ျမန္မာႏိုင္ငံမွာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မ်ားျပားလာမယ့္ကိစၥကို ျမန္မာျပည္သူအမ်ားစုက မႏွစ္ၿမိဳ႕ၾကပါဘူး။ ဒါဆိုရင္ ျမန္မာႏိုင္ငံ ဖြံ႔ၿဖိဳးေရးအတြက္ တျခားေ႐ြးစရာ နည္းလမ္းေတြက ဘာလဲ၊ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုေကာ လက္ခံႏိုင္တဲ့ အေျခအေနေရာက္လာေအာင္ ဘာေတြလုပ္သင့္ပါသလဲ၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕စီးပြါးးေရးအဖြဲ႔ အတြင္းေရးမႉးေဟာင္း ဦးမင္းခင္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ ျမန္မာျပည္သူေတာ္ေတာ္မ်ားမ်ားက တရုတ္နဲ႔ ပူးေပါင္းၿပီးေတာ့ စီးပြားေရးလုပ္ရမွာကို မႀကိဳက္ၾကပါဘူး။ ဒါျဖင့္ရင္ ျမန္မာႏိုင္ငံအတြက္ တျခားေရြးခ်ယ္စရာနည္းလမ္း ဘာလဲဆိုတာကို အဓိက က်ေနာ္ ေမးျမန္းခ်င္ပါတယ္။ စီးပြားေရးပညာရွင္တေယာက္အေနနဲ႔ စီးပြားေရးနားလည္တဲ့ လူတေယာက္အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈေတြနဲ႔ ပတ္သက္ၿပီး အက်ဥ္ရံုးေျပာပါ။
ေျဖ ။ ။ ျမန္မာလူထုက တရုတ္ရဲ ႔ ရင္းႏီွးျမဳပ္ႏံွမႈကို သိပ္သေဘာမေတြ႔ဘူးဆိုတာကေတာ့ နံပတ္တစ္ကေတာ့ သူတို႔ဘဝအေတြ႔အႀကံဳနဲ႔ ရင္းၿပီးေတာ့ မႀကိဳက္တာေပါ့။ ဒါကလဲ မွားတယ္လို႔ေတာ့ မဆိုႏုိင္ဘူး။ သို႔ေသာ္ ျမန္မာလူထုရဲ ႔ ထံုးစံက တျခားေရြးစရာရိွလို႔ မႀကိဳက္တာမ်ဳိးေတာ့ ဒီမွာမရိွဘူး။ သူတုိ႔မႀကိဳက္ဘူးဆိုရင္ မႀကိဳက္တာကိုပဲ သူတို႔ေဇာင္းေပးတတ္တယ္။ ဆိုေတာ့ တရုတ္ရင္းႏီွးျမဳပ္ႏံွမႈက လက္ရိွအေျခအေနအားျဖင့္ ေရွာင္လႊဲလို႔မရႏိုင္တဲ့ အေနအထားေရာက္ေနတယ္။ မႀကိဳက္ဘူးေပါ့။ တျခားေရြးစရာရိွလားဆိုေတာ့ က်ေနာ္ေတာ့ မ်ားမ်ားေရြးစရာ မျမင္ဘူး။ ဂ်ပန္၊ ကိုရီးယား၊ အာဆီယံတို႔ ရင္းႏီွးျမဳပ္ႏံွမႈတိုိ႔နဲ႔အတူ တရုတ္ရင္းႏီွးျမဳပ္ႏံွမႈကို က်ေနာ္တုိ႔ ရင္ဆိုင္ရမွာပါ။
အဲဒါကို က်ေနာ္တို႔ဘက္က ေနရာတက်ျဖစ္ေအာင္ ဘယ္ေလာက္ဖန္တီးႏိုင္မလဲဆိုတာက အေရးႀကီးမယ္လို႔ က်ေနာ္ထင္တယ္။ ဒီေနရာမွာေတာ့ အစိုးရရဲ ႔က႑၊ ဦးေဆာင္တဲ့လူေတြရဲ ႔က႑က ပိုၿပီးေတာ့ အေရးႀကီးပါလိမ့္မယ္။
ေမး ။ ။ ေရွ ႔ကိုမဆက္ခင္ ျမန္မာႏိုင္ငံမွာ ဒီမုိကေရစီ ေဖာ္ေဆာင္ေနတယ္။ ဒီမိုကေရစီလမ္းေၾကာင္းကို သြားေနတယ္ဆိုေတာ့ ဒီမိုကေရစီတခုမွာ စီးပြားေရးစနစ္သည္ လူထုေထာက္ခံမႈကို မရရင္ ေအာင္ျမင္ႏုိင္တဲ့ အလားအလာ ရိွပါသလား။ လူထုေထာက္ခံမႈ မရဘဲနဲ႔ ဇြတ္လုပ္တယ္ဆိုတာ သဘာဝက်ပါရဲ ႔လား။
ေျဖ ။ ။ အတိုင္းအတာတခုအထိပဲ လူထုက သည္းခံႏိုင္မွာ။ စီးပြားေရးအရ အတိုင္းအတာတခု ေက်ာ္သြားရင္ေတာ့ စီးပြားေရးအရ အဆင္မေျပႏုိင္တာဟာ သည္းခံႏုိင္စရာ မဟုတ္ေတာ့ဘူး ျဖစ္လာမယ္။ ဒီေနရာမွာ နတ္လည္းႀကိဳက္ သိၾကားလည္းခုိက္ေစေပါ့။ ဒီလိုမ်ဳိးျဖစ္လာေအာင္ ကိုယ္က ဘာလုပ္ႏိုင္မလဲဆိုတာက ပိုအေရးႀကီးပါတယ္။
ေမး ။ ။ အိမ္နီးခ်င္း ကေမာၻဒီးယား၊ လားအိုတို႔ဟာ တရုတ္ရဲ ႔ စီးပြားေရးလႊမ္းမိုးမႈေၾကာင့္ ဖြံ႔ၿဖိဳးလာတယ္။ သူတို႔ဆီက စီးပြားေရးဖြံ႔ၿဖိဳးမႈကို ကိုမင္းခင္အေနနဲ႔ သေဘာက်ပါရဲ ႔လား။ အႀကိဳက္ေတြ႔ပါရဲ ႔လား။ တရုတ္ရဲ ႔ ပံ့ပိုးမႈနဲ႔ တရုတ္ရဲ ႔ ရင္းနီးျမဳပ္ႏံွမႈနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေနတဲ့ ပံုစံကို ဘယ္လိုသံုးသပ္လုိပါလဲ။
ေျဖ ။ ။ ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ က်ေနာ္ မႀကိဳက္ဘူး။ ျမန္မာလူထုရဲ ႔ စိတ္ေနစိတ္ထားက ထမင္းယပ္ခတ္စားၿပီး ေအးေအးေနခ်င္တယ္ဆိုေတာ့ ကိုယ့္လုပ္ရပ္မို႔ ကိုယ့့္ဥစၥာဓနမဟုတ္တဲ့ ေအးခ်မ္းသာယာမႈ။ ဘယ္ဟာေရြးမလဲဆိုတာကို က်ေနာ္တို႔ စဥ္းစားဖို႔ေကာင္းတယ္။ လားအို၊ ကေမာၻဒီးယားလမ္းစဥ္ကိုေတာ့ မသြားခ်င္ဘူး။ မသြားခ်င္ဘူးဆိုရင္ ဘာလုပ္မလဲေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ လက္ရိွသြားေနတဲ့ဥစၥာကိုေတာ့ စိတ္ႀကိဳက္မေတြ႔ေသးတာ အမွန္ပဲ။ ဒါေပမဲ့ က်ေနာ္တိုိ႔ဆီမွာ အခြင့္အေရး ရိွေနေသးတယ္လုိ႔ က်ေနာ္ယူဆတယ္။
ေမး ။ ။ အခြင့္အလမ္းေတြ ရိွေနတယ္ဆိုေတာ့ ျမန္မာႏုိင္ငံရဲ ႔ အဓိကစီးပြားေရး၊ တခ်ဳိ ႔စီးပြားေရးပညာရွင္ႀကီးေတြ သံုးသပ္ခဲ့တဲ့ဟာေတြကို အခုလဲ လူေတြက ကိုးကားၿပီးေျပာၾကတယ္။ ပါေမာကၡဖင္ေလးဆိုရင္ ျမန္မာႏုိင္ငံရဲ ႔ စီးပြားေရးက အဓိက မူးယစ္ေဆးကရတဲ့ ပိုက္ဆံပဲလို႔ လႊမ္းၿခံဳၿပီး ေျပာခဲ့တာကိုလည္း ၾကားဖူးဖတ္ဖူးပါတယ္။ အဲဒီေနာက္ပိုင္းမွာလဲ သဘာဝသယံဇာတေတြကို ေရာင္းစားတဲ့ စီးပြားေရးရိွတယ္။ မူးယစ္ေဆးဝါးကရတဲ့ ပိုက္ဆံေတြကို ေငြျဖဴလုပ္ၿပီးေတာ့ သံုးတဲ့ဟာေတြရိွတယ္။ အဲဒီလုပ္ငန္းေတြကိုလည္း ခရိုိနီလို႔ေခၚတဲ့ အာဏာရိွသူေတြနဲ႔ ပုလဲနားပါးသင့္တဲ့လူေတြက လက္တြဲၿပီးလုပ္ေနၾကတယ္လို႔ ေျပာပါတယ္ဆိုေတာ့ အခု ဒီလိုအေျခအေနကေန အခုန ကိုမင္းခင္ေျပာတဲ့ အခြင့္အလမ္းမ်ဳိးဆိုတာ ဘယ္လိုအခြင့္အလမ္းမ်ဳိးကို ညႊန္းၿပီးေတာ့ ေျပာလိုပါလဲ။
ေျဖ ။ ။ မွန္တယ္။ မူးယစ္ေဆးဝါးနဲ႔ တျခားတရားမဝင္တဲ့ စီးပြားေရး သို႔မဟုတ္ ေမွာင္ခိုနဲ႔ၾကားထဲမွာ က်ေနာ္တိို႔မွာ တစ္ခုထူးျခားတာက တရားဝင္စီးပြားေရးနဲ႔ ၾကားထဲမွာ အဂၤလိပ္လိုေတာ့ Grey Economy အဲဒီလို ၾကားထဲမွာ ရိွေနေသးတယ္။ ဒါေတြကို ေနရာတက်ကိုင္တြယ္ႏိုင္ရင္ က်ေနာ္တုိ႔တုိင္းျပည္မွာ ဖြံ႔ၿဖိဳးႏုိင္တဲ့ အခြင့္အလမ္းရိွတယ္။ ဒါကေတာ့ က်ေနာ္တုိ႔ စီးပြားေရးေကာ္မတီအေနနဲ႔ NLD ရဲ ႔ စီးပြားေရးမူဝါဒကို ျပဳစုခဲ့စဥ္ကာလနဲ႔ က်ေနာ္တို႔ရဲ ႔ ဆရာႀကီးေတြျဖစ္တဲ့ ေဒါက္တာလွျမင့္၊ ဆရာဦးျမတ္သိန္းတို႔ ညြန္တဲ့လမ္းေၾကာင္း။ က်ေနာ္တို႔ရဲ ႔ ရိွေနတဲ့ ပကတိအေျခအေနအရ စိုက္ပ်ဳိးေရးကို အေျခခံၿပီးေတာ့ အဲဒီအေပၚမွာ တုိးတက္သြားႏိုင္ရင္ အေျခခံျဖစ္တဲ့ အစားအေသာက္၊ ေရ။ ေနာက္တဆင့္တက္ရင္ စြမ္းအင္ - ဒါေတြ ျပည့္စံုလံုေလာက္ၿပီးေတာ့ ကိုယ့္ကိုယ္ကိုလဲေကၽြးႏိုင္၊ အျပင္ကိုလဲေထာက္ပံ့ႏုိင္တဲ့ လမ္းေၾကာင္းမ်ဳိးက က်ေနာ္တုိ႔ သြားႏိုင္တယ္လို႔ ယူဆတယ္။ လက္ရိွလဲ သူ႔ဟာသူေတာ့ ေရြ ႔ေနတယ္။ ဒါေပမဲ့ နင္လားငါလား ဒီဟာကို အားေပးၿပီးေတာ့ အားစိုက္ၿပီးေတာ့ တြန္းေရြ ႔တာမ်ဳိး က်ေနာ္တို႔မွာ မရိွေသးဘူး။ ဒီလိုလမ္းေၾကာင္းမ်ဳိးဟာ က်ေနာ္တို႔ လုပ္ႏိုင္ရင္ ေကာင္းတယ္လို႔ထင္တယ္။ ေနာက္တစ္ခုက ပုဂၢလိက သဘာဝ လုပ္ကြက္အေသးေလးေတြ တဦးခ်င္းလုပ္ငန္းေလးေတြရဲ ႔ အင္အားကလဲ ပကတိရိွေနတဲ့ဟာကို ဆြဲတင္သြားႏိုင္တယ္။ ဒါေပမဲ့ အဲဒီမွာေတာ့ ဒါကိုတကယ္ျဖစ္ေျမာက္ေအာင္ လုပ္ႏိုင္တဲ့ပံုစံတစ္မ်ဳိးမ်ဳိးနဲ႔ လုပ္ဖို႔လိုတာေပါ့။
ေမး ။ ။ အဲဒီစီးပြားေရးလမ္းေၾကာင္းအတြက္ လူထုကို ပညာေပးတာ၊ လိုအပ္တဲ့ပညာရွင္ေတြ ကၽြမ္းက်င္သူေတြ ေမြးထုတ္ဖို႔ ပညာေရးရဲ ႔ ပံ့ပိုးမႈက ျမန္မာႏုိင္ငံမွာ ဘယ္ေလာက္လုပ္ထားႏိုင္ၿပီလဲ။
ေျဖ ။ ။ အဲဒီလို Data ကေတာ့ က်ေနာ္တို႔မွာ မရိွေသးဘူး။ ဒါေပမဲ့ ဗမာျပည္သူေတြရဲ ႔ သဘာဝမွာ ထူးျခားခ်က္က နံပတ္တစ္က လုပ္ခြင့္ေပးဖို႔။ သူတုိ႔ကို ဖြင့္ေပးရင္ ျဖတ္သန္းခဲ့ရတဲ့ ဘဝအေတြ႔အႀကံဳအရ သူတုိ႔ ကိုယ့္လမ္းကိုယ္ ရွာေဖာက္ႏုိင္တဲ့ သဘာဝရိွတယ္။ ဒါက သမိုင္းေၾကာင္းအရ သိရခဲ့တဲ့အေျခအေန။ အဲဒီဟာကို သြားလို႔ရတယ္။ ေနာက္တစ္ခုက လုပ္ေနၾကမဟုတ္တဲ့ ပံုစံေတြနဲ႔ က်ေနာ္တို႔ ပံ့ပိုးလို႔ရတယ္။ လက္ရိွေတာ့ အဲဒီလို မျဖစ္ေသးဘူး။ ဒါေပမဲ့ အဲဒီအထဲကေန ေဖာက္ထြက္ၿပီးေတာ့ လုပ္ေနၾကမဟုတ္တဲ့ ပံုစံေတြနဲ႔ ပံ့ပိုးေပးႏုိင္မယ္ဆိုရင္ ပညာေရးကေတာ့ အားလံုးရဲ ႔ အေျခခံေပါ့။ ပညာေရးကိစၥကို တဘက္ကလုပ္ၿပီး၊ တဘက္ကလဲ သီးျခားအင္အားကို က်ေနာ္တို႔ ရွာၿပီးေတာ့ သံုးႏိုင္မယ္ဆိုရင္ က်ေနာ့္အေနနဲ႔ ျဖစ္ႏုိင္ေျခရိွတယ္ အလားအလာကေတာ့ ရိွေသးတယ္လို႔ ယူဆပါတယ္။
ေမး ။ ။ ကိုမင္းခင္ေျပာတဲ့ လမ္းဖြင့္ေပးဖို႔၊ ပံ့ပိုးေပးဖို႔ေနရာမွာ ဘယ္လိုအခက္အခဲေတြ ႀကံဳေနရပါလဲ။
ေျဖ ။ ။ အဲဒါကေတာ့ တိုင္းျပည္ကို အႏွစ္ (၆၀) ေက်ာ္ေလာက္ ဖိစီးလာခဲ့တဲ့ ယႏၱရားကို က်ေနာ္တို႔ မျပင္ႏိုင္ေသးတာက အဓိကပါ။ ဒီအႏွစ္ေဟာင္း၊ အေတြးေဟာင္းထဲမွာ ပိတ္မိေနတဲ့ လူေတြက လုပ္ႏုိင္ကိုင္ႏုိင္တဲ့ ေနရာမွာေရာက္ေနၿပီးေတာ့ တကယ့္ေျပာင္းလဲလာတဲ့လူေတြက လုပ္ႏိုင္တဲ့အေျခအေန မေရာက္ေသးဘူး ျဖစ္ေနတယ္။ အဲဒီအတားအဆီးေတြကို က်ေနာ္တို႔ ေက်ာ္ျဖတ္ရမယ္။
ေမး ။ ။ အဲဒီစနစ္ေဟာင္းကို ထုိးေဖာက္ဖို႔အတြက္ အဓိကအတားအဆီးက ဖြဲ႔စည္းပံုကို ျပင္ဖုိ႔လိုတယ္လို႔ ေျပာခ်င္သလား။
ေျဖ ။ ။ အဲဒီလိုေတာ့ မဟုတ္ဘူး။ ဒီဖြဲ႔စည္းပံု ရိွေနေပမယ့္ အဲဒီေဘာင္အတြင္းမွာ က်ေနာ္တို႔ လုပ္ႏုိင္တာေတြ အမ်ားႀကီးရိွတယ္။ ေနာက္တစ္ခုက အပင္တစ္ပင္ကိုသတ္ဖို႔ ပင္စည္ကိုျဖတ္မွဆိုရင္လဲ ေသမွာမဟုတ္ဘူး။ အဲဒီအပင္ရဲ ႔ ေရေသာက္ျမစ္ေတြကို က်ေနာ္တို႔ျဖတ္ႏိုင္ရင္ ဒီအပင္က သူဘာသာသူ ေသသြားမွာ။ ဆိုေတာ့ ဘယ္ဟာက အဓိကက်သလဲ။ အဲဒီအေပၚမွာ မီွခိုေနတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ။ အဲဒါကေတာ့ က်ေနာ္တို႔ အပင္ေသႏုိင္ေရးေပါ့။
ေမး ။ ။ ဖြဲ႔စည္းပံုကတားထားတယ္ဆိုရင္ တခ်ဳိ ႔ကိစၥေတြကို ဘယ္ေတာ့မွ ျဖတ္လို႔မရတဲ့ ကိစၥေတြ ရိွတယ္။ ဥပမာ ႏုိင္ငံေရးအားျဖင့္။ ဒါေပမဲ့ ဒီကိစၥမွာ စီးပြားေရးအားျဖင့္ ျပည္သူေတြကို အခြင့္အလမ္းဖြင့္ေပးဖို႔က ဖြဲ႔စည္းပံုနဲ႔ သိပ္မဆိုင္ဘူးဆိုရင္ ဘယ္ေနရာ အဓိကျဖစ္ေနသလဲ။ အဲဒါကို လက္ေတြ႔တစ္ခုေလာက္ နမူနာေပးပါ။
ေျဖ ။ ။ လက္ေတြ႔နမူနာေပးမယ္ဆိုရင္ ဥပမာ အင္ဒိုနီးရွား နမူနာတစ္ခုေလာက္ပါ။ အဲဒါဘာလဲဆိုရင္ အင္ဒိုနီးရွားမွာ တစ္ႀကိမ္က စစ္အာဏာရွင္ေအာက္ကေန အေျပာင္းအလဲလုပ္လာတဲ့အခါ အေကာက္ခြန္ဌာနေတြရဲ ႔ ျပႆနာ။ အဲဒီတုန္းက ဘာလုပ္ခဲ့သလဲဆိုရင္ က်ေနာ္ ဖတ္မိသေလာက္ဆိုရင္ -- တစ္ဌာနလံုး ပယ္လိုက္တယ္။ ပယ္လိုက္ၿပီးေတာ့ အဂၤလန္ကကုမၸဏီတစ္ခုကိုငွားၿပီး အၿပီတာဝန္ေပးလိုက္တယ္။ အဲဒီလိုလုပ္ေနၾက မဟုတ္တဲ့ဟာမ်ဳိးနဲ႔ ေဖာက္ထြက္လိုက္တဲ့အခါ တခါတည္းကို အေျပာင္းအလဲက လိုခ်င္တဲ့ပံုစံကို ဝင္သြားတယ္။ အဲဒီလိုဟာမ်ဳိး သြားရမယ္။ က်ေနာ္တို႔က လက္ရိွယႏၱရားနဲ႔ေတာ့ ဘယ္လိုမွ မျဖစ္ႏုိင္ဘူး။
ေမး ။ ။ ဆိုေတာ့ အခုျမန္မာႏိုင္ငံရဲ ႔ စီးပြားေရးနဲ႔ ပတ္သက္ၿပီးေတာ့ ကမာၻ႔ဘဏ္၊ အာရွဖြံ႔ၿဖိဳးေရးဘဏ္တို႔ကေတာ့ တိုးတက္မႈ အေပါင္းလကၡဏာ ျပတယ္လို႔ အၿမဲတမ္းေရးၾကတယ္ ထင္ပါတယ္။ တကယ့္လက္ေတြ႔မွာေကာ ျမန္မာျပည္သူေတြရဲ ႔ဘဝ ပိုၿပီးေတာ့ သာယာေပ်ာ္ရႊင္မႈ ရိွလာတယ္လို႔ ထင္ပါသလလား။ စီးပြားေရးအားျဖင့္ လူေတြဟာ အရင္တုန္းက ပုဆိုးတစ္ထည္ပဲရိွတဲ့ ဆင္းရဲႏြမ္းပါးတဲ့လူေတြက အခု ပုဆိုးႏွစ္ထည္၊ သံုးထည္ဝတ္လာႏုိင္သလား စသျဖင့္ အဲဒီလိုအေျခခံနဲ႔ ႏိႈင္းယွဥ္ၿပီး ေျပာျပေပးပါ။
ေျဖ ။ ။ ႏိုင္ငံတကာအဖြဲ႔အစည္းေတြကေတာ့ ေျပာၾကတယ္။ တကယ္ေတာ့ ေရမရိွတဲ့အိုင္ထဲကို ေပါက္လိုက္လို႔ရိွရင္ မရိွတဲ့ေနရာကို ေရကဝင္ျဖည့္ေပးမွာ ေသခ်ာတယ္။ ဒါက ကိုယ့္ထက္ပိုဆင္းရတဲ့ႏုိင္ငံထက္စာရင္ က်ေနာ္တို႔က အဲဒီလိုရိွေနတယ္။ အဲဒီမွာ အခြင့္အလမ္းက အမ်ားႀကီးရိွေနတယ္။ အခုဟာ က်ေနာ္တို႔က အရပ္သားအစိုးရတက္လာတယ္။ အရပ္သားက တတ္ႏိုင္သည္၊ မတတ္ႏိုင္သည္ျဖစ္ေစ နဂိုျပႆနာရဲ ႔ အရင္းအျမစ္ျဖစ္တဲ့ ေခတ္ပံုစံေျပာင္းသြားၿပီ။ ေျပာင္းသြားေတာ့ က်ေနာ့္အယူအဆကေတာ့ တိုင္းသူျပည္သားအတြက္က ဒီအေျပာင္းအလဲ အခြင့္အေရးရေနတယ္။ အရင္ထက္စာရင္ေတာ့ တိုင္းသူျပည္သားေတြရဲ ႔ အေျခအေနက ေယဘုယ်အားျဖင့္ေတာ့ တိုးတက္လာတယ္လို႔ ျမင္ပါတယ္။ တစ္ခုပဲရိွတယ္ က်ေနာ္တို႔ လက္ရိွအခက္အခဲက ေျပာင္းလဲေနတဲ့ကိစၥ မဟုတ္ဘူး။ ေျပာင္းေနတဲ့အေျခအေနက အဟန္႔အတားေတြ ျဖစ္ေနတယ္။ ဒါကို ေက်ာ္မသြားလို႔လဲ မရဘူး၊ ေက်ာ္သြားရမယ္။
ေမး ။ ။ ဆိုေတာ့ အဲဒီလို အခက္အခဲ၊ အတားအဆီးေတြကို ျပင္ႏုိင္ျခင္းသည္ အေနာက္ႏုိင္ငံေတြ၊ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုက ရင္းႏီွးျမဳပ္ႏံွႏုိင္တဲ့ စီးပြားေရး Atmosphere ျဖစ္လာႏိုင္တဲ့ အေျခအေနကို ဦးတည္ေစပါလား။ ထင္ပါသလား။
ေျဖ ။ ။ အဲဒါေတာ့ က်ေနာ္ထင္တယ္ နည္းနည္းလုိအံုးမယ္။ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံေတြ ဥေရာပႏုိင္ငံေတြလာၿပီး ရင္းႏီွးျမဳပ္ႏံွတဲ့ အေနအထားကေတာ့ ရိွေတာ့ရိွလာမယ္၊ သို႔ေသာ္ အခ်ိန္တစ္္ခုလိုအံုးမယ္။ ဒါေပမဲ့ ျဖစ္ႏုိင္တာကေတာ့ အာရွႏိုင္ငံေတြျဖစ္တဲ့ ဂ်ပန္၊ ကိုရီးယား၊ အာဆီယံ၊ အိႏိၵယလည္းပါပါတယ္ - ဒါေပမဲ့ အိႏိၵယကေတာ့ ထင္သေလာက္ မလာေသးဘူး။ ဒီဘက္မွာေတာ့ ေရမရိွတဲ့အိုင္ ျဖစ္ေနတဲ့အတြက္ေၾကာင့္ အလားအလာကေတာ့ အမ်ားႀကီးရိွေနတယ္။ ဆိုေတာ့ အခုန က်ေနာ္ေျပာတဲ့ ေဖာက္ထြက္တဲ့ေနရာမွာ ဒါလဲပါတာေပါ့။ ဘယ္သူေတြလာႏိုင္ေအာင္ ကိုယ္ကဘာလုပ္ေပးမလဲ။ ဘယ္ပံုစံနဲ႔ လုပ္ေပးမလဲဆိုတာ အမ်ားႀကီးမူတည္တာေပါ့။ လူထုလုပ္ႏိုင္တဲ့အားက အခ်ိန္လိုေနေသးတယ္။ ဒါေပမဲ့ အခုေတာင္မွ တိုင္းသူျပည္သားက ကိုယ့္ဟာကိုယ္ ရုန္းလာရတယ္ တျဖည္းျဖည္း၊ ေနရာတက် ဒီဥစၥာကို ဦးေဆာင္လုပ္ကိုင္ေပးမယ့္လူ မပါဘဲနဲ႔ေတာ့ ထင္သေလာက္ အခ်ိန္တိုတိုအတြင္း ျဖစ္ဖို႔မလြယ္ေသးဘူး။ အဲဒီႏွစ္ခုေပါင္းစပ္ဖုိ႔ေတာ့ လုိပါတယ္။
==Unicode ==
မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာမယ့်ကိစ္စကို မြန်မာပြည်သူအများစုက မနှစ်မြို့ကြပါဘူး။ ဒါဆိုရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် တခြားရွေးစရာ နည်းလမ်းတွေက ဘာလဲ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကော လက်ခံနိုင်တဲ့ အခြေအနေရောက်လာအောင် ဘာတွေလုပ်သင့်ပါသလဲ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့စီးပွါးးရေးအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးမင်းခင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ မြန်မာပြည်သူတော်တော်များများက တရုတ်နဲ့ ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်ရမှာကို မကြိုက်ကြပါဘူး။ ဒါဖြင့်ရင် မြန်မာနိုင်ငံအတွက် တခြားရွေးချယ်စရာနည်းလမ်း ဘာလဲဆိုတာကို အဓိက ကျနော် မေးမြန်းချင်ပါတယ်။ စီးပွားရေးပညာရှင်တယောက်အနေနဲ့ စီးပွားရေးနားလည်တဲ့ လူတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေနဲ့ ပတ်သက်ပြီး အကျဉ်ရုံးပြောပါ။
ဖြေ ။ ။ မြန်မာလူထုက တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုကို သိပ်သဘောမတွေ့ဘူးဆိုတာကတော့ နံပတ်တစ်ကတော့ သူတို့ဘဝအတွေ့အကြုံနဲ့ ရင်းပြီးတော့ မကြိုက်တာပေါ့။ ဒါကလဲ မှားတယ်လို့တော့ မဆိုနိုင်ဘူး။ သို့သော် မြန်မာလူထုရဲ့ ထုံးစံက တခြားရွေးစရာရှိလို့ မကြိုက်တာမျိုးတော့ ဒီမှာမရှိဘူး။ သူတို့မကြိုက်ဘူးဆိုရင် မကြိုက်တာကိုပဲ သူတို့ဇောင်းပေးတတ်တယ်။ ဆိုတော့ တရုတ်ရင်းနှီးမြုပ်နံှမှုက လက်ရှိအခြေအနေအားဖြင့် ရှောင်လွှဲလို့မရနိုင်တဲ့ အနေအထားရောက်နေတယ်။ မကြိုက်ဘူးပေါ့။ တခြားရွေးစရာရှိလားဆိုတော့ ကျနော်တော့ များများရွေးစရာ မမြင်ဘူး။ ဂျပန်၊ ကိုရီးယား၊ အာဆီယံတို့ ရင်းနှီးမြုပ်နံှမှုတို့နဲ့အတူ တရုတ်ရင်းနှီးမြုပ်နံှမှုကို ကျနော်တို့ ရင်ဆိုင်ရမှာပါ။
အဲဒါကို ကျနော်တို့ဘက်က နေရာတကျဖြစ်အောင် ဘယ်လောက်ဖန်တီးနိုင်မလဲဆိုတာက အရေးကြီးမယ်လို့ ကျနော်ထင်တယ်။ ဒီနေရာမှာတော့ အစိုးရရဲ့ကဏ္ဍ၊ ဦးဆောင်တဲ့လူတွေရဲ့ကဏ္ဍက ပိုပြီးတော့ အရေးကြီးပါလိမ့်မယ်။
မေး ။ ။ ရှေ့ကိုမဆက်ခင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်နေတယ်။ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုတော့ ဒီမိုကရေစီတခုမှာ စီးပွားရေးစနစ်သည် လူထုထောက်ခံမှုကို မရရင် အောင်မြင်နိုင်တဲ့ အလားအလာ ရှိပါသလား။ လူထုထောက်ခံမှု မရဘဲနဲ့ ဇွတ်လုပ်တယ်ဆိုတာ သဘာဝကျပါရဲ့လား။
ဖြေ ။ ။ အတိုင်းအတာတခုအထိပဲ လူထုက သည်းခံနိုင်မှာ။ စီးပွားရေးအရ အတိုင်းအတာတခု ကျော်သွားရင်တော့ စီးပွားရေးအရ အဆင်မပြေနိုင်တာဟာ သည်းခံနိုင်စရာ မဟုတ်တော့ဘူး ဖြစ်လာမယ်။ ဒီနေရာမှာ နတ်လည်းကြိုက် သိကြားလည်းခိုက်စေပေါ့။ ဒီလိုမျိုးဖြစ်လာအောင် ကိုယ်က ဘာလုပ်နိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။
မေး ။ ။ အိမ်နီးချင်း ကမ္ဘောဒီးယား၊ လားအိုတို့ဟာ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှုကြောင့် ဖွံ့ဖြိုးလာတယ်။ သူတို့ဆီက စီးပွားရေးဖွံ့ဖြိုးမှုကို ကိုမင်းခင်အနေနဲ့ သဘောကျပါရဲ့လား။ အကြိုက်တွေ့ပါရဲ့လား။ တရုတ်ရဲ့ ပံ့ပိုးမှုနဲ့ တရုတ်ရဲ့ ရင်းနီးမြုပ်နံှမှုနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပုံစံကို ဘယ်လိုသုံးသပ်လိုပါလဲ။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကျနော် မကြိုက်ဘူး။ မြန်မာလူထုရဲ့ စိတ်နေစိတ်ထားက ထမင်းယပ်ခတ်စားပြီး အေးအေးနေချင်တယ်ဆိုတော့ ကိုယ့်လုပ်ရပ်မို့ ကိုယ့်ဥစ္စာဓနမဟုတ်တဲ့ အေးချမ်းသာယာမှု။ ဘယ်ဟာရွေးမလဲဆိုတာကို ကျနော်တို့ စဉ်းစားဖို့ကောင်းတယ်။ လားအို၊ ကမ္ဘောဒီးယားလမ်းစဉ်ကိုတော့ မသွားချင်ဘူး။ မသွားချင်ဘူးဆိုရင် ဘာလုပ်မလဲပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိသွားနေတဲ့ဥစ္စာကိုတော့ စိတ်ကြိုက်မတွေ့သေးတာ အမှန်ပဲ။ ဒါပေမဲ့ ကျနော်တို့ဆီမှာ အခွင့်အရေး ရှိနေသေးတယ်လို့ ကျနော်ယူဆတယ်။
မေး ။ ။ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး၊ တချို့စီးပွားရေးပညာရှင်ကြီးတွေ သုံးသပ်ခဲ့တဲ့ဟာတွေကို အခုလဲ လူတွေက ကိုးကားပြီးပြောကြတယ်။ ပါမောက္ခဖင်လေးဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဓိက မူးယစ်ဆေးကရတဲ့ ပိုက်ဆံပဲလို့ လွှမ်းခြုံပြီး ပြောခဲ့တာကိုလည်း ကြားဖူးဖတ်ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာလဲ သဘာဝသယံဇာတတွေကို ရောင်းစားတဲ့ စီးပွားရေးရှိတယ်။ မူးယစ်ဆေးဝါးကရတဲ့ ပိုက်ဆံတွေကို ငွေဖြူလုပ်ပြီးတော့ သုံးတဲ့ဟာတွေရှိတယ်။ အဲဒီလုပ်ငန်းတွေကိုလည်း ခရိုနီလို့ခေါ်တဲ့ အာဏာရှိသူတွေနဲ့ ပုလဲနားပါးသင့်တဲ့လူတွေက လက်တွဲပြီးလုပ်နေကြတယ်လို့ ပြောပါတယ်ဆိုတော့ အခု ဒီလိုအခြေအနေကနေ အခုန ကိုမင်းခင်ပြောတဲ့ အခွင့်အလမ်းမျိုးဆိုတာ ဘယ်လိုအခွင့်အလမ်းမျိုးကို ညွှန်းပြီးတော့ ပြောလိုပါလဲ။
ဖြေ ။ ။ မှန်တယ်။ မူးယစ်ဆေးဝါးနဲ့ တခြားတရားမဝင်တဲ့ စီးပွားရေး သို့မဟုတ် မှောင်ခိုနဲ့ကြားထဲမှာ ကျနော်တို့မှာ တစ်ခုထူးခြားတာက တရားဝင်စီးပွားရေးနဲ့ ကြားထဲမှာ အင်္ဂလိပ်လိုတော့ Grey Economy အဲဒီလို ကြားထဲမှာ ရှိနေသေးတယ်။ ဒါတွေကို နေရာတကျကိုင်တွယ်နိုင်ရင် ကျနော်တို့တိုင်းပြည်မှာ ဖွံ့ဖြိုးနိုင်တဲ့ အခွင့်အလမ်းရှိတယ်။ ဒါကတော့ ကျနော်တို့ စီးပွားရေးကော်မတီအနေနဲ့ NLD ရဲ့ စီးပွားရေးမူဝါဒကို ပြုစုခဲ့စဉ်ကာလနဲ့ ကျနော်တို့ရဲ့ ဆရာကြီးတွေဖြစ်တဲ့ ဒေါက်တာလှမြင့်၊ ဆရာဦးမြတ်သိန်းတို့ ညွန်တဲ့လမ်းကြောင်း။ ကျနော်တို့ရဲ့ ရှိနေတဲ့ ပကတိအခြေအနေအရ စိုက်ပျိုးရေးကို အခြေခံပြီးတော့ အဲဒီအပေါ်မှာ တိုးတက်သွားနိုင်ရင် အခြေခံဖြစ်တဲ့ အစားအသောက်၊ ရေ။ နောက်တဆင့်တက်ရင် စွမ်းအင် - ဒါတွေ ပြည့်စုံလုံလောက်ပြီးတော့ ကိုယ့်ကိုယ်ကိုလဲကျွေးနိုင်၊ အပြင်ကိုလဲထောက်ပံ့နိုင်တဲ့ လမ်းကြောင်းမျိုးက ကျနော်တို့ သွားနိုင်တယ်လို့ ယူဆတယ်။ လက်ရှိလဲ သူ့ဟာသူတော့ ရွေ့နေတယ်။ ဒါပေမဲ့ နင်လားငါလား ဒီဟာကို အားပေးပြီးတော့ အားစိုက်ပြီးတော့ တွန်းရွေ့တာမျိုး ကျနော်တို့မှာ မရှိသေးဘူး။ ဒီလိုလမ်းကြောင်းမျိုးဟာ ကျနော်တို့ လုပ်နိုင်ရင် ကောင်းတယ်လို့ထင်တယ်။ နောက်တစ်ခုက ပုဂ္ဂလိက သဘာဝ လုပ်ကွက်အသေးလေးတွေ တဦးချင်းလုပ်ငန်းလေးတွေရဲ့ အင်အားကလဲ ပကတိရှိနေတဲ့ဟာကို ဆွဲတင်သွားနိုင်တယ်။ ဒါပေမဲ့ အဲဒီမှာတော့ ဒါကိုတကယ်ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ပုံစံတစ်မျိုးမျိုးနဲ့ လုပ်ဖို့လိုတာပေါ့။
မေး ။ ။ အဲဒီစီးပွားရေးလမ်းကြောင်းအတွက် လူထုကို ပညာပေးတာ၊ လိုအပ်တဲ့ပညာရှင်တွေ ကျွမ်းကျင်သူတွေ မွေးထုတ်ဖို့ ပညာရေးရဲ့ ပံ့ပိုးမှုက မြန်မာနိုင်ငံမှာ ဘယ်လောက်လုပ်ထားနိုင်ပြီလဲ။
ဖြေ ။ ။ အဲဒီလို Data ကတော့ ကျနော်တို့မှာ မရှိသေးဘူး။ ဒါပေမဲ့ ဗမာပြည်သူတွေရဲ့ သဘာဝမှာ ထူးခြားချက်က နံပတ်တစ်က လုပ်ခွင့်ပေးဖို့။ သူတို့ကို ဖွင့်ပေးရင် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံအရ သူတို့ ကိုယ့်လမ်းကိုယ် ရှာဖောက်နိုင်တဲ့ သဘာဝရှိတယ်။ ဒါက သမိုင်းကြောင်းအရ သိရခဲ့တဲ့အခြေအနေ။ အဲဒီဟာကို သွားလို့ရတယ်။ နောက်တစ်ခုက လုပ်နေကြမဟုတ်တဲ့ ပုံစံတွေနဲ့ ကျနော်တို့ ပံ့ပိုးလို့ရတယ်။ လက်ရှိတော့ အဲဒီလို မဖြစ်သေးဘူး။ ဒါပေမဲ့ အဲဒီအထဲကနေ ဖောက်ထွက်ပြီးတော့ လုပ်နေကြမဟုတ်တဲ့ ပုံစံတွေနဲ့ ပံ့ပိုးပေးနိုင်မယ်ဆိုရင် ပညာရေးကတော့ အားလုံးရဲ့ အခြေခံပေါ့။ ပညာရေးကိစ္စကို တဘက်ကလုပ်ပြီး၊ တဘက်ကလဲ သီးခြားအင်အားကို ကျနော်တို့ ရှာပြီးတော့ သုံးနိုင်မယ်ဆိုရင် ကျနော့်အနေနဲ့ ဖြစ်နိုင်ခြေရှိတယ် အလားအလာကတော့ ရှိသေးတယ်လို့ ယူဆပါတယ်။
မေး ။ ။ ကိုမင်းခင်ပြောတဲ့ လမ်းဖွင့်ပေးဖို့၊ ပံ့ပိုးပေးဖို့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရပါလဲ။
ဖြေ ။ ။ အဲဒါကတော့ တိုင်းပြည်ကို အနှစ် (၆၀) ကျော်လောက် ဖိစီးလာခဲ့တဲ့ ယန္တရားကို ကျနော်တို့ မပြင်နိုင်သေးတာက အဓိကပါ။ ဒီအနှစ်ဟောင်း၊ အတွေးဟောင်းထဲမှာ ပိတ်မိနေတဲ့ လူတွေက လုပ်နိုင်ကိုင်နိုင်တဲ့ နေရာမှာရောက်နေပြီးတော့ တကယ့်ပြောင်းလဲလာတဲ့လူတွေက လုပ်နိုင်တဲ့အခြေအနေ မရောက်သေးဘူး ဖြစ်နေတယ်။ အဲဒီအတားအဆီးတွေကို ကျနော်တို့ ကျော်ဖြတ်ရမယ်။
မေး ။ ။ အဲဒီစနစ်ဟောင်းကို ထိုးဖောက်ဖို့အတွက် အဓိကအတားအဆီးက ဖွဲ့စည်းပုံကို ပြင်ဖို့လိုတယ်လို့ ပြောချင်သလား။
ဖြေ ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ဒီဖွဲ့စည်းပုံ ရှိနေပေမယ့် အဲဒီဘောင်အတွင်းမှာ ကျနော်တို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ နောက်တစ်ခုက အပင်တစ်ပင်ကိုသတ်ဖို့ ပင်စည်ကိုဖြတ်မှဆိုရင်လဲ သေမှာမဟုတ်ဘူး။ အဲဒီအပင်ရဲ့ ရေသောက်မြစ်တွေကို ကျနော်တို့ဖြတ်နိုင်ရင် ဒီအပင်က သူဘာသာသူ သေသွားမှာ။ ဆိုတော့ ဘယ်ဟာက အဓိကကျသလဲ။ အဲဒီအပေါ်မှာ မှီခိုနေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ အဲဒါကတော့ ကျနော်တို့ အပင်သေနိုင်ရေးပေါ့။
မေး ။ ။ ဖွဲ့စည်းပုံကတားထားတယ်ဆိုရင် တချို့ကိစ္စတွေကို ဘယ်တော့မှ ဖြတ်လို့မရတဲ့ ကိစ္စတွေ ရှိတယ်။ ဥပမာ နိုင်ငံရေးအားဖြင့်။ ဒါပေမဲ့ ဒီကိစ္စမှာ စီးပွားရေးအားဖြင့် ပြည်သူတွေကို အခွင့်အလမ်းဖွင့်ပေးဖို့က ဖွဲ့စည်းပုံနဲ့ သိပ်မဆိုင်ဘူးဆိုရင် ဘယ်နေရာ အဓိကဖြစ်နေသလဲ။ အဲဒါကို လက်တွေ့တစ်ခုလောက် နမူနာပေးပါ။
ဖြေ ။ ။ လက်တွေ့နမူနာပေးမယ်ဆိုရင် ဥပမာ အင်ဒိုနီးရှား နမူနာတစ်ခုလောက်ပါ။ အဲဒါဘာလဲဆိုရင် အင်ဒိုနီးရှားမှာ တစ်ကြိမ်က စစ်အာဏာရှင်အောက်ကနေ အပြောင်းအလဲလုပ်လာတဲ့အခါ အကောက်ခွန်ဌာနတွေရဲ့ ပြဿနာ။ အဲဒီတုန်းက ဘာလုပ်ခဲ့သလဲဆိုရင် ကျနော် ဖတ်မိသလောက်ဆိုရင် -- တစ်ဌာနလုံး ပယ်လိုက်တယ်။ ပယ်လိုက်ပြီးတော့ အင်္ဂလန်ကကုမ္ပဏီတစ်ခုကိုငှားပြီး အပြီတာဝန်ပေးလိုက်တယ်။ အဲဒီလိုလုပ်နေကြ မဟုတ်တဲ့ဟာမျိုးနဲ့ ဖောက်ထွက်လိုက်တဲ့အခါ တခါတည်းကို အပြောင်းအလဲက လိုချင်တဲ့ပုံစံကို ဝင်သွားတယ်။ အဲဒီလိုဟာမျိုး သွားရမယ်။ ကျနော်တို့က လက်ရှိယန္တရားနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
မေး ။ ။ ဆိုတော့ အခုမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကတော့ တိုးတက်မှု အပေါင်းလက္ခဏာ ပြတယ်လို့ အမြဲတမ်းရေးကြတယ် ထင်ပါတယ်။ တကယ့်လက်တွေ့မှာကော မြန်မာပြည်သူတွေရဲ့ဘဝ ပိုပြီးတော့ သာယာပျော်ရွှင်မှု ရှိလာတယ်လို့ ထင်ပါသလလား။ စီးပွားရေးအားဖြင့် လူတွေဟာ အရင်တုန်းက ပုဆိုးတစ်ထည်ပဲရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့လူတွေက အခု ပုဆိုးနှစ်ထည်၊ သုံးထည်ဝတ်လာနိုင်သလား စသဖြင့် အဲဒီလိုအခြေခံနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးပါ။
ဖြေ ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ပြောကြတယ်။ တကယ်တော့ ရေမရှိတဲ့အိုင်ထဲကို ပေါက်လိုက်လို့ရှိရင် မရှိတဲ့နေရာကို ရေကဝင်ဖြည့်ပေးမှာ သေချာတယ်။ ဒါက ကိုယ့်ထက်ပိုဆင်းရတဲ့နိုင်ငံထက်စာရင် ကျနော်တို့က အဲဒီလိုရှိနေတယ်။ အဲဒီမှာ အခွင့်အလမ်းက အများကြီးရှိနေတယ်။ အခုဟာ ကျနော်တို့က အရပ်သားအစိုးရတက်လာတယ်။ အရပ်သားက တတ်နိုင်သည်၊ မတတ်နိုင်သည်ဖြစ်စေ နဂိုပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ခေတ်ပုံစံပြောင်းသွားပြီ။ ပြောင်းသွားတော့ ကျနော့်အယူအဆကတော့ တိုင်းသူပြည်သားအတွက်က ဒီအပြောင်းအလဲ အခွင့်အရေးရနေတယ်။ အရင်ထက်စာရင်တော့ တိုင်းသူပြည်သားတွေရဲ့ အခြေအနေက ယေဘုယျအားဖြင့်တော့ တိုးတက်လာတယ်လို့ မြင်ပါတယ်။ တစ်ခုပဲရှိတယ် ကျနော်တို့ လက်ရှိအခက်အခဲက ပြောင်းလဲနေတဲ့ကိစ္စ မဟုတ်ဘူး။ ပြောင်းနေတဲ့အခြေအနေက အဟန့်အတားတွေ ဖြစ်နေတယ်။ ဒါကို ကျော်မသွားလို့လဲ မရဘူး၊ ကျော်သွားရမယ်။
မေး ။ ။ ဆိုတော့ အဲဒီလို အခက်အခဲ၊ အတားအဆီးတွေကို ပြင်နိုင်ခြင်းသည် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နံှနိုင်တဲ့ စီးပွားရေး Atmosphere ဖြစ်လာနိုင်တဲ့ အခြေအနေကို ဦးတည်စေပါလား။ ထင်ပါသလား။
ဖြေ ။ ။ အဲဒါတော့ ကျနော်ထင်တယ် နည်းနည်းလိုအုံးမယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဥရောပနိုင်ငံတွေလာပြီး ရင်းနှီးမြုပ်နံှတဲ့ အနေအထားကတော့ ရှိတော့ရှိလာမယ်၊ သို့သော် အချိန်တစ်ခုလိုအုံးမယ်။ ဒါပေမဲ့ ဖြစ်နိုင်တာကတော့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာဆီယံ၊ အိန္ဒိယလည်းပါပါတယ် - ဒါပေမဲ့ အိန္ဒိယကတော့ ထင်သလောက် မလာသေးဘူး။ ဒီဘက်မှာတော့ ရေမရှိတဲ့အိုင် ဖြစ်နေတဲ့အတွက်ကြောင့် အလားအလာကတော့ အများကြီးရှိနေတယ်။ ဆိုတော့ အခုန ကျနော်ပြောတဲ့ ဖောက်ထွက်တဲ့နေရာမှာ ဒါလဲပါတာပေါ့။ ဘယ်သူတွေလာနိုင်အောင် ကိုယ်ကဘာလုပ်ပေးမလဲ။ ဘယ်ပုံစံနဲ့ လုပ်ပေးမလဲဆိုတာ အများကြီးမူတည်တာပေါ့။ လူထုလုပ်နိုင်တဲ့အားက အချိန်လိုနေသေးတယ်။ ဒါပေမဲ့ အခုတောင်မှ တိုင်းသူပြည်သားက ကိုယ့်ဟာကိုယ် ရုန်းလာရတယ် တဖြည်းဖြည်း၊ နေရာတကျ ဒီဥစ္စာကို ဦးဆောင်လုပ်ကိုင်ပေးမယ့်လူ မပါဘဲနဲ့တော့ ထင်သလောက် အချိန်တိုတိုအတွင်း ဖြစ်ဖို့မလွယ်သေးဘူး။ အဲဒီနှစ်ခုပေါင်းစပ်ဖို့တော့ လိုပါတယ်။