဖို႔ကို တိုက္တြန္းထားပါတယ္။
...............................................................
မြန်မာနိုင်ငံမှာ မိုးများရေကြီးနိုင်တဲ့ အန္တရာယ် မိုးလေဝသဌာန သတိပေး
{{Zawgyi/Unicode}}
ဇူလိုင်လထဲမှာ မြို့အသီးသီးရဲ့ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နိုင်ပြီး မိုးလယ်ကာလ မုတ်သုံလေအားကောင်းတာရဲ့ နောက်ဆက်တွဲ မိုးကြီးလေပြင်းတိုက်နိုင်တဲ့ အခြေအနေတွေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်း ကိုရဲမွန် ပြောပြမှာပါ။
မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လထဲမှာ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူနဲ့ ပခုက္ကူ အပါအဝင် ညောင်ဦး၊ ဆိပ်သာနဲ့ ဟင်္သာတ၊ ဇလွန် အဲဒီမြို့တွေမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်း၊ ကနီ၊ မုံရွာမြို့မှာလည်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်တယ်လို့ သတိပေးထားပါတယ်။ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားကြဖို့ကို မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
"မိုးလယ်ကာလကတော့ ၂ လရှိတာပေါ့။ ဇူလိုင်ရယ်၊ ဩဂုတ်ရယ်ပေါ့နော်။ အဲဒီတော့ မိုးလယ်ကာလ တခုလုံးအတွက်ကော၊ ဇူလိုင်လသီးသန့် တလတည်းအတွက်ကော လပတ်ခန့်မှန်းချက်တွေကို ထုတ်ပြန်ပေးထားတဲ့အထဲမှာ စိုးရိမ်ရေမှတ်ကိုရောက်နိုင်တဲ့ အခြေအနေတွေ ထည့်သွင်းထုတ်ပြန်ပေးထားပါတယ်။"
မြစ်ငယ်၊ မဒေါက်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ငါးသိုင်းချောင်းနဲ့ သာပေါင်း၊ မအူပင် အပါအဝင် ကျောက်တော်နဲ့ မြောက်ဦး အဲဒီမြို့တွေရဲ့ မြစ်ရေအသီးသီးလည်း ဇူလိုင်လထဲမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်တယ်လို့ ပြောပါတယ်။ မုတ်သုံလေအားကောင်းလာနိုင်တဲ့ အခြေအနေကြောင့်လည်း မိုးကြီးလေပြင်းတိုက်တာနဲ့အတူ ရေကြီးတာနဲ့ မြေပြိုမယ့် သဘာဝဘေးအန္တရာယ် သတိရှိကြဖို့ ဦးလှထွန်းက ပြောပါတယ်။
"အခုလောလောဆယ်ကလည်း မုတ်သုံအားကောင်းရမယ့် အခြေအနေတွေ ရှိလာတာပေါ့လေ။ ဟောင်ကောင်ကျွန်းရဲ့ အရှေ့တောင်ဘက်လောက် ကျမှာပေါ့၊ အဲဒီမှာ မုန်တိုင်းတလုံးဖြစ်နေတာ ရှိတယ်။ အဲတော့ သူ့ရဲ့အရှိန်ကြောင့် ဒီဘက်က မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်တို့၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့ဘက်မှာ မုတ်သုံလေအားကောင်းလာတာရှိတယ်။ မုတ်သုံလေအားကောင်းရင်တော့ ထုံးစံအတိုင်း ကမ်းရိုးတန်းဒေသတွေကတော့ မိုးများတတ်တာပေါ့နော်။"
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီအပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အတွင်း မိုးပိုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အခုလ ဇူလိုင် ပထမ ၁၀ ရက်အတွင်း မြန်မာတပြည်လုံးအတိုင်းအတာ မိုးလေဝသအခြေအနေကို ဦးလှထွန်းက အခုလိုခန့်မှန်းထားပါတယ်။
"ဇူလိုင်လ ပထမပတ်မှာတော့ တနိုင်ငံလုံးခြုံလိုက်ရင် မိုးကတော့ အသင့်အတင့်ကနေ မိုးကောင်းမယ့်အနေအထားရှိတယ်။ မိုးအသင့်အတင့်ကတော့ အလယ်ပိုင်းဒေသတွေပေါ့နော်။ မိုးကောင်းမှာကတော့ ကမ်းရိုးတန်းဒေသတွေပေါ့နော်။ ပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဘက်လည်း ဒီလိုကာလတွေမှာ မိုးကောင်းလေ့ရှိတာပေါ့နော်။ အဲတော့ တနိုင်ငံလုံးခြုံပြီး ပြောရရင်တော့ ဇူလိုင်လ ပထမ ၁၀ ရက်ပတ်မှာတော့ မိုးအသင့်အတင့်ကနေ ကောင်းနိုင်တယ်ပေါ့လေ။ ရွာသွန်းမြဲမိုးရေချိန်နဲ့ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမယ့်အနေအထားကတော့ ရှိတာပေါ့နော်။"
မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လအစပိုင်းထဲ မိုးများလေကြီးတာနဲ့ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နိုင်တဲ့ အခြေအနေတွေကြောင့် ကုန်းမြင့်နဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအပြင် လေကြောင်း၊ ရေကြောင်းခရီးထွက်မယ့်သူတွေလည်း သတိထားဖို့ကို တိုက်တွန်းထားပါတယ်။