စစ္တပ္ပိုင္ကုမၸဏီေတြျဖစ္တဲ့ MEHL, MEC (သို႔မဟုတ္) သူတို႔လက္ေအာက္ခံ ကုမၸဏီေတြတဲ့ ဖက္စပ္လုပ္ထားတဲ့ ႏုိင္ငံျခားကုမၸဏီ (၁၄) ခု ရိွတယ္လို႔ ကုလသမဂၢမစ္ရွင္က ဆိုပါတယ္။ ဒီကုမၸဏီေတြဟာ စီးပြားေရးလုပ္ငန္းမ်ဳိးစံုကို လုပ္ကိုင္ၾကပါတယ္။ စစ္တပ္ပိုင္ကုမၸဏီေတြနဲ႔ ဆက္သြယ္ၿပီး ကန္ထရိုက္ရယူတဲ့ ႏုိင္ငံျခားကုမၸဏီေတြက (၄၄) ခု ရိွပါတယ္။ အထင္ရွာဆံုး တပ္မေတာ္ - တရုတ္ ဖက္စပ္လုပ္ငန္းကေတာ့ တရုတ္ႏုိင္ငံပိုင္ ဝမ္ေဘာင္လိမိတက္နဲ႔ စစ္တပ္ပိုင္ MEHL တုိ႔ ဖက္စပ္လုပ္တဲ့ မံုရြာက လက္ပံေတာင္းေတာင္ ေၾကးနီလုပ္ငန္း ျဖစ္ပါတယ္။ ျမန္မာအစိုးရသတၱဳတြင္းဌာနက (၅၁) ရာခိုင္ႏႈန္း၊ ဝမ္ေဘာင္ကုမၸဏီက (၃၀) ရာခိုင္ႏႈန္း၊ စစ္တပ္ပိုင္ MEHL က (၁၉) ရာခိုင္ႏႈန္း အျမတ္အစြန္းကို ခြဲေဝၾကပါတယ္။
ဝမ္ေဘာင္ကုမၸဏီရဲ ႔ လက္ေအာက္ခံ ျမန္မာယန္စီေၾကးနီလိမိတက္ကလည္း စပယ္ေတာင္နဲ႔ ေၾကးစင္ေတာင္ ေၾကးနီထုတ္လုပ္ေရးမွာ တရုတ္ယန္စီကုမၸဏီက (၅၁) ရာခိုင္ႏႈန္း၊ စစ္တပ္ပိုင္ MEHL က (၄၉) ရာခိုင္ႏႈန္း အျမတ္အစြန္းကို ခြဲေဝဖို႔ သေဘာတူထားပါတယ္။ စစ္တပ္ဘက္က လုပ္ပိုင္ခြင့္လိုင္စင္ ခ်ေပးတဲ့အခါ ႏိုင္ငံျခားကုမၸဏီက အရင္းအႏီွးစိုက္ၿပီး လုပ္ငန္းတခုလံုးကို တာဝန္ယူလုပ္ကိုင္ပါတယ္။ ဖက္စပ္လုပ္ငန္းမွာ က်ိတ္ဝိုင္းေတြရိွသလို သိသာျမင္သာတာေတြလည္း ရိွပါတယ္။
ဥပမာ သံမဏီလုပ္ငန္းမွာ ေတာင္ကိုရီးယားကုမၸဏီနဲ႔ စစ္တပ္ပိုင္ MEHL တို႔ ဖက္စပ္လုပ္ၿပီး အက်ဳိးအျမတ္ကို စစ္တပ္ပိုင္ကုမၸဏီက (၇၀) ရာခိုင္ႏႈန္း ယူတာကို ရွင္းလင္းတယ္လို႔ ဆိုပါတယ္။ ျပင္သစ္ပိုင္ သီလဝါ ဘိလပ္ေျမလိမိတက္နဲ႔ စစ္တပ္ပိုင္ MHEL လက္ေအာက္ခံ ဆင္မင္းဘိလပ္ေျမရဲ ႔ ဖက္စပ္လုပ္ငန္းကိုလည္း ပြင့္လင္းတယ္လို႔ ဆိုပါတယ္။ အလံုဆိပ္ကမ္းအမွတ္ (၂) တည္ေဆာက္ဖို႔အတြက္ စစ္တပ္ပိုင္ကုမၸဏီေတြက ဘယ္လိုနည္းနဲ႔ ပိုင္ဆိုင္ထားတယ္ဆိုတာကိုေတာ့ ကုလသမဂၢမစ္ရွင္က မေျပာႏိုင္ပဲ ျဖစ္ေနပါတယ္။ အေမရိကန္၊ ဥေရာပသမဂၢအဖြဲ႔၊ ကေနဒါ၊ Australia စတဲ့ ဒီမိုကေရစီႏုိင္ငံေတြဟာ ျမန္မာကို စစ္လက္နက္ပစၥည္း မေရာင္းဖို႔ စစ္မႈေရးရာမွာ အကူအညီမေပးဖို႔ ဆံုးျဖတ္ထားၾကပါတယ္။
တပ္မေတာ္ကို လက္နက္ပစၥည္း ေရာင္းခ်ေနတဲ့ ႏုိင္ငံျခားကုမၸဏီ (၁၄) ခု ရိွတဲ့အနက္၊ (၁၂) ခုဟာ အစိုးရပိုင္ေတြ ျဖစ္ပါတယ္။ တရုတ္၊ ရုရွား၊ အိႏိၵယ၊ ေျမာက္ကိုရီးယားနဲ႔ ယူကရိုန္းက ႏိုင္ငံပိုင္ကုမၸဏီေတြဟာ ျမန္မာစစ္တပ္ကို လက္နက္ပစၥည္း ေရာင္းခ်ပါတယ္။ အစၥေရးလ္ကေတာ့ အရင္က ေရာင္းခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ မေရာင္းေတာ့ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ တႏိုင္းေဒသ သယံဇာတ စစ္ဆင္ေရးမွာ တပ္မေတာ္ဟာ ရဟတ္ယာဥ္သံုးၿပီး တုိက္ခိုက္တာေတြ႔ရပါတယ္။ ရွရွားစစ္ပစၥည္းေတြဟာ အလြန္အသံုးဝင္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကိုယ္တိုင္ ၂၀၁၉ ဧၿပီလက ေမာ္စကိုမွာ ေျပာသြားပါတယ္။ ျပည္တြင္းမွာ စီးပြားေရးအင္အားႀကီးမားတဲ့ တပ္မေတာ္ဟာ စစ္လက္နက္ပစၥည္းကို လိုအပ္သလို ဝယ္ယူႏိုင္တဲ့ အေျခအေနမွာ ရိွပါတယ္။ စစ္တပ္ပိုင္ကုမၸဏီကို NLD အစုိးရ ဘာမွမလုပ္ႏိုင္ပါဘူး။
စစ္တပ္ပိုင္ MEC ျမန္မာ့စီးပြားေရးေကာ္ပိုးေရးရွင္းဟာ တရုတ္အစိုးရ CDB ဘဏ္က ၂၀၁၀ မွာ ယူရိုေငြသန္း (၁၁၀၀) ေခ်းယူခဲ့ပါတယ္။ ရည္ရြယ္ခ်က္က ျမင္းၿခံမွာ သံမဏီစက္ရံု တည္ေဆာက္ဖို႔ ျဖစ္ပါတယ္။ အခုေတာ့ သံမဏီစက္ရံုဟာ အရႈံးေပၚေနလို႔ တရုတ္ဆီက စစ္တပ္ပိုင္ကုမၸဏီ ေခ်းထားတဲ့ေငြကို NLD အစိုးရက ျပန္ဆပ္ေနရေၾကာင္း မႏၱေလးတုိင္း ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ ေျပာတာကို ေဖေဖၚဝါရီ (၂၀) ရက္ထုတ္ ဧရာဝတီမွာ နန္းလြင္က သတင္းေရးထားပါတယ္။ အရင္းေရာ အတိုးေရာေပါင္းရင္ ယူရိုေငြသန္း (၁၆၀၀) တရုတ္ CDB ဘဏ္ကို ဆပ္ရမွာ ျဖစ္ပါတယ္။ အခုေတာ့ NLD အစိုးရဟာ တေန႔ ယူရိုသံုးသိန္းေက်ာ္ (သို႔မဟုတ္) က်ပ္သန္းငါးရာနီးပါး တရုတ္ဘဏ္ကို ေပးဆပ္ေနရပါတယ္။ NLD အစိုးရ ဖြဲ႔စည္းၿပီး မၾကာမီ တရုတ္ဆီက ယူထားတဲ့အေၾကြးကို ျပန္ဆပ္ေနရတာ ျဖစ္ပါတယ္။
တရုတ္ဘဏ္က ေငြကို စစ္တပ္ပိုင္ကုမၸဏီက ေခ်းယူထားၿပီး သံမဏီလုပ္ငန္း စီမံကိန္း အေကာင္အထည္ ေဖာ္ပါတယ္။ အရႈံးေပၚတဲ့အခါမွာ အစိုးရလက္ထဲ ထိုးထည့္လိုက္တဲ့အတြက္ အစိုးရက အေၾကြးဆပ္ေနရေၾကာင္း တုိင္းလႊတ္ေတာ္အမတ္ ေဒၚၿငိမ္းသက္ႏြယ္ ေထာက္ျပထားပါတယ္။ စစ္တပ္ပိုင္ကုမၸဏီရဲ ႔ အျမတ္အစြန္းကို စစ္တပ္အသိုင္းအဝိုင္းက ခံစားရၿပီး မဆပ္ႏုိင္တဲ့ ႏိုင္ငံျခားအေၾကြးကို အရပ္သားအစိုးရက ေပးဆပ္ေနရတဲ့ သေဘာသက္ေရာက္ေနပါတယ္။
ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရရဲ ႔ ဆံုးျဖတ္ခ်က္ကို စစ္တပ္က လိုက္နာမွသာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး လုပ္လို႔ရမွာ ျဖစ္ပါတယ္။ လက္ေတြ႔မွာ တပ္မေတာ္ဟာ အစိုးရအဖြဲ႔ထဲမွာ သီးျခားတည္ရိွေနတဲ့ အစိုးရတခုလို ျဖစ္ေနပါတယ္။ ျပည္တြင္းမွာေရာ ႏုိင္ငံျခားနဲ႔ ဆက္ဆံရာမွာေရာ စစ္တပ္ကသာ လႊမ္းမုိးႏိုင္တဲ့ အေနအထား ျဖစ္ပါတယ္။ စစ္တပ္ရဲ ႔ အက်ဳိးစီးပြားကို အေထာက္အကူျပဳတဲ့ အရပ္သားအစိုးရမ်ဳိးကိုသာ တပ္မေတာ္က လိုလားမွာ ျဖစ္ပါတယ္။
==Unicode==
စစ်တပ်ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ MEHL, MEC (သို့မဟုတ်) သူတို့လက်အောက်ခံ ကုမ္ပဏီတွေတဲ့ ဖက်စပ်လုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီ (၁၄) ခု ရှိတယ်လို့ ကုလသမဂ္ဂမစ်ရှင်က ဆိုပါတယ်။ ဒီကုမ္ပဏီတွေဟာ စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်ကြပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ကန်ထရိုက်ရယူတဲ့ နိုင်ငံခြားကုမ္ပဏီတွေက (၄၄) ခု ရှိပါတယ်။ အထင်ရှာဆုံး တပ်မတော် - တရုတ် ဖက်စပ်လုပ်ငန်းကတော့ တရုတ်နိုင်ငံပိုင် ဝမ်ဘောင်လိမိတက်နဲ့ စစ်တပ်ပိုင် MEHL တို့ ဖက်စပ်လုပ်တဲ့ မုံရွာက လက်ပံတောင်းတောင် ကြေးနီလုပ်ငန်း ဖြစ်ပါတယ်။ မြန်မာအစိုးရသတ္တုတွင်းဌာနက (၅၁) ရာခိုင်နှုန်း၊ ဝမ်ဘောင်ကုမ္ပဏီက (၃၀) ရာခိုင်နှုန်း၊ စစ်တပ်ပိုင် MEHL က (၁၉) ရာခိုင်နှုန်း အမြတ်အစွန်းကို ခွဲဝေကြပါတယ်။
ဝမ်ဘောင်ကုမ္ပဏီရဲ့ လက်အောက်ခံ မြန်မာယန်စီကြေးနီလိမိတက်ကလည်း စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီထုတ်လုပ်ရေးမှာ တရုတ်ယန်စီကုမ္ပဏီက (၅၁) ရာခိုင်နှုန်း၊ စစ်တပ်ပိုင် MEHL က (၄၉) ရာခိုင်နှုန်း အမြတ်အစွန်းကို ခွဲဝေဖို့ သဘောတူထားပါတယ်။ စစ်တပ်ဘက်က လုပ်ပိုင်ခွင့်လိုင်စင် ချပေးတဲ့အခါ နိုင်ငံခြားကုမ္ပဏီက အရင်းအနှီးစိုက်ပြီး လုပ်ငန်းတခုလုံးကို တာဝန်ယူလုပ်ကိုင်ပါတယ်။ ဖက်စပ်လုပ်ငန်းမှာ ကျိတ်ဝိုင်းတွေရှိသလို သိသာမြင်သာတာတွေလည်း ရှိပါတယ်။
ဥပမာ သံမဏီလုပ်ငန်းမှာ တောင်ကိုရီးယားကုမ္ပဏီနဲ့ စစ်တပ်ပိုင် MEHL တို့ ဖက်စပ်လုပ်ပြီး အကျိုးအမြတ်ကို စစ်တပ်ပိုင်ကုမ္ပဏီက (၇၀) ရာခိုင်နှုန်း ယူတာကို ရှင်းလင်းတယ်လို့ ဆိုပါတယ်။ ပြင်သစ်ပိုင် သီလဝါ ဘိလပ်မြေလိမိတက်နဲ့ စစ်တပ်ပိုင် MHEL လက်အောက်ခံ ဆင်မင်းဘိလပ်မြေရဲ့ ဖက်စပ်လုပ်ငန်းကိုလည်း ပွင့်လင်းတယ်လို့ ဆိုပါတယ်။ အလုံဆိပ်ကမ်းအမှတ် (၂) တည်ဆောက်ဖို့အတွက် စစ်တပ်ပိုင်ကုမ္ပဏီတွေက ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်ထားတယ်ဆိုတာကိုတော့ ကုလသမဂ္ဂမစ်ရှင်က မပြောနိုင်ပဲ ဖြစ်နေပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့၊ ကနေဒါ၊ Australia စတဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ မြန်မာကို စစ်လက်နက်ပစ္စည်း မရောင်းဖို့ စစ်မှုရေးရာမှာ အကူအညီမပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။
တပ်မတော်ကို လက်နက်ပစ္စည်း ရောင်းချနေတဲ့ နိုင်ငံခြားကုမ္ပဏီ (၁၄) ခု ရှိတဲ့အနက်၊ (၁၂) ခုဟာ အစိုးရပိုင်တွေ ဖြစ်ပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယားနဲ့ ယူကရိုန်းက နိုင်ငံပိုင်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း ရောင်းချပါတယ်။ အစ္စရေးလ်ကတော့ အရင်က ရောင်းခဲ့ပြီး နောက်ပိုင်းမှာတော့ မရောင်းတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တနိုင်းဒေသ သယံဇာတ စစ်ဆင်ရေးမှာ တပ်မတော်ဟာ ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာတွေ့ရပါတယ်။ ရှရှားစစ်ပစ္စည်းတွေဟာ အလွန်အသုံးဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ၂၀၁၉ ဧပြီလက မော်စကိုမှာ ပြောသွားပါတယ်။ ပြည်တွင်းမှာ စီးပွားရေးအင်အားကြီးမားတဲ့ တပ်မတော်ဟာ စစ်လက်နက်ပစ္စည်းကို လိုအပ်သလို ဝယ်ယူနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီကို NLD အစိုးရ ဘာမှမလုပ်နိုင်ပါဘူး။
စစ်တပ်ပိုင် MEC မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်းဟာ တရုတ်အစိုးရ CDB ဘဏ်က ၂၀၁၀ မှာ ယူရိုငွေသန်း (၁၁၀၀) ချေးယူခဲ့ပါတယ်။ ရည်ရွယ်ချက်က မြင်းခြံမှာ သံမဏီစက်ရုံ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အခုတော့ သံမဏီစက်ရုံဟာ အရှုံးပေါ်နေလို့ တရုတ်ဆီက စစ်တပ်ပိုင်ကုမ္ပဏီ ချေးထားတဲ့ငွေကို NLD အစိုးရက ပြန်ဆပ်နေရကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် ပြောတာကို ဖေဖေါ်ဝါရီ (၂၀) ရက်ထုတ် ဧရာဝတီမှာ နန်းလွင်က သတင်းရေးထားပါတယ်။ အရင်းရော အတိုးရောပေါင်းရင် ယူရိုငွေသန်း (၁၆၀၀) တရုတ် CDB ဘဏ်ကို ဆပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ NLD အစိုးရဟာ တနေ့ ယူရိုသုံးသိန်းကျော် (သို့မဟုတ်) ကျပ်သန်းငါးရာနီးပါး တရုတ်ဘဏ်ကို ပေးဆပ်နေရပါတယ်။ NLD အစိုးရ ဖွဲ့စည်းပြီး မကြာမီ တရုတ်ဆီက ယူထားတဲ့အကြွေးကို ပြန်ဆပ်နေရတာ ဖြစ်ပါတယ်။
တရုတ်ဘဏ်က ငွေကို စစ်တပ်ပိုင်ကုမ္ပဏီက ချေးယူထားပြီး သံမဏီလုပ်ငန်း စီမံကိန်း အကောင်အထည် ဖော်ပါတယ်။ အရှုံးပေါ်တဲ့အခါမှာ အစိုးရလက်ထဲ ထိုးထည့်လိုက်တဲ့အတွက် အစိုးရက အကြွေးဆပ်နေရကြောင်း တိုင်းလွှတ်တော်အမတ် ဒေါ်ငြိမ်းသက်နွယ် ထောက်ပြထားပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီရဲ့ အမြတ်အစွန်းကို စစ်တပ်အသိုင်းအဝိုင်းက ခံစားရပြီး မဆပ်နိုင်တဲ့ နိုင်ငံခြားအကြွေးကို အရပ်သားအစိုးရက ပေးဆပ်နေရတဲ့ သဘောသက်ရောက်နေပါတယ်။
ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်တပ်က လိုက်နာမှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်လို့ရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာ တပ်မတော်ဟာ အစိုးရအဖွဲ့ထဲမှာ သီးခြားတည်ရှိနေတဲ့ အစိုးရတခုလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာရော နိုင်ငံခြားနဲ့ ဆက်ဆံရာမှာရော စစ်တပ်ကသာ လွှမ်းမိုးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကျိုးစီးပွားကို အထောက်အကူပြုတဲ့ အရပ်သားအစိုးရမျိုးကိုသာ တပ်မတော်က လိုလားမှာ ဖြစ်ပါတယ်။