သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD – SNLD ေတြ႔ဆံုမႈႏွင့္ ေရွ ႔အလားအလာ


ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ကိုယ္စားလွယ္အဖဲြ႔နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ကိုယ္စားလွယ္အဖဲြ႔ တို႔ ေတာင္ၾကီးၿမိဳ႕ NLD ရံုးမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Shan Nationalities League for Democracy - ဇန္နဝါရီ ၁
NLD – SNLD ေတြ႔ဆံုမႈႏွင့္ ေရွ ႔အလားအလာ
please wait

No media source currently available

0:00 0:10:43 0:00
တိုက္႐ိုက္ လင့္ခ္

NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ေတြနဲ႔ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္တို႔ ေတြ႔ဆံုေဆြးေႏြးပြဲဟာ ၿပီးဆံုးသြားခဲ့ပါၿပီ။ မြန္ျပည္နယ္နဲ႔ ကယားျပည္နယ္တို႔မွာ ႀကံဳေတြ႔ခဲ့ရတဲ့ အတားအဆီးေတြကို ပါတီႏွစ္ခုက ဘယ္လိုေက်ာ္လႊာခဲ့ၾကသလဲ။ ဘယ္ေလာက္အထိ ေလာေလာဆယ္မွာ ေမွ်ာ္လင့္ခ်က္ ထားႏုိင္သလဲ။ ဘာေတြကို ထည့္သြင္းစဥ္းစားဖုိ႔ လိုသလဲဆိုတာေတြကို SNLD ပါတီ တြဲဘက္အတြင္းေရးမွဴး (၁) စိုင္းေက်ာ္ညႊန္႔နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ဆရာစိုင္းေက်ာ္ညႊန္႔ခင္မ်ား တေလာတုန္းက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ ႔ ကိုယ္စားလွယ္အဖြဲ႔က တုိင္းရင္းသားေတြနဲ႔လာၿပီး ေတြ႔တဲ့ကိစၥမွာ ပထမဦးဆံုး ကခ်င္မွာ သြားေတြ႔ျဖစ္တဲ့အခါမွာ ေတြ႔ျဖစ္တယ္။ ေနာက္ မြန္၊ ကယားတို႔မွာေတာ့ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မေတြ႔ျဖစ္ၾကဘူး။ အဓိကအားျဖင့္ေတာ့ ေနရာ၊ တိုင္းရင္းသားေတြနဲ႔ သူတုိ႔ ဘယ္ေနရာမွာ ေတြ႔မယ္ဆိုတဲ့ကိစၥမွာ သေဘာထားကြဲၾကတယ္။ ေနာက္ၿပီးေတာ့ ပါတီကိုယ္စားလွယ္နဲ႔ မေတြ႔ဘဲနဲ႔ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ပဲ ေတြ႔မယ္ဆိုတဲ့ NLD ရဲ ႔ ရပ္တည္ခ်က္ကို တုိင္းရင္းသားေတြက လက္မခံလို႔ မေျပလည္ၾကဘူး။ ဆိုေတာ့ ဆရာတို႔ SNLD နဲ႔ၾကေတာ့ ဒီကိစၥမွာ ေတြ႔ျဖစ္သြားၾကတယ္ဆုိေတာ့ ဒါဟာ ဘယ္လိုမ်ား သေဘာထားၿပီးေတာ့၊ ဘယ္လိုမ်ား ညိွႏိႈင္းၿပီးေတာ့ ေတြ႔ျဖစ္ၾကသလဲဆိုတာကို နည္းနည္းအက်ဥ္းရံုေျပာျပေပးပါ။

ေျဖ ။ ။ က်ေနာ္တို႔ SNLD ဗဟိုဌာနခ်ဳပ္ကို NLD က အဆင့္ျမင့္ကိုယ္စားလွယ္တစ္ေယာက္ လာတယ္။ က်ေနာ္တို႔ ဥကၠ႒၊ ဒုဥကၠ႒၊ အတြင္းေရးမွဴးေတြနဲ႔ ေတြ႔သြားတယ္။ ၿပီးေတာ့ က်ေနာ္တို႔နဲ႔ ဦးေအာင္မိုးညိဳ ဦးေဆာင္တဲ့အဖြဲ႔နဲ႔ ေတြ႔ဖို႔ျဖစ္ဖို႔ကို ေနာက္ပိုင္းက် ခ်ိတ္ဆက္မယ္။ ဦးေအာင္မုိးညိဳနဲ႔ ခ်ိတ္ဆက္ထားႏုိင္မယ္ဆိုတာကို ေျပာပါတယ္။ ေနာက္ ႏွစ္ရက္ေလာက္မွာ က်ေနာ္တို႔ကို ခ်ိတ္ဆက္ပါတယ္။ ေတာင္ႀကီးမွာ ေတြ႔ဆံုဖို႔။ အဲဒီေတာ့ မူအားျဖင့္ က်ေနာ္တို႔ လက္ခံလိုက္တယ္။ ဒါေပမဲ့ ေနရာကေတာ့ ညိွႏိႈင္းအံုးမယ္ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ ပထမပိုင္းမွာ ေတာင္ႀကီးမွာလဲ ညိွႏိႈင္းရင္း ညိွႏိႈင္းရင္း ရက္က (၁၅) ရက္ ျဖစ္သြားတယ္။ ဒီၾကားထဲမွာ (၁၄) ရက္ေန႔ကလဲ ေတာင္ႀကီးမွာ အေျခစိုက္တဲ့ ဒုဥကၠ႒ (၂) ကိုလည္း NLD က အျပင္မွာ၊ ဟိုတယ္တစ္ခုမွာ ေတြ႔ဆံုတာ ရိွပါတယ္။ ဆိုေတာ့ (၁၅) ရက္ေန႔မွာ က်ေနာ္တို႔ ဟိုဘက္ဒီဘက္ ကိုယ္စားလွယ္ေတြ ေတြ႔ဆံုျဖစ္ဖို႔ ျဖစ္လာတယ္။ အဲဒီလိုေျပာလို႔ ရပါတယ္။ ေတြ႔ဆံုတဲ့အခ်ိန္ၾကေတာ့ က်ေနာ္တုိ႔ဘက္ကေတာ့ ပါတီအတြင္းေရးမွဴးေတြျဖစ္ၿပီး၊ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြ တစ္ေယာက္မွ မပါပါဘူး။

ေမး ။ ။ SNLD ပါတီ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ျခင္းသာျဖစ္တယ္။ ေရြးေကာက္ခံ ကိုယ္စားလွယ္နဲ႔ ေတြ႔တယ္ဆိုတဲ့ စည္းကမ္းခ်က္ကို သူတုိ႔က ဖ်က္လိုက္တယ္ေပါ့။
ေျဖ ။ ။ မရိွပါဘူး။ က်ေနာ္တို႔နဲ႔ ေတြ႔တဲ့အခ်ိန္မွာ ဘယ္သူေတြနဲ႔ ေတြ႔ရမယ္ဆိုတာကို မေျပာပါဘူး။

ေမး ။ ။ ေနရာကိုေကာ သူတို႔ ကန္႔သတ္တာ ရိွပါလား။

ေျဖ ။ ။ ေနရာကေတာ့ NLD ရွမ္းျပည္နယ္ရံုးကိုပဲ ေတြ႔ပါဆိုေတာ့ ေနာက္ဆံုး က်ေနာ္တို႔ဘက္ကေတာ့ ဒါကို က်ေနာ္တိုိ႔ လူႀကီးေတြဆီကိုလည္း သူတုိ႔ဘက္က လာေရာက္ေတြ႔ဆံုၿပီးဆိုေတာ့ က်ေနာ္တို႔ဆီကို သူတို႔ဘက္က လာၿပီးၿပီဆုိေတာ့ က်ေနာ္တို႔က သူတို႔ဆီ ျပန္သြားတာ ကိစၥမရိွပါဘူး။ က်ေနာ္တို႔ ေနာက္ဆံုးလက္ခံၿပီးေတာ့ ေတြ႔လိုက္တာ ျဖစ္ပါတယ္။

ေမး ။ ။ ပါတီကိုယ္စားလွယ္နဲ႔ ေတြ႔ဆံုတယ္ဆိုတာကို သူတို႔ဘက္က လက္ခံတယ္။ ေရြးေကာက္ခံ ကိုယ္စားလွယ္ ဘာညာဆိုတာ မေျပာဘူးဆိုတာကို ေလွ်ာ့ေပးသလိုပဲ။ ဆရာတို႔ဘက္ကလဲ ေနရာနဲ႔ ပတ္သက္ၿပီး လိုက္ေလ်ာတယ္ဆိုတဲ့ သေဘာေပါ့။

ေျဖ ။ ။ ေလွ်ာ့တာ၊ မေလွ်ာ့တာေတာ့ က်ေနာ္တို႔ မသိဘူး။ စေျပာကတည္းက ဘယ္သူနဲ႔ ေတြ႔ရမယ္ဆိုတာ မပါဘူး။ က်ေနာ္တို႔ ေရြးခ်ယ္ထားတဲ့ လူေတြနဲ႔ ေတြ႔မယ္ေပါ့။ ဖြဲ႔ထားတဲ့အဖြဲ႔ ရိွတယ္။ ေတြ႔ဆံုညိွႏိႈင္းေရးအဖြဲ႔။ အဲဒီလို ေတြ႔မယ္လို႔ေတာ့ ေျပာထားတယ္။ ဘယ္သူနဲ႔ ေတြ႔ရမယ္၊ ဘယ္သူနဲ႔ မေတြ႔ရဘူးဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္ကေတာ့ အစကတည္းက မပါဘူး။

ေမး ။ ။ ေကာင္းပါတယ္။ ေနာက္တစ္ခု က်ေနာ္ ေမးခ်င္တာက အခု ေတြ႔ဆံုတဲ့အခါမွာ အေျခအေန atmosphere က ဘယ္လိုေနပါသလဲ။ အမ်ဳိးသားညီညႊတ္ေရးအစိုးရ ဖြဲ႔မယ္၊ ဘာညာဆုိေတာ့ အဲဒီအလားအလာကိုေကာ ဆရာတိုိ႔ ခန္႔မွန္းလို႔ ရပါသလား။ သူတုိ႔နဲ႔ ေဆြးေႏြးတဲ့အခါမွာ။

ေျဖ ။ ။ သူတို႔ဘက္က နားေထာင္မႈ ပိုမ်ားပါတယ္။ က်ေနာ္တို႔ ဒီဘက္မူဝါဒေတြ၊ သေဘာတရားေတြ၊ က်ေနာ္တို႔ ရပ္တည္ခ်က္ေတြ၊ အလုပ္ေတြကို ေျပာတဲ့အခ်ိန္မွာ သူတို႔ဘက္က မွတ္သားတာေတြ ပိုမ်ားပါတယ္။ သူတုိ႔ဘက္က ျပန္ေဆြးေႏြးမႈကေတာ့ အနည္းအက်ဥ္းပဲ ရိွပါတယ္။ ဘာပဲေျပာေျပာ ေတြ႔ဆံုေဆြးေႏြးမႈကေတာ့ ဒီလုိပဲ သြားရမွာပဲ။ ဒါက ပထမဦးဆံုး ေတြ႔တာ၊ ကနဦးေတြ႔ဆံုမႈဆိုေတာ့ ေနာက္ပိုင္းမွာေတာ့ ဒီထက္ပိုၿပီးေတာ့ အလုပ္သေဘာဆန္တဲ့ဟာ ျဖစ္ရင္လဲ ျဖစ္လာမယ္ေပါ့။ အဲဒီလိုပဲ ေမွ်ာ္လင့္ရတာေပါ့။

ေမး ။ ။ တိုင္းရင္းသားပါတီေတြထဲမွာ ဆရာတို႔ ပါတီက အင္အားအႀကီးဆံုး ပါတီတစ္ခု ျဖစ္တဲ့ တစ္ခုေသာပါတီေပါ့။ ျဖစ္ေနတယ္ဆိုေတာ့ တျခားတိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးၾကတဲ့အခါမွာ တိုင္းရင္းသားေဒသေတြမွာ သြားေဆြးေႏြးၾကတဲ့အခါမွာ ပိုၿပီးလည္းအဆင္ေျပေအာင္၊ အေထာက္အကူျဖစ္ေအာင္ ဆရာတို႔အေနနဲ႔ အဲဒီလို ညိွႏိႈင္းေပးႏုိင္မယ့္ အေျခအေန ရိွပါသလား။ က်ေနာ္္တို႔နဲ႔ ညိွႏိႈင္းလို႔ အဆင္ေျပတယ္။ ခင္မ်ားတို႔လည္း ညိွၾကပါဆိုတဲ့ သေဘာမ်ဳိး၊ ဦးေဆာင္လမ္းျပသေဘာမ်ဳိးေကာ ျဖစ္လာႏိုင္မယ့္ အေျခအေန ရိွပါသလား။

ေျဖ ။ ။ က်ေနာ္တိုိ႔ဘက္ကေတာ့ ေျပာထားပါတယ္။ လုိအပ္ခဲ့သည္ရိွေသာ အျခားပါတီေတြ၊ စုစုေပါင္း (၄၈) ပါတီေတြကို စာပို႔ထားတာ။ လိုအပ္ခဲ့သည္ရိွေသာ က်ေနာ္တို႔ ကူညီႏုိင္ပါတယ္ဆိုတာကိုေတာ့ သူတုိ႔ိကို အတိအလင္း ေျပာထားတာ ရိွပါတယ္။

ေမး ။ ။ ေကာင္းပါတယ္။ သူတုိိ႔ဘက္က အသံုးအႏႈန္းတခ်ဳိ ႔ဆိုရင္ - ဥပမာအားျဖင့္ တုိင္းရင္းသားပါတီလို႔ မေခၚဘူး။ ေဒါက္တာေအာင္မုိးညိဳက ေျပာသြားတာကို ၾကားလိုက္မိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတုိ႔ NLD ထဲမွာပါတဲ့ တိုင္းရင္းသားေတြက မေက်နပ္ဘူးဆိုေတာ့ တိုင္းရင္းသားေဒသေတြမွာ ဖြဲ႔ထားတဲ့ ပါတီေတြကို ေဒသခံပါတီပဲေခၚမယ္၊ တိုင္းရင္းသားပါတီလို႔ မေခၚဘူး။ အဲဒီစကားကေတာ့ ေတာ္ေတာ္ေလး ကသိကေအာက္ ျဖစ္မယ္လို႔ တုိင္းရင္းသားတခ်ဳိ ႔က ေျပာၾကပါတယ္။ ဒီကိစၥကို ဆရာတို႔ ဘယ္လိုသံုးသပ္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ကိုေတာ့ အဲဒီလိုမေျပာေတာ့၊ က်ေနာ္တုိ႔က ကိုယ္ကိုယ္တိုင္ၾကားတာလဲ မဟုတ္ေတာ့ က်ေနာ္တုိ႔အေနနဲ႔ ဘာျပန္ေျပာရမွန္း မသိဘူး။

ေမး ။ ။ ဟုတ္ကဲ့ … အဲဒါကေတာ့ သတင္းေထာက္ေတြေမးတာကို ျပန္ေျပာသြားတာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ဆရာတို႔ တုိင္းရင္းသားေတြဘက္က ေမွ်ာ္လင့္ခ်က္ကေတာ့ ေတာ္ေတာ္ေလး ျမင့္မားတယ္ေပါ့။ ဆိုေတာ့ အခု ညိွႏိႈင္းေဆြးေႏြးတဲ့အခါမွာ ဘယ္အတိုင္းအတာအထိ ခရီးေရာက္လာႏိုင္မလဲ။ ပထမဦးဆံုး ကနဦးအေနနဲ႔ ဘယ္အဆင့္အထိ ျဖစ္မယ္လို႔ ထင္ပါသလဲ။ တိုင္းရင္းသားေဒသေတြမွာ ေရြးေကာက္ပြဲႏုိင္တဲ့ ပါတီေတြကို ဘယ္ေလာက္အထိ ဦးစားေပးလာမလဲ။ တုိင္းရင္းသားေဒသထဲက အစိုးရဖြဲ႔တဲ့ေနရာမွာ ဆရာအေနနဲ႔ ဘယ္လိုစဥ္းစားမိပါသလဲ။

ေျဖ ။ ။ အခု နည္းနည္းေစာပါေသးတယ္။ ေစာင့္ၾကည့္ရအံုးမယ္ ထင္ပါတယ္။ ေတြ႔ဆံုေဆြးေႏြးမႈက ကနဦးပိုင္း ပံုစံပဲ ျဖစ္ေနေတာ့ က်ေနာ္တို႔အေနနဲ႔ ကံေသကံမ သံုးသပ္ဖို႔ နည္းနည္းခက္ေသးပါတယ္။

ေမး ။ ။ အခု တခ်ဳိ ႔ကေတာ့ သံုးသပ္ၾကတယ္။ သံုးသပ္စရာလည္း ျဖစ္ေနတယ္။ တပ္မေတာ္ကလည္း တိုင္းရင္းသားေတြနဲ႔ သူတို႔သင့္ျမတ္ေရးကို သူတုိ႔လမ္းေၾကာင္းနဲ႔ သူတို႔ သြားေနတယ္။ အစိုးရကလည္း သူတို႔လမ္းေၾကာင္းနဲ႔ သူတုိ႔ သြားေနတယ္။ ဥပမာအားျဖင့္ ေျပာရမယ္ဆိုရင္ ရခိုင္မွာ AA နဲ႔ အပစ္ရပ္ဆဲဖို႔ လုပ္ဖုိ႔ တပ္မေတာ္ကလုပ္တယ္။ ေရြးေကာက္ပြဲ က်င္းပဖို႔ ႀကိဳးပမ္းတယ္။ ရွမး္ျပည္နယ္မွာလည္း ထိုနည္းလည္းေကာင္းပဲ။ ဒါကို NLD အစိုးရက တက္တက္ၾကြၾကြ မရိွဘူး။ လက္မခံသလို ျဖစ္ေနတယ္ဆိုတဲ့ ကိစၥေတြ။ ဒီလိုကြဲလြဲမႈေတြ ရိွေနတာကို သူတုိ႔ႏွစ္ဘက္ စုစည္းၿပီးေတာ့ တေပါင္းတည္းလုပ္ႏိုင္မယ္လို႔ ထင္ပါသလား။ ဘယ္လိုေမွ်ာ္လင့္ခ်က္ ဆရာတို႔ဘက္က ထားပါသလဲ။

ေျဖ ။ ။ အခုကေတာ့ အစိုးရသစ္ ဖြဲ႔စည္းခါနီး အခ်ိန္ဆိုေတာ့ ဒီလိုပဲ ျဖစ္တတ္ပါတယ္။ ၿပီးေတာ့ ဟိုဘက္ဒီဘက္ လြန္ဆြဲတာေပါ့။ အစိုးရဖြဲ႔စည္းေရးမွာ ရွင္းရွင္းေျပာရရင္ အာဏာအားၿပိဳင္ၾကတာေပါ့။ ဒါကေတာ့ အစိုးရဖြဲ႔စည္းၿပီးသြားခ်ိန္မွာ ဒါေတြက ၿငိမ္သြားမယ္ ထင္ပါတယ္။ ဒီၾကားကာလမွာေတာ့ ေစ့စပ္ညိွႏိႈင္းၿပီး လုပ္ၾကမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဆရာတို႔ ေျမေပၚ တရားဝင္ႏုိင္ငံေရးပါတီေတြ အေနနဲ႔က တုိင္းရင္းသားေဒသ ေတာ္ေတာ္မ်ားမ်ားပါ လက္နက္ကိုင္ အဖြဲ႔အစည္းေတြလည္း ရိွပါတယ္။ သူတုိိ႔ေတြနဲ႔ ဒီကိစၥေတြကို ေဆြးေႏြးညိွႏိႈင္းမႈ ရိွပါသလား။ ေဆြးေႏြးညိွႏိႈင္းဖို႔ လိုအပ္တယ္လို႔ မထင္ဘူးလား။

ေျဖ ။ ။ တခ်ိန္ခ်ိန္က်ရင္ေတာ့ လိုအပ္မယ္လို႔ ထင္ပါတယ္။ အစိုးရနဲ႔ တပ္မေတာ္နဲ႔ပဲ ေစ့စပ္ညိွႏိႈင္းေဆြးေႏြးတာကို စစ္ဘက္-အရပ္ဘက္ ဆက္ဆံေရးလို႔ ေခၚၾကတာပဲ။ တကယ္တမ္းၾကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ ရိွတယ္။ တုိင္းရင္းသားပါတီေတြ ရိွတယ္။ ျပည္မပါတီေတြလည္း ရိွတာပဲ။ ဒါေတြအားလံုးကို တခ်ိန္ခ်ိန္က်ရင္ေတာ့ အားလံုးေစ့စပ္ညိွႏိႈင္းႏို္င္တဲ့ ပံုစံဆိုရင္ေတာ့ ပိုေကာင္းမယ္ေပါ့။ လတ္တေလာေတာ့ နည္းနည္းေတာ့ လုပ္ရခက္အံုးမယ့္ သေဘာေတာ့ ရိွပါတယ္။

ေမး ။ ။ တိုင္းရင္းသားေဒသေတြမွာ စစ္ဘက္-အရပ္ဘက္ ဆက္ဆံေရးက ပိုၿပီးေတာ့ အဆင္ေျပႏုိင္ေပမယ့္ ျပည္မဆိုၾကပါစို႔။ ဗဟိုမွာ ျဖစ္ေနတဲ့ စစ္ဘက္-အရပ္ဘက္ ဆက္ဆံေရးကေတာ့ ေကာလဟာလာေတြ အမ်ဳိးမ်ဳိး ထြက္ေနပါတယ္။ ဆရာတို႔ ဘယ္လိုၾကားမိပါသလဲ။ ဆရာတုိ႔လည္း ၾကားေကာင္းၾကားမွာေပါ့။ ဒီဟာေတြက စိုးရိမ္စရာ ဘယ္ေလာက္ရိွမယ္ ထင္ပါသလဲ။

ေျဖ ။ ။ အဲဒီအပိုင္းမွာ က်ေနာ္တို႔လည္း မသံုးသပ္ႏုိင္ေသးဘူး။ အျဖစ္အပ်က္ေတြကေတာ့ ဒီတစ္လ၊ နွစ္လအတြင္းမွာ အမ်ားႀကီး ျဖစ္ပ်က္ေျပာင္းလဲႏုိင္တယ္။ ဒီကိစၥကိုလည္း အခုန က်ေနာ္ေျပာသလိုပါပဲ ပါဝါ လြန္ဆြဲေနတာပဲ။ အဲဒီေတာ့ ႏွစ္ဘက္စလံုးကေတာ့ အာဏာကို လိုလားၾကမွာပဲ။ အဲဒီအေပၚမွာေတာ့ ခဏေတာ့ ေစာင့္ၾကည့္ရအံုးမယ္ ျမင္ပါတယ္။ က်ေနာ္တို႔ ဒီေလာက္အထိေတာ့ မသံုးသပ္ႏိုင္ေသးဘူး။

ေမး ။ ။ ေနာက္ဆံုး အမ်ဳိးသားညီညႊတ္ေရး အစိုးရ ဖြဲ႔စည္းလာမယ္ဆိုတဲ့ ကိစၥမွာ တုိင္းရင္းသားေတြ ဘယ္ေလာက္အထိ ပါလာႏိုင္မလဲ။ တခ်ဳိ ႔ကေတာ့ ဗဟိုအစိုးရထဲမွာ တိုင္းရင္းသားေတြကို ထည့္ဖို႔လိုတယ္။ ေနာက္ၿပီးေတာ့ ေဒသမွာလည္း တုိင္းရင္းသားေတြကို ထည့္ဖို႔လိုတယ္။ သို႔ေသာ္လဲ တိုင္းရင္းသားေတြထဲက သူတို႔ႀကိဳက္တဲ့ လူကိုပဲ ေခါင္းေခါက္ၿပီးေတာ့ ေရြးလာႏိုင္မလား။

ေျဖ ။ ။ ဒီလို အမ်ဳိးသားရင္ၾကားေစ့ေရး အစိုးရ ဟုတ္ခ်င္မွလဲ ဟုတ္လိမ့္မယ္။ ေျပာလို႔သာ က်ေနာ္တို႔က လိုက္ေျပာေနရတာ။ အဲဒါ သူတုိ႔ ေနာက္ေျခလမ္းတစ္လမ္း ထပ္လမ္းမွပဲ ဘယ္ေျခလမ္းကို သြားမယ္ဆိုတာကို ပိုၿပီးေတာ့ သံုးသပ္ႏုိင္မယ္ဆိုတာကို ျမင္မယ္။ လက္ရိွကေတာ့ သာမရိုးက် ေတြ႔ဆံုေဆြးေႏြးမႈေလာက္ပဲ က်ေနာ္တို႔ မွတ္ယူပါတယ္။

ေမး ။ ။ ေနာက္ဆံုးတစ္ခု ေမးပါရေစ။ အဲဒါကေတာ့ အျခားေသာ မေတြ႔ရေသးတဲ့ တိုင္းရင္းသားပါတီေတြကမ်ား ဆရာတို႔နဲ႔ လာၿပီးေတာ့ ေတြ႔ရင္ေကာင္းမလား၊ ဘယ္လိုလုပ္ၾကမလဲဆိုၿပီး တုိင္းရင္းသားပါတီအခ်င္းခ်င္း ညိွႏိႈင္းမႈ ရိွပါသလား။ ညိွႏိႈင္းလာႏိုင္တဲ့ အေျခအေနေကာ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ လိုအပ္လာရင္၊ က်ေနာ္တုိ႔ိကို အကူအညီေတာင္းလာရင္ အကူအညီေပးဖို႔ အဆင္သင့္ ရိွပါတယ္။ တိုင္းရင္းသားပါတီေတြဘက္ကပဲျဖစ္ျဖစ္၊ NLD ဘက္ကပဲျဖစ္ျဖစ္။ အဓိက ပိုအေရးႀကီးတာကေတာ့ NLD ဘက္ေပါ့။ သူတုိ႔ဘက္က စိတ္ဆႏၵ၊ ႏို္င္ငံေရးဆႏၵ ရိွတယ္ဆိုရင္ေတာ့ ၾကားဝင္ၿပီးေတာ့ က်ေနာ္တိုိ႔ အမ်ားႀကီး လုပ္ေဆာင္ေပးလို႔ ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ NLD နဲ႔ ေဆြးေႏြးတဲ့ေနရာမွာ တိုင္းရင္းသားေတြအားလံုး တညီတညႊတ္ထဲ၊ ေတာင္းဆိုမႈ တညီတညႊတ္တည္းျဖစ္ေအာင္ ႀကိဳၿပီးညိွႏိႈင္းတဲ့ သေဘာမ်ဳိးလုပ္ဖို႔ အစီအစဥ္ မရိွဘူးလား။

ေျဖ ။ ။ အဲဒါကေတာ့ မေျပာတတ္ဘူး။ က်ေနာ္တို႔ အစုလိုက္အဖြဲ႔လိုက္ေတာ့ စုေနဖြဲ႔ေနၾကတာေတာ့ ရိွပါတယ္။ ဥပမာ က်ေနာ္တုိ႔ဆိုရင္ UNA ရိွတယ္။ အခုဆိုရင္လဲ ေပါင္းစည္း (၅) ပါတီလည္း သူ႔ဟာသူ စုေနတာ ရိွတယ္။ ဆိုေတာ့ ဘယ္လုိလုပ္ၾကမယ္၊ ျပဳၾကမယ္ဆိုၿပီးေတာ့ အားလံုးမူတစ္ခုတည္းနဲ႔ သြားတဲ့ပံုစံထိေတာ့ မလုပ္ႏို္င္ေသးဘူးလို႔ ျမင္တယ္။ ဒီေလာက္အထိ ဗမာမဟုတ္တဲ့ တုိင္းရင္းသားေတြမွာ စည္းလံုးညီညႊတ္မႈက မရိွေသးပါဘူး။

==Unicode==

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ကြုံတွေ့ခဲ့ရတဲ့ အတားအဆီးတွေကို ပါတီနှစ်ခုက ဘယ်လိုကျော်လွှာခဲ့ကြသလဲ။ ဘယ်လောက်အထိ လောလောဆယ်မှာ မျှော်လင့်ချက် ထားနိုင်သလဲ။ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုသလဲဆိုတာတွေကို SNLD ပါတီ တွဲဘက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာစိုင်းကျော်ညွှန့်ခင်များ တလောတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားတွေနဲ့လာပြီး တွေ့တဲ့ကိစ္စမှာ ပထမဦးဆုံး ကချင်မှာ သွားတွေ့ဖြစ်တဲ့အခါမှာ တွေ့ဖြစ်တယ်။ နောက် မွန်၊ ကယားတို့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြဘူး။ အဓိကအားဖြင့်တော့ နေရာ၊ တိုင်းရင်းသားတွေနဲ့ သူတို့ ဘယ်နေရာမှာ တွေ့မယ်ဆိုတဲ့ကိစ္စမှာ သဘောထားကွဲကြတယ်။ နောက်ပြီးတော့ ပါတီကိုယ်စားလှယ်နဲ့ မတွေ့ဘဲနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့မယ်ဆိုတဲ့ NLD ရဲ့ ရပ်တည်ချက်ကို တိုင်းရင်းသားတွေက လက်မခံလို့ မပြေလည်ကြဘူး။ ဆိုတော့ ဆရာတို့ SNLD နဲ့ကြတော့ ဒီကိစ္စမှာ တွေ့ဖြစ်သွားကြတယ်ဆိုတော့ ဒါဟာ ဘယ်လိုများ သဘောထားပြီးတော့၊ ဘယ်လိုများ ညှိနှိုင်းပြီးတော့ တွေ့ဖြစ်ကြသလဲဆိုတာကို နည်းနည်းအကျဉ်းရုံပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ SNLD ဗဟိုဌာနချုပ်ကို NLD က အဆင့်မြင့်ကိုယ်စားလှယ်တစ်ယောက် လာတယ်။ ကျနော်တို့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့ တွေ့သွားတယ်။ ပြီးတော့ ကျနော်တို့နဲ့ ဦးအောင်မိုးညို ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဖို့ဖြစ်ဖို့ကို နောက်ပိုင်းကျ ချိတ်ဆက်မယ်။ ဦးအောင်မိုးညိုနဲ့ ချိတ်ဆက်ထားနိုင်မယ်ဆိုတာကို ပြောပါတယ်။ နောက် နှစ်ရက်လောက်မှာ ကျနော်တို့ကို ချိတ်ဆက်ပါတယ်။ တောင်ကြီးမှာ တွေ့ဆုံဖို့။ အဲဒီတော့ မူအားဖြင့် ကျနော်တို့ လက်ခံလိုက်တယ်။ ဒါပေမဲ့ နေရာကတော့ ညှိနှိုင်းအုံးမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ပထမပိုင်းမှာ တောင်ကြီးမှာလဲ ညှိနှိုင်းရင်း ညှိနှိုင်းရင်း ရက်က (၁၅) ရက် ဖြစ်သွားတယ်။ ဒီကြားထဲမှာ (၁၄) ရက်နေ့ကလဲ တောင်ကြီးမှာ အခြေစိုက်တဲ့ ဒုဥက္ကဋ္ဌ (၂) ကိုလည်း NLD က အပြင်မှာ၊ ဟိုတယ်တစ်ခုမှာ တွေ့ဆုံတာ ရှိပါတယ်။ ဆိုတော့ (၁၅) ရက်နေ့မှာ ကျနော်တို့ ဟိုဘက်ဒီဘက် ကိုယ်စားလှယ်တွေ တွေ့ဆုံဖြစ်ဖို့ ဖြစ်လာတယ်။ အဲဒီလိုပြောလို့ ရပါတယ်။ တွေ့ဆုံတဲ့အချိန်ကြတော့ ကျနော်တို့ဘက်ကတော့ ပါတီအတွင်းရေးမှူးတွေဖြစ်ပြီး၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ တစ်ယောက်မှ မပါပါဘူး။

မေး ။ ။ SNLD ပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ခြင်းသာဖြစ်တယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်နဲ့ တွေ့တယ်ဆိုတဲ့ စည်းကမ်းချက်ကို သူတို့က ဖျက်လိုက်တယ်ပေါ့။
ဖြေ ။ ။ မရှိပါဘူး။ ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘယ်သူတွေနဲ့ တွေ့ရမယ်ဆိုတာကို မပြောပါဘူး။

မေး ။ ။ နေရာကိုကော သူတို့ ကန့်သတ်တာ ရှိပါလား။

ဖြေ ။ ။ နေရာကတော့ NLD ရှမ်းပြည်နယ်ရုံးကိုပဲ တွေ့ပါဆိုတော့ နောက်ဆုံး ကျနော်တို့ဘက်ကတော့ ဒါကို ကျနော်တို့ လူကြီးတွေဆီကိုလည်း သူတို့ဘက်က လာရောက်တွေ့ဆုံပြီးဆိုတော့ ကျနော်တို့ဆီကို သူတို့ဘက်က လာပြီးပြီဆိုတော့ ကျနော်တို့က သူတို့ဆီ ပြန်သွားတာ ကိစ္စမရှိပါဘူး။ ကျနော်တို့ နောက်ဆုံးလက်ခံပြီးတော့ တွေ့လိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ ပါတီကိုယ်စားလှယ်နဲ့ တွေ့ဆုံတယ်ဆိုတာကို သူတို့ဘက်က လက်ခံတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ် ဘာညာဆိုတာ မပြောဘူးဆိုတာကို လျှော့ပေးသလိုပဲ။ ဆရာတို့ဘက်ကလဲ နေရာနဲ့ ပတ်သက်ပြီး လိုက်လျောတယ်ဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ လျှော့တာ၊ မလျှော့တာတော့ ကျနော်တို့ မသိဘူး။ စပြောကတည်းက ဘယ်သူနဲ့ တွေ့ရမယ်ဆိုတာ မပါဘူး။ ကျနော်တို့ ရွေးချယ်ထားတဲ့ လူတွေနဲ့ တွေ့မယ်ပေါ့။ ဖွဲ့ထားတဲ့အဖွဲ့ ရှိတယ်။ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့။ အဲဒီလို တွေ့မယ်လို့တော့ ပြောထားတယ်။ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘယ်သူနဲ့ မတွေ့ရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ အစကတည်းက မပါဘူး။

မေး ။ ။ ကောင်းပါတယ်။ နောက်တစ်ခု ကျနော် မေးချင်တာက အခု တွေ့ဆုံတဲ့အခါမှာ အခြေအနေ atmosphere က ဘယ်လိုနေပါသလဲ။ အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့မယ်၊ ဘာညာဆိုတော့ အဲဒီအလားအလာကိုကော ဆရာတို့ ခန့်မှန်းလို့ ရပါသလား။ သူတို့နဲ့ ဆွေးနွေးတဲ့အခါမှာ။

ဖြေ ။ ။ သူတို့ဘက်က နားထောင်မှု ပိုများပါတယ်။ ကျနော်တို့ ဒီဘက်မူဝါဒတွေ၊ သဘောတရားတွေ၊ ကျနော်တို့ ရပ်တည်ချက်တွေ၊ အလုပ်တွေကို ပြောတဲ့အချိန်မှာ သူတို့ဘက်က မှတ်သားတာတွေ ပိုများပါတယ်။ သူတို့ဘက်က ပြန်ဆွေးနွေးမှုကတော့ အနည်းအကျဉ်းပဲ ရှိပါတယ်။ ဘာပဲပြောပြော တွေ့ဆုံဆွေးနွေးမှုကတော့ ဒီလိုပဲ သွားရမှာပဲ။ ဒါက ပထမဦးဆုံး တွေ့တာ၊ ကနဦးတွေ့ဆုံမှုဆိုတော့ နောက်ပိုင်းမှာတော့ ဒီထက်ပိုပြီးတော့ အလုပ်သဘောဆန်တဲ့ဟာ ဖြစ်ရင်လဲ ဖြစ်လာမယ်ပေါ့။ အဲဒီလိုပဲ မျှော်လင့်ရတာပေါ့။

မေး ။ ။ တိုင်းရင်းသားပါတီတွေထဲမှာ ဆရာတို့ ပါတီက အင်အားအကြီးဆုံး ပါတီတစ်ခု ဖြစ်တဲ့ တစ်ခုသောပါတီပေါ့။ ဖြစ်နေတယ်ဆိုတော့ တခြားတိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးကြတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာ သွားဆွေးနွေးကြတဲ့အခါမှာ ပိုပြီးလည်းအဆင်ပြေအောင်၊ အထောက်အကူဖြစ်အောင် ဆရာတို့အနေနဲ့ အဲဒီလို ညှိနှိုင်းပေးနိုင်မယ့် အခြေအနေ ရှိပါသလား။ ကျနော်တို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေတယ်။ ခင်များတို့လည်း ညှိကြပါဆိုတဲ့ သဘောမျိုး၊ ဦးဆောင်လမ်းပြသဘောမျိုးကော ဖြစ်လာနိုင်မယ့် အခြေအနေ ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ ပြောထားပါတယ်။ လိုအပ်ခဲ့သည်ရှိသော အခြားပါတီတွေ၊ စုစုပေါင်း (၄၈) ပါတီတွေကို စာပို့ထားတာ။ လိုအပ်ခဲ့သည်ရှိသော ကျနော်တို့ ကူညီနိုင်ပါတယ်ဆိုတာကိုတော့ သူတို့ိကို အတိအလင်း ပြောထားတာ ရှိပါတယ်။

မေး ။ ။ ကောင်းပါတယ်။ သူတို့ဘက်က အသုံးအနှုန်းတချို့ဆိုရင် - ဥပမာအားဖြင့် တိုင်းရင်းသားပါတီလို့ မခေါ်ဘူး။ ဒေါက်တာအောင်မိုးညိုက ပြောသွားတာကို ကြားလိုက်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ NLD ထဲမှာပါတဲ့ တိုင်းရင်းသားတွေက မကျေနပ်ဘူးဆိုတော့ တိုင်းရင်းသားဒေသတွေမှာ ဖွဲ့ထားတဲ့ ပါတီတွေကို ဒေသခံပါတီပဲခေါ်မယ်၊ တိုင်းရင်းသားပါတီလို့ မခေါ်ဘူး။ အဲဒီစကားကတော့ တော်တော်လေး ကသိကအောက် ဖြစ်မယ်လို့ တိုင်းရင်းသားတချို့က ပြောကြပါတယ်။ ဒီကိစ္စကို ဆရာတို့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကိုတော့ အဲဒီလိုမပြောတော့၊ ကျနော်တို့က ကိုယ်ကိုယ်တိုင်ကြားတာလဲ မဟုတ်တော့ ကျနော်တို့အနေနဲ့ ဘာပြန်ပြောရမှန်း မသိဘူး။

မေး ။ ။ ဟုတ်ကဲ့ … အဲဒါကတော့ သတင်းထောက်တွေမေးတာကို ပြန်ပြောသွားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဆရာတို့ တိုင်းရင်းသားတွေဘက်က မျှော်လင့်ချက်ကတော့ တော်တော်လေး မြင့်မားတယ်ပေါ့။ ဆိုတော့ အခု ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ဘယ်အတိုင်းအတာအထိ ခရီးရောက်လာနိုင်မလဲ။ ပထမဦးဆုံး ကနဦးအနေနဲ့ ဘယ်အဆင့်အထိ ဖြစ်မယ်လို့ ထင်ပါသလဲ။ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲနိုင်တဲ့ ပါတီတွေကို ဘယ်လောက်အထိ ဦးစားပေးလာမလဲ။ တိုင်းရင်းသားဒေသထဲက အစိုးရဖွဲ့တဲ့နေရာမှာ ဆရာအနေနဲ့ ဘယ်လိုစဉ်းစားမိပါသလဲ။

ဖြေ ။ ။ အခု နည်းနည်းစောပါသေးတယ်။ စောင့်ကြည့်ရအုံးမယ် ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုက ကနဦးပိုင်း ပုံစံပဲ ဖြစ်နေတော့ ကျနော်တို့အနေနဲ့ ကံသေကံမ သုံးသပ်ဖို့ နည်းနည်းခက်သေးပါတယ်။

မေး ။ ။ အခု တချို့ကတော့ သုံးသပ်ကြတယ်။ သုံးသပ်စရာလည်း ဖြစ်နေတယ်။ တပ်မတော်ကလည်း တိုင်းရင်းသားတွေနဲ့ သူတို့သင့်မြတ်ရေးကို သူတို့လမ်းကြောင်းနဲ့ သူတို့ သွားနေတယ်။ အစိုးရကလည်း သူတို့လမ်းကြောင်းနဲ့ သူတို့ သွားနေတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ရခိုင်မှာ AA နဲ့ အပစ်ရပ်ဆဲဖို့ လုပ်ဖို့ တပ်မတော်ကလုပ်တယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းတယ်။ ရှမ်းပြည်နယ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ ဒါကို NLD အစိုးရက တက်တက်ကြွကြွ မရှိဘူး။ လက်မခံသလို ဖြစ်နေတယ်ဆိုတဲ့ ကိစ္စတွေ။ ဒီလိုကွဲလွဲမှုတွေ ရှိနေတာကို သူတို့နှစ်ဘက် စုစည်းပြီးတော့ တပေါင်းတည်းလုပ်နိုင်မယ်လို့ ထင်ပါသလား။ ဘယ်လိုမျှော်လင့်ချက် ဆရာတို့ဘက်က ထားပါသလဲ။

ဖြေ ။ ။ အခုကတော့ အစိုးရသစ် ဖွဲ့စည်းခါနီး အချိန်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ပြီးတော့ ဟိုဘက်ဒီဘက် လွန်ဆွဲတာပေါ့။ အစိုးရဖွဲ့စည်းရေးမှာ ရှင်းရှင်းပြောရရင် အာဏာအားပြိုင်ကြတာပေါ့။ ဒါကတော့ အစိုးရဖွဲ့စည်းပြီးသွားချိန်မှာ ဒါတွေက ငြိမ်သွားမယ် ထင်ပါတယ်။ ဒီကြားကာလမှာတော့ စေ့စပ်ညှိနှိုင်းပြီး လုပ်ကြမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဆရာတို့ မြေပေါ် တရားဝင်နိုင်ငံရေးပါတီတွေ အနေနဲ့က တိုင်းရင်းသားဒေသ တော်တော်များများပါ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ သူတို့တွေနဲ့ ဒီကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှု ရှိပါသလား။ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တယ်လို့ မထင်ဘူးလား။

ဖြေ ။ ။ တချိန်ချိန်ကျရင်တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ အစိုးရနဲ့ တပ်မတော်နဲ့ပဲ စေ့စပ်ညှိနှိုင်းဆွေးနွေးတာကို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို့ ခေါ်ကြတာပဲ။ တကယ်တမ်းကြတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတယ်။ တိုင်းရင်းသားပါတီတွေ ရှိတယ်။ ပြည်မပါတီတွေလည်း ရှိတာပဲ။ ဒါတွေအားလုံးကို တချိန်ချိန်ကျရင်တော့ အားလုံးစေ့စပ်ညှိနှိုင်းနိုင်တဲ့ ပုံစံဆိုရင်တော့ ပိုကောင်းမယ်ပေါ့။ လတ်တလောတော့ နည်းနည်းတော့ လုပ်ရခက်အုံးမယ့် သဘောတော့ ရှိပါတယ်။

မေး ။ ။ တိုင်းရင်းသားဒေသတွေမှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက ပိုပြီးတော့ အဆင်ပြေနိုင်ပေမယ့် ပြည်မဆိုကြပါစို့။ ဗဟိုမှာ ဖြစ်နေတဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကတော့ ကောလဟာလာတွေ အမျိုးမျိုး ထွက်နေပါတယ်။ ဆရာတို့ ဘယ်လိုကြားမိပါသလဲ။ ဆရာတို့လည်း ကြားကောင်းကြားမှာပေါ့။ ဒီဟာတွေက စိုးရိမ်စရာ ဘယ်လောက်ရှိမယ် ထင်ပါသလဲ။

ဖြေ ။ ။ အဲဒီအပိုင်းမှာ ကျနော်တို့လည်း မသုံးသပ်နိုင်သေးဘူး။ အဖြစ်အပျက်တွေကတော့ ဒီတစ်လ၊ နှစ်လအတွင်းမှာ အများကြီး ဖြစ်ပျက်ပြောင်းလဲနိုင်တယ်။ ဒီကိစ္စကိုလည်း အခုန ကျနော်ပြောသလိုပါပဲ ပါဝါ လွန်ဆွဲနေတာပဲ။ အဲဒီတော့ နှစ်ဘက်စလုံးကတော့ အာဏာကို လိုလားကြမှာပဲ။ အဲဒီအပေါ်မှာတော့ ခဏတော့ စောင့်ကြည့်ရအုံးမယ် မြင်ပါတယ်။ ကျနော်တို့ ဒီလောက်အထိတော့ မသုံးသပ်နိုင်သေးဘူး။

မေး ။ ။ နောက်ဆုံး အမျိုးသားညီညွှတ်ရေး အစိုးရ ဖွဲ့စည်းလာမယ်ဆိုတဲ့ ကိစ္စမှာ တိုင်းရင်းသားတွေ ဘယ်လောက်အထိ ပါလာနိုင်မလဲ။ တချို့ကတော့ ဗဟိုအစိုးရထဲမှာ တိုင်းရင်းသားတွေကို ထည့်ဖို့လိုတယ်။ နောက်ပြီးတော့ ဒေသမှာလည်း တိုင်းရင်းသားတွေကို ထည့်ဖို့လိုတယ်။ သို့သော်လဲ တိုင်းရင်းသားတွေထဲက သူတို့ကြိုက်တဲ့ လူကိုပဲ ခေါင်းခေါက်ပြီးတော့ ရွေးလာနိုင်မလား။

ဖြေ ။ ။ ဒီလို အမျိုးသားရင်ကြားစေ့ရေး အစိုးရ ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်။ ပြောလို့သာ ကျနော်တို့က လိုက်ပြောနေရတာ။ အဲဒါ သူတို့ နောက်ခြေလမ်းတစ်လမ်း ထပ်လမ်းမှပဲ ဘယ်ခြေလမ်းကို သွားမယ်ဆိုတာကို ပိုပြီးတော့ သုံးသပ်နိုင်မယ်ဆိုတာကို မြင်မယ်။ လက်ရှိကတော့ သာမရိုးကျ တွေ့ဆုံဆွေးနွေးမှုလောက်ပဲ ကျနော်တို့ မှတ်ယူပါတယ်။

မေး ။ ။ နောက်ဆုံးတစ်ခု မေးပါရစေ။ အဲဒါကတော့ အခြားသော မတွေ့ရသေးတဲ့ တိုင်းရင်းသားပါတီတွေကများ ဆရာတို့နဲ့ လာပြီးတော့ တွေ့ရင်ကောင်းမလား၊ ဘယ်လိုလုပ်ကြမလဲဆိုပြီး တိုင်းရင်းသားပါတီအချင်းချင်း ညှိနှိုင်းမှု ရှိပါသလား။ ညှိနှိုင်းလာနိုင်တဲ့ အခြေအနေကော ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ကတော့ လိုအပ်လာရင်၊ ကျနော်တို့ိကို အကူအညီတောင်းလာရင် အကူအညီပေးဖို့ အဆင်သင့် ရှိပါတယ်။ တိုင်းရင်းသားပါတီတွေဘက်ကပဲဖြစ်ဖြစ်၊ NLD ဘက်ကပဲဖြစ်ဖြစ်။ အဓိက ပိုအရေးကြီးတာကတော့ NLD ဘက်ပေါ့။ သူတို့ဘက်က စိတ်ဆန္ဒ၊ နိုင်ငံရေးဆန္ဒ ရှိတယ်ဆိုရင်တော့ ကြားဝင်ပြီးတော့ ကျနော်တို့ အများကြီး လုပ်ဆောင်ပေးလို့ ရပါတယ်။

မေး ။ ။ အဲဒီတော့ NLD နဲ့ ဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားတွေအားလုံး တညီတညွှတ်ထဲ၊ တောင်းဆိုမှု တညီတညွှတ်တည်းဖြစ်အောင် ကြိုပြီးညှိနှိုင်းတဲ့ သဘောမျိုးလုပ်ဖို့ အစီအစဉ် မရှိဘူးလား။

ဖြေ ။ ။ အဲဒါကတော့ မပြောတတ်ဘူး။ ကျနော်တို့ အစုလိုက်အဖွဲ့လိုက်တော့ စုနေဖွဲ့နေကြတာတော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ဆိုရင် UNA ရှိတယ်။ အခုဆိုရင်လဲ ပေါင်းစည်း (၅) ပါတီလည်း သူ့ဟာသူ စုနေတာ ရှိတယ်။ ဆိုတော့ ဘယ်လိုလုပ်ကြမယ်၊ ပြုကြမယ်ဆိုပြီးတော့ အားလုံးမူတစ်ခုတည်းနဲ့ သွားတဲ့ပုံစံထိတော့ မလုပ်နိုင်သေးဘူးလို့ မြင်တယ်။ ဒီလောက်အထိ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေမှာ စည်းလုံးညီညွှတ်မှုက မရှိသေးပါဘူး။

XS
SM
MD
LG