သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းတွင်း ရေဘေးသင့်ပြည်သူတွေကို WPF ကူညီထောက်ပံ့


မြန်မာနိုင်ငံတွင်းက ရေဘေးသင့်ဒေသတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ကူညီထောက်ပံ့ပစ္စည်းတွေ လိုက်လံဝေငှပေးစဥ်။ (ဓာတ်ပုံ-WFP Myanmar fb/သြဂုတ် ၈၊ ၂၀၂၄)
မြန်မာနိုင်ငံတွင်းက ရေဘေးသင့်ဒေသတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ကူညီထောက်ပံ့ပစ္စည်းတွေ လိုက်လံဝေငှပေးစဥ်။ (ဓာတ်ပုံ-WFP Myanmar fb/သြဂုတ် ၈၊ ၂၀၂၄)

ဧရာဝတီတိုင်းထဲက ရေဘေးသင့်ပြည်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က ပြီးခဲ့တဲ့ တပတ်ကစပြီးစားနပ်ရိက္ခာတွေ သွားရောက်ပေးပို့ခဲ့တယ်လို့ WFP နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး က ထုတ်ပြန်ပါတယ်။ ဒါဟာ ၉နှစ်အတွင်းဧရာဝတီတိုင်းတွင်း WFP ရဲ့ ပထမဆုံး တုံ့ပြန်ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲမှာ ရေဘေးသင့်ပြည်သူ ၅ သိန်းလောက်ရှိမယ်လို့လည်း ခန့်မှန်းရပြီး လာမယ့်ရက်ပိုင်း အတွင်း လူ ၃သောင်းခွဲလောက်အတွက် ဆန်နဲ့ အာဟာရမုန့်တွေသွားရောက်ပေးပို့ဖို့လည်း ခန့်မှန်း ထားပါတယ်။ မြန်မာ့ဆန်အိုးကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ ဧရာဝတီတိုင်းဟာ ရေကြီးရေလျှံတာမျိုးလို ဥတုရာသီပြောင်းလဲမှုဒဏ်နဲ့ အတော့်ကိုရင်ဆိုင်ရနိုင်ခြေရှိနေပြီး လက်ရှိရေကြီးမှုကြောင့် ဆန်ထွက်နှုန်း အပေါ် သက်ရာက်မှုတွေ ဖြစ်လာစေတယ်လို့ မြန်မာဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Sheela Marrhew ကပြောပါတယ်။ ရေကြီးရေလျှံမှုရဲ့ သက်ရောက်မှုက ဧရာဝတီတိုင်းတခုတင်မကဘဲ မြန်မာတနိုင်ငံလုံးအပေါ်မှာပါ ကျရောက်မယ့်ပုံရှိသလို WFP အနေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ လျော့ပါးသက်သာအောင် အလျင်အမြန်ဆောင်ရွက်နေပါတယ်လို့လည်း ပြောပါတယ်။

ခုလိုရေကြီးရေလျှံမှုမဖြစ်ခင်ကတည်းက ဧရာဝတီတိုင်းဒေသကြီးထဲက လူဦးရေ ၄ ပုံ ၁ ပုံဖြစ်တဲ့ လူ ၁ သန်းခွဲလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေကြတယ်လို့လည်း မြန်မာနိုင်ငံ လူသားချင်းစာနာမှုလိုအပ်ချက်နဲ့တုံ့ပြန်ရေးစီမံချက် ၂၀၂၄ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဧရာဝတီတိုင်းထဲက WFP မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကနဦးထုတ်ပြန်ချက်တွေအရ လယ်မြေဧက သိန်းချီ ရေနစ်မြုပ်ခဲ့ရပြီး အခြေအနေအဆိုးဆုံး ဒေသတွေမှာတော့စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် မိလ္လာစနစ်တွေအတွက် အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လည်း WFP က ပြောထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ရေဘေးသင့်ပြည်သူ ၁ သိန်း ၃ သောင်းအတွက် WFP က စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့သလို ရခိုင်ပြည်နယ်တွင်းက လိုအပ်တဲ့အကူအညီတွေ ပေးပို့နိုင်အောင် အသင့်ပြင်ထားပါတယ်လို့လည်း WFP ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG