သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူအမြင်


အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူအမြင်
အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူအမြင်

ဝါရှင်တန် ဒီစီမှာ ကျင်းပနေတဲ့ အမေရိကန်- အာဆီယံ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲကတော့ သောကြာနေ့မှာ အဆုံးသတ်ပါပြီ။ မြန်မာ့အရးကိုပါ ထည့်သွင်း ဆွေးနွေးကြတဲ့ ဒီထိပ်သီး အစည်းအကနေ မျှော်လင့်နိုင်စရာ ဘာတွေ ရှိနိုင်မလဲ ဆိုတာကိုတော့ မဝေနှင်းပွင့်သုန်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူအမြင်

{{Zawgyi/Unicode}}

ဝါရှင်တန် ဒီစီမှာ ကျင်းပနေတဲ့ အမေရိကန်- အာဆီယံ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲကတော့ သောကြာနေ့မှာ အဆုံးသတ်ပါပြီ။ မြန်မာ့အရးကိုပါ ထည့်သွင်း ဆွေးနွေးကြတဲ့ ဒီထိပ်သီး အစည်းအကနေ မျှော်လင့်နိုင်စရာ ဘာတွေ ရှိနိုင်မလဲ ဆိုတာကိုတော့ လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ မဝေနှင်းပွင့်သုန်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။


ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် ဝါရှင်တန်ဒီစီမှာ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လာရင် ဒီထိပ်သီးဆွေးနွေးပွဲကနေ ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲခင်ဗျ။

မဝေနှင်းပွင့်သုန် ။ ။ ကျမတို့ မြန်မာ ပြည်သူတွေကတော့ မျှော်လင့်ချက်ရှိပါတယ်။ အမေရိကန် အနေနဲ့ရော အာဆီယံ အနေနဲ့ရော လုပ်နိုင်တာတွေ အများကြီးရှိပေမဲ့ ခက်တာက သူတို့ လုပ်နိုင်တာတွေကို မလုပ်တာတွေ့ရတော့ စိတ်ပျက်မိပါတယ်။ ပြီးတော့ ဘော်လီဘော ပုတ်တဲ့ပုံစံမျိုးတွေ တွေ့ရတယ်ပေါ့။ အားမရတာမျိုး ဖြစ်မိတယ်။ မြန်မာနိုင်ငံအခြေအနေကို ကြည့်ရင် ပြည်သူလူထု ခံစားနေရတာက လူ့အခွင့်အရေး မှာပဲဖြစ်ဖြစ် ၊ လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေတွေကိုပဲ ကြည့်ကြည့် အတော့်ကို ဆိုးဝါးတဲ့ အခြေအနေမှာ ရောက်နေတဲ့ အခါကျတော့ ဘော်လီဘော ပုတ်နေကြမယ့်အစား ကိုယ်လုပ်နိုင်မယ့်ဟာမျိုးကို လုပ်ကြဖို့ကို ကျမတို့က မျှော်လင့်တယ်။ အမေရိကန်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်စေချင်တယ်။ အာဆီယံ ဆိုရင်လည်း ပြောနေတာက ညှိနှိုင်းဆွေးနွေးဖို့ ၊ ဒါကတော့ ကျမတို့ ပြည်သူလူထုတွေဖက်က ဘယ်လိုမှ သဘောမတူနိုင်တဲ့ အရာတွေပေ့ါနော်။ ဒါပေမဲ့ အခုချိန်ထိ ပြန်ကြည့်ရင် မျှော်လင့်ချက်က နည်းနည်း နဲနေတယ်လို့ပဲ ပြောရမှာပေါ့ ။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် မနှစ်က အင်ဒိုနီးရှားမှာ အာဆီယံဘုံသဘောတူချက် (၅)ရပ်ကို ချမှတ်ခဲ့တယ်။ မြန်မာဖက်ကတော့ ခုချိန်ထိ သေချာ အကောင်ထည်ဖေါ်မှု အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်နေပါတယ်။
အဲဒီနည်းက သိပ် အလုပ်မဖြစ်ဘူးလို့ ပြောကြတယ်။ အဲဒီတော့ အမေရိကန် နဲ့ အာဆီယံက တကယ် လုပ်သင့်လုပ်ထိုက်တဲ့ အခြားဘယ်လိုနည်းလမ်းတွေ ရှိနိုင်မယ်လို့ မြင်မိလဲ ။

မဝေနှင်းပွင့်သုန် ။ ။ ပထမဆုံးပြောချင်တာက ပြည်သူလူထုဆန္ဒကို နားထောင်ဖို့က အရေးကြီးပါတယ်။ သဘောတူညီချက် ၅ ချက်က တနှစ်တောင် ကြာလာပြီ။ ၅ ချက်မပြောနဲ့ အခြေခံ လူ့အခွင့်အရေးကိစ္စတွေတောင် ဖော်ပေးခဲ့တာမရှိဘူး။ စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးရင် ကောင်းမလား။ သူတို့လုပ်ပေးရင် လူ့အခွင့်အရေးကိစ္စတွေဖြစ်လာမလားဆိုပြီး အမေရိကန် အစိုးရပဲဖြစ်ဖြစ် နိုင်ငံတကာ အစိုးရတွေ နိုင်ငံတကာအသိုင်းဝိုင်းတွေက ပြည်သူလူထုတွေရဲ့ ဆန္ဒကို အဓိက နားထောင်ပေးဖို့ ၊ လေးစားပေးဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လူ့အခွင့်အရေးအတွက်ကို တိုက်ပွဲဝင်နေတာလေ။ စစ်ကောင်စီဆိုတာ လူသတတ်နေတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်နေတာ။ ဘယ်သူနဲ့ ညှိနှိုင်းရမယ်။ ဘယ်သူနဲ့ ဆွေးနွေးရမယ်ဆိုတာ ပညာတတ်သူတိုင်းစဉ်းစားလို့ရ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီနေရာမှာ လူ့အခွင့်အရေး ကိစ္စပါလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် နဲ့ အာဆီယံခေါင်းဆောင်တွေကြားမှာ ဘယ်လောက်အထိ တိုက်တိုက်တွန်းတွန်းပြောမယ်ထင်လဲဗျ။

မဝေနှင်းပွင့်သုန် ။ ။ မြန်မာနိုင်ငံအကြောင်းပြောတယ်ဆိုတော့ ကိုယ်နိုင်ငံအကြောင်းပြောလို့ရတယ်။ တကယ်တန်း နိုင်ငံတကာအသိုင်းအဝိုင်းတွေ့ရင် သံတမန်ရေးဆန်တော့ သူတို့ ပထဝီနိုင်ငံရေးပြောလိမ့်မယ်။ အာဆီယံနဲ့စကားပြောရင် စီးပွားရေးကိစ္စပြောရင် တရုတ်က ပါလာလိမ့်မယ် ။ မြန်မာနိုင်ငံအကြောင်းပြောရင် ပြောလိမ့်မယ် ။ အရေးကြီးတာတော့ မပါလောက်ဘူး။ ဒါပေမယ်လည်း သူတို့လုပ်သင့်လုပ်ထိုက်တာတွေရှိတာအတွက်ကို နိုင်ငံတကာမှာ ရောက်နေကြတဲ့ပြည်သူလူထုတွေနဲ့ ပြည်တွင်းထဲမှာရှိကြတဲ့ ပြည်သူလူထု့တွေကတော့ ရပ်သွားမှာမဟုတ်ဘူး။ သူတို့ပြောပြော မပြောပြော။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် စစ်ရေးပဋိပက္ခတွေကြောင့် ပုန်းခိုနေရတယ်။
အခု အာဆီယံက လူသားချင်းစာနာမှုအစီအစဉ်တွေက စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်မယ်လို့ မြင်ရပါတယ်။ တကယ်လုပ်ဆောင်မှုတွေကို ဘယ်လိုဆောင်ရွက်သင့်ပါလဲ။

မဝေနှင်းပွင့်သုန် ။ ။ ကျမတို့နိုင်ငံမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေရှိတယ်။ ဒါက စစ်ကောင်စီ က လုပ်နေတာ။ စစ်ကောင်စီကို အသုံးချပြီး စစ်ဘေးရှောင်တွေဆီ ပို့ပေးမယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်တဲ့အရာပေါ့နော်။ တကယ်တန်းတာ စစ်ဘေးရှောင်တွေကို ကူညီချင်တယ်ဆိုရင် တခြားနိုင်ငံကလည်း စီစဉ်လို့ရတယ်။ စစ်ကောင်စီက သွားဖို့ဆိုတာ မဖြစ်သင့်တဲ့အရာ။ လုပ်ရင်လည်း တကယ်တန်းထိရောက်မယ့်အရာမျိုးမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ သူတို့မှာ စနစ်တွေရှိပြီးသား။ ရိက္ခာကို ဘယ်လို ပို့ဆောင်ပေးလို့ရမယ်ဆိုတာရှိပြီးသား။ အဲဒီလိုမျိုးပဲ ကျမတို့မှာ အမျိုးသားညီညွတ်ရေးအစိုး ကတဆင့်သွားမယ်ဆိုရင် သူတို့မှာ ကွန်ယက်တွေရှိပြီးသား။ စစ်ကောင်စီက တဆင့်ဆိုတာ မဖြစ်သင့်တာပါ။

တိုက်ရိုက် လင့်ခ်

...............................................












XS
SM
MD
LG