သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

CDM ဝန္ထမ္းအမ်ားအျပား စားဝတ္ေနေရးအခက္အခဲ ႀကံဳေတြ႔ေန 


Myanmar

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကသူ အစိုးရဝန္ထမ္းအမ်ားအျပား စားဝတ္ေနေရးအၾကပ္အတည္းနဲ႔ ႀကံဳေတ႔ြေနၾကပါတယ္။ ဒီအၾကပ္အတည္းေၾကာင့္ အသက္ဆံုး႐ႈံး သြားရသူေတြေတာင္႐ွိတယ္လို႔ ေရနံေျမဝန္ထမ္းေတြက ေျပာပါတယ္။ CDM ဝန္ထမ္းေတြျဖစ္ေနလို႔ ပုဂၢလိကကုမၸဏီေတြက အလုပ္မခန္႔ရဲတာ၊ အိမ္႐ွင္ေတြက အိမ္ခန္းမငွားရဲတာမ်ဳိးေတြလည္း ၾကံဳၾကရတာေၾကာင့္ တခ်ဳိ႕ဝန္ထမ္းေတြ အလုပ္ခြင္ ျပန္ဝင္သြားၾကတာလည္း႐ွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္မွာ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္႐ွားမႈေတြစတင္ခဲ့ခ်ိန္မွာ ႏိုင္ငံတဝန္းက အစိုးရဝန္ထမ္းအေျမာက္အမ်ား ပါဝင္ခဲ့ၾကပါတယ္။ ပညာေရးဌာန၊ က်န္းမာေရးဌာန၊ ေဆာက္လုပ္ေရးဌာန၊ မီးရထားဌာန၊ စြမ္းအင္ဌာန စတဲ့ဌာနဆိုင္ရာက ဝန္ထမ္းအမ်ားအျပား CDM လုပ္ခဲ့ၾကပါတယ္။ အဲဒီလုိ CDM လႈပ္႐ွားမႈမွာပါဝင္တဲ့ ဝန္ထမ္းေတြကို စစ္ေကာင္စီကလည္း ဝန္ထမ္းအိမ္ယာေတြကေန အတင္းဖယ္႐ွားတာ၊ ဥပေဒတပ္ တရားစဲြတာေတြလုပ္ၿပီး တံု႔ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ CDM ဝန္ထမ္း ေတာ္ေတာ္မ်ားမ်ား တိမ္းေ႐ွာင္ခဲ့ၾကရၿပီး အခက္အခဲေတြ ႀကံဳေနၾကပါတယ္။

CDM ဝန္ထမ္းေတြကို နီးစပ္ရာ ေထာက္ပံ့ကူညီမႈေတြ႐ွိခဲ့ေပမယ့္ ၁ ႏွစ္ေက်ာ္အခ်ိန္ၾကာလာခ်ိန္မွာ ပံ့ပိုးမႈမရေတာ့သူေတြ မ်ားလာပါ တယ္။ တခ်ဳိ႕က မိသားစုေတြက ေထာက္ပံ့ေပမယ့္ ေရ႐ွည္ဝင္ေငြမ႐ွိတဲ့အတြက္ ရပ္တည္ဖို႔ ခက္ခဲလာတယ္လို႔ ရန္ကုန္တိုင္း အေထြေထြအုပ္ေရးဦးစီးဌာန CDM ဝန္ထမ္းတဦးက ေျပာပါတယ္။

“စိန္ေခၚမႈေတြက အမ်ားႀကီးရွိတယ္။ အမ်ားႀကီးဆိုတာက မိသားစုမွာလည္း စိန္ေခၚမႈေတြရွိလာတယ္။ ဝင္ေငြမရွိေတာ့ ရပ္တည္ဖို႔ ခက္လာတယ္။ အခုလက္ရွိမွာေတာ့ မိသားစုေလာက္ပဲ ကိုယ့္ကို ေထာက္ပံ့ေနရတယ္။ အဲ့လိုအေျခအေနေတြ ျဖစ္ေနတယ္။ မိသားစုကပဲ ကုိယ့္ကို အခုခ်ိန္ထိ ေထာက္ပံ့ၿပီးေနေနရတယ္။ အလုပ္ရွာရတာကေတာ့ အဲ့လိုမ်ဳိး CDM လုပ္ထားတဲ့သူေတြကို အလုပ္သိပ္ၿပီးမခန္႔ခ်င္ၾကဘူး။”

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္၊ ေထာက္ရွာပင္ ေရနံေျမက CDM ဝန္ထမ္းေတြထဲမွာဆိုရင္ ထမင္းနပ္မွန္ေအာင္ မစားရသူေတြ လည္း မ်ားလာတယ္လို႔ CDM ဝန္ထမ္းတဦးက ေျပာပါတယ္။ စားဝတ္ေနေရးအခက္အခဲေၾကာင့္ အသက္ဆံုး႐ႈံးသြားတဲ့ ေရနံေျမက CDM ဝန္ထမ္း ၁၂ ေယာက္ေလာက္ေတာင္႐ွိတယ္လို႔ သူကေျပာပါတယ္။

“တခ်ဳိ႕ကေတာ့ ေစာေစာက က်ေနာ္ေျပာသြားသလိုပဲ။ ထမင္း သံုးနပ္ ပံုမွန္ သံုးနပ္စားတာကိုး။ တနပ္စားတဲ့လူ ရွိတယ္။ ၿပီးေတာ့ က်ေတာ့ ဟို… ပံုမွန္လူတိုင္းဆီမွာ ၾကက္ဥတလုံး ေၾကာ္စားၾကေပမယ့္ ၾကက္ဥတလုံးကို ညမနက္စားၾကတာရွိတယ္။ အဲ့လိုမ်ဳိး အစားဝတ္ေန က်ေနာ္တို႔မွာ ေထာက္ပံ့မႈကလည္း ဘာမွမရွိဘူး။ ဘာမွမရွိတာေၾကာင့္ က်ေနာ္တို႔မွာ အရမ္းလည္း အခက္အခဲ ျဖစ္တယ္ေပါ့။ မျဖစ္ပါဘူးဆိုရင္ က်ေနာ္တို႔မွာ ဟိုဟာေပါ့ ။တလကို ၃ ေသာင္းေလာက္ အရင္တုန္းက ေထာက္ပံ့မႈေတြရတယ္။ အဲ့ေလာက္ရရင္ မဆိုဘူးေပါ့။ အခုက တလကို တျပားမွ မရေတာ့က်ေတာ့ အကုန္လံုးက အခက္အခဲေတြ ရွိတယ္။ အဲ့လိုမ်ဳိး၊ တခ်ဳိ႕ေတာ့က်ေတာ့ က်ေနာ္တုိ႔ CDM လုပ္ရင္းတန္းလန္းနဲ႔ ဆံုးသြားတာေတြရွိတယ္။ စားဝတ္ေနေရး အခက္အခဲေၾကာင့္၊ အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔မွတ္ထားတဲ့ အေရအတြက္အရေတာ့ ၁၂ ေယာက္ေလာက္ေတာ့ ရွိသြားၿပီဗ်။”

အရင္ကရခဲ့တဲ့ အေထာက္အပံ့ေတြကလည္း အခုေနာက္ပိုင္း မရွိသေလာက္ ျဖစ္သြားၿပီလို႔ သူကေျပာပါတယ္။ ဒါေၾကာင့္ CDM လႈပ္႐ွားမႈမွာ ပါဝင္ခဲ့တဲ့ အစိုးရဝန္ထမ္းတခ်ဳိ႕ အလုပ္ခြင္ ျပန္ဝင္သြားၾကသူေတြလည္း ႐ွိေနပါတယ္။

“ရွိပါတယ္။ ရွိပါတယ္ဆိုေတာ့ က်ေနာ္တို႔ တခ်ဳိ႕ကက်လည္း ေနစရာနဲ႔ စားဝတ္ေနေရး အခက္အခဲေၾကာင့္ ဘယ္လိုမွေရွာင္လႊဲလို႔ မရတဲ့အေနအထားေၾကာင့္ ျပန္ဝင္သြားတာေတြလည္း ရွိတယ္။ တခ်ဳိ႕ကက်ေတာ့ စားဝတ္ေနေရး ခက္ခဲရင္ ခက္ခဲပါေစ ဆက္လုပ္မယ္ဆိုတဲ့ စြာတဲ့လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ရွိပါေသးတယ္။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ စဝင္ကခါ စလုပ္ခါစေတာ့ ၁,၀၀၀ ေက်ာ္ေက်ာ္ေလာက္ရွိမယ္။ အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔မွာ စားဝတ္ေနေရးအခက္အခဲ ဒီ ေထာက္ပံ့မႈကလည္း အရင္လို မရွိေတာ့ဘူး၊ က်ေနာ္တို႔မွာ မရွိေတာ့က်ေတာ့ အရမ္းခက္ခဲျဖစ္သြားက်ေတာ့ တခ်ဳိ႕က်ေတာ့ ျပန္ေတာ့မဝင္ဘူး။ တခ်ဳိ႕က်ေတာ့ ဝင္ျပန္ၾကတယ္။ ေလာေလာဆယ္ေတာ့ က်ေနာ္တုိ႔မွာ ၇၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ က်န္ေသးတယ္။”

မေကြးတိုင္း မင္းဘူးၿမိဳ႕နယ္ ေထာက္ရွာပင္ ေရနံေျမက ဝန္ထမ္း ၁,၀၀၀ ေလာက္ ဟာ CDM ပါဝင္ခဲ့ၾကတဲ့ထဲမွာ ၃၀၀ ေက်ာ္ေလာက္ အလုပ္ခြင္ျပန္ဝင္သြားတာျဖစ္ ပါတယ္။ CDM ဝန္ထမ္းေတြ အစိုးရအလုပ္ကို စြန္႔လႊတ္ၿပီးေနာက္ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္သူ ေစ်းေရာင္းသူ တျခားအလုပ္ ေျပာင္းလုပ္ကိုင္သူေတြလည္း႐ွိပါတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္း CDM ဝန္ထမ္းေတြဆိုရင္ အလုပ္သစ္ရွာဖို႔ အိမ္ခန္းငွားဖုိ႔ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ ကို္ယ္တိုင္ႀကံဳ ေတြ႔ေနရတဲ့ CDM ဝန္ထမ္းတဦးက ေျပာျပပါတယ္။

“အၾကမ္းမဖက္ဘဲ အာဏာဖီဆန္မယ္ဆိုၿပီးေတာ့ က်ေနာ္တုိ႔က ကိုယ့္ရပ္တည္ ခ်က္နဲ႔ကိုယ္ ႐ုန္းထြက္လာခဲ့ၾကတာေပါ့ေနာ္။ ၾကာလာေတာ့ ဘာျဖစ္လဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္းႀကံဳေတြ႔ ခဲ့ရတာေပါ့ေနာ္။ CDM သမားဆုိလို႔ရွိရင္ တျခားအလုပ္ ရဖို႔ အခု အေျခအေနမွာ ခက္ခဲလာတာတို႔ ဘာတို႔ေျပာရင္ ဘယ္မွာအရင္လုပ္ဖူးလဲ၊ ကိုယ္ေမးရင္ ဘယ္မွာလုပ္တယ္။ ဘာလိုေၾကာင့္ ဒီလိုအေျခအေနေၾကာင့္ ဒီ လို အလုပ္ထြက္လိုက္တာပါ ဘာညာေျပာရင္ သူတို႔ ကုမၸဏီေတြဘက္က ဒီအလုပ္ ရွင္ေတြဘက္ကလည္း ျပန္ၾကည့္မွာေပါ့ေနာ္။ ကာလကလည္းၾကာၿပီ။ သူတို႔ လည္း သူတို႔စီးပြားေရးအထိခိုက္မခံဘူး။ အဲ့လိုျဖစ္မွာေပါ့ေနာ္။ ၿပီးေတာ့ ဒီအိမ္ခန္းေတြဘာေတြ ငွါးမယ္ဆိုလို႔ရွိရင္လည္း ဒါ CDM မို႔ မငွါးခ်င္ဘူးတို႔ ဘာတို႔ ဒါမ်ဳိးေတြလည္း က်ေနာ္တို႔ ႀကံဳလာရတယ္။ က်ေနာ္တို႔ စၿပီးေတာ့ CDM လုပ္တုန္းက အေျခအေနနဲ႔ ေတာ္ေတာ္ေလးကြာျခားသြားတဲ့ အေျခအေနေတြ ျဖစ္လာတယ္ေပါ့ေနာ္။ ဒါေတြကေတာ့ က်ေနာ္တို႔ လက္ရွိမွာလည္း ရင္ဆိုင္ေနရတာေပါ့ေနာ္။”

နယ္ဘက္ေတြက တိမ္းေ႐ွာင္ေနၾကရတဲ့ ဝန္ထမ္းတခ်ဳိ႕ဟာ ေတာအုပ္ေတြထဲမွာ ရွင္းလင္းၿပီး ေနထိုင္ရတာမ်ဳိး၊ သူမ်ားအိမ္ေဘးမွာ ယာယီတဲထိုးၿပီး ေနေနၾကရသူေတြလည္း႐ွိပါတယ္။ အခုလို ေနေရးစားေရး အေတာ္ကို ခက္ခဲေနၾကတဲ့အတြက္ ေရ႐ွည္ ဆက္လက္ရပ္တည္ႏုိင္ဖုိ႔ ပံ့ပုိးကူညီမႈေတြကို ေမွ်ာ္လင့္ေနၾကပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ လဆန္းပိုင္းကစလို႔ ႏိုင္ငံအႏွံ႔ ဌာနေပါင္းစံုက အစိုးရဝန္ ထမ္းအမ်ားစု အၾကမ္းမဖက္ အာဏာဖီဆန္ေရးမွာ ပါဝင္ခဲ့ၾကတဲ့အတြက္ အခုခ်ိန္ ထိ နယ္ၿမိဳ႕အမ်ားစုကအပါအဝင္ အစိုးလုပ္ငန္းပိုင္းတခ်ဳိ႕ ပံုမွန္လည္ပတ္ႏုိင္ျခင္း မ႐ွိေသးပါ ဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

CDM ဝန်ထမ်းအများအပြား စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူ

အစိုးရဝန်ထမ်းအများအပြား စားဝတ်နေရေးအကြပ်အတည်းနဲ့ ကြုံတေ့ွနေကြပါတယ်။ ဒီအကြပ်အတည်းကြောင့် အသက်ဆုံးရှုံး သွားရသူတွေတောင်ရှိတယ်လို့ ရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။ CDM ဝန်ထမ်းတွေဖြစ်နေလို့ ပုဂ္ဂလိကကုမ္ပဏီတွေက အလုပ်မခန့်ရဲတာ၊ အိမ်ရှင်တွေက အိမ်ခန်းမငှားရဲတာမျိုးတွေလည်း ကြုံကြရတာကြောင့် တချို့ဝန်ထမ်းတွေ အလုပ်ခွင် ပြန်ဝင်သွားကြတာလည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေစတင်ခဲ့ချိန်မှာ နိုင်ငံတဝန်းက အစိုးရဝန်ထမ်းအမြောက်အများ ပါဝင်ခဲ့ကြပါတယ်။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ မီးရထားဌာန၊ စွမ်းအင်ဌာန စတဲ့ဌာနဆိုင်ရာက ဝန်ထမ်းအများအပြား CDM လုပ်ခဲ့ကြပါတယ်။ အဲဒီလို CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီကလည်း ဝန်ထမ်းအိမ်ယာတွေကနေ အတင်းဖယ်ရှားတာ၊ ဥပဒေတပ် တရားစွဲတာတွေလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် CDM ဝန်ထမ်း တော်တော်များများ တိမ်းရှောင်ခဲ့ကြရပြီး အခက်အခဲတွေ ကြုံနေကြပါတယ်။

CDM ဝန်ထမ်းတွေကို နီးစပ်ရာ ထောက်ပံ့ကူညီမှုတွေရှိခဲ့ပေမယ့် ၁ နှစ်ကျော်အချိန်ကြာလာချိန်မှာ ပံ့ပိုးမှုမရတော့သူတွေ များလာပါ တယ်။ တချို့က မိသားစုတွေက ထောက်ပံ့ပေမယ့် ရေရှည်ဝင်ငွေမရှိတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ရန်ကုန်တိုင်း အထွေထွေအုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းတဦးက ပြောပါတယ်။

“စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ အများကြီးဆိုတာက မိသားစုမှာလည်း စိန်ခေါ်မှုတွေရှိလာတယ်။ ဝင်ငွေမရှိတော့ ရပ်တည်ဖို့ ခက်လာတယ်။ အခုလက်ရှိမှာတော့ မိသားစုလောက်ပဲ ကိုယ့်ကို ထောက်ပံ့နေရတယ်။ အဲ့လိုအခြေအနေတွေ ဖြစ်နေတယ်။ မိသားစုကပဲ ကိုယ့်ကို အခုချိန်ထိ ထောက်ပံ့ပြီးနေနေရတယ်။ အလုပ်ရှာရတာကတော့ အဲ့လိုမျိုး CDM လုပ်ထားတဲ့သူတွေကို အလုပ်သိပ်ပြီးမခန့်ချင်ကြဘူး။”

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ရေနံမြေက CDM ဝန်ထမ်းတွေထဲမှာဆိုရင် ထမင်းနပ်မှန်အောင် မစားရသူတွေ လည်း များလာတယ်လို့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် အသက်ဆုံးရှုံးသွားတဲ့ ရေနံမြေက CDM ဝန်ထမ်း ၁၂ ယောက်လောက်တောင်ရှိတယ်လို့ သူကပြောပါတယ်။

“တချို့ကတော့ စောစောက ကျနော်ပြောသွားသလိုပဲ။ ထမင်း သုံးနပ် ပုံမှန် သုံးနပ်စားတာကိုး။ တနပ်စားတဲ့လူ ရှိတယ်။ ပြီးတော့ ကျတော့ ဟို… ပုံမှန်လူတိုင်းဆီမှာ ကြက်ဥတလုံး ကြော်စားကြပေမယ့် ကြက်ဥတလုံးကို ညမနက်စားကြတာရှိတယ်။ အဲ့လိုမျိုး အစားဝတ်နေ ကျနော်တို့မှာ ထောက်ပံ့မှုကလည်း ဘာမှမရှိဘူး။ ဘာမှမရှိတာကြောင့် ကျနော်တို့မှာ အရမ်းလည်း အခက်အခဲ ဖြစ်တယ်ပေါ့။ မဖြစ်ပါဘူးဆိုရင် ကျနော်တို့မှာ ဟိုဟာပေါ့ ။တလကို ၃ သောင်းလောက် အရင်တုန်းက ထောက်ပံ့မှုတွေရတယ်။ အဲ့လောက်ရရင် မဆိုဘူးပေါ့။ အခုက တလကို တပြားမှ မရတော့ကျတော့ အကုန်လုံးက အခက်အခဲတွေ ရှိတယ်။ အဲ့လိုမျိုး၊ တချို့တော့ကျတော့ ကျနော်တို့ CDM လုပ်ရင်းတန်းလန်းနဲ့ ဆုံးသွားတာတွေရှိတယ်။ စားဝတ်နေရေး အခက်အခဲကြောင့်၊ အခုလောလောဆယ်တော့ ကျနော်တို့မှတ်ထားတဲ့ အရေအတွက်အရတော့ ၁၂ ယောက်လောက်တော့ ရှိသွားပြီဗျ။”

အရင်ကရခဲ့တဲ့ အထောက်အပံ့တွေကလည်း အခုနောက်ပိုင်း မရှိသလောက် ဖြစ်သွားပြီလို့ သူကပြောပါတယ်။ ဒါကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတချို့ အလုပ်ခွင် ပြန်ဝင်သွားကြသူတွေလည်း ရှိနေပါတယ်။

“ရှိပါတယ်။ ရှိပါတယ်ဆိုတော့ ကျနော်တို့ တချို့ကကျလည်း နေစရာနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ဘယ်လိုမှရှောင်လွှဲလို့ မရတဲ့အနေအထားကြောင့် ပြန်ဝင်သွားတာတွေလည်း ရှိတယ်။ တချို့ကကျတော့ စားဝတ်နေရေး ခက်ခဲရင် ခက်ခဲပါစေ ဆက်လုပ်မယ်ဆိုတဲ့ စွာတဲ့လူတွေလည်း တော်တော်များများ ရှိပါသေးတယ်။ လောလောဆယ်တော့ ကျနော်တို့ စဝင်ကခါ စလုပ်ခါစတော့ ၁,၀၀၀ ကျော်ကျော်လောက်ရှိမယ်။ အခုလောလောဆယ်တော့ ကျနော်တို့မှာ စားဝတ်နေရေးအခက်အခဲ ဒီ ထောက်ပံ့မှုကလည်း အရင်လို မရှိတော့ဘူး၊ ကျနော်တို့မှာ မရှိတော့ကျတော့ အရမ်းခက်ခဲဖြစ်သွားကျတော့ တချို့ကျတော့ ပြန်တော့မဝင်ဘူး။ တချို့ကျတော့ ဝင်ပြန်ကြတယ်။ လောလောဆယ်တော့ ကျနော်တို့မှာ ၇၀၀ ကျော်ကျော်လောက်တော့ ကျန်သေးတယ်။”

မကွေးတိုင်း မင်းဘူးမြို့နယ် ထောက်ရှာပင် ရေနံမြေက ဝန်ထမ်း ၁,၀၀၀ လောက် ဟာ CDM ပါဝင်ခဲ့ကြတဲ့ထဲမှာ ၃၀၀ ကျော်လောက် အလုပ်ခွင်ပြန်ဝင်သွားတာဖြစ် ပါတယ်။ CDM ဝန်ထမ်းတွေ အစိုးရအလုပ်ကို စွန့်လွှတ်ပြီးနောက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ ဈေးရောင်းသူ တခြားအလုပ် ပြောင်းလုပ်ကိုင်သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း CDM ဝန်ထမ်းတွေဆိုရင် အလုပ်သစ်ရှာဖို့ အိမ်ခန်းငှားဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံ တွေ့နေရတဲ့ CDM ဝန်ထမ်းတဦးက ပြောပြပါတယ်။

“အကြမ်းမဖက်ဘဲ အာဏာဖီဆန်မယ်ဆိုပြီးတော့ ကျနော်တို့က ကိုယ့်ရပ်တည် ချက်နဲ့ကိုယ် ရုန်းထွက်လာခဲ့ကြတာပေါ့နော်။ ကြာလာတော့ ဘာဖြစ်လဲဆိုတော့ ကျနော်ကိုယ်တိုင်းကြုံတွေ့ ခဲ့ရတာပေါ့နော်။ CDM သမားဆိုလို့ရှိရင် တခြားအလုပ် ရဖို့ အခု အခြေအနေမှာ ခက်ခဲလာတာတို့ ဘာတို့ပြောရင် ဘယ်မှာအရင်လုပ်ဖူးလဲ၊ ကိုယ်မေးရင် ဘယ်မှာလုပ်တယ်။ ဘာလိုကြောင့် ဒီလိုအခြေအနေကြောင့် ဒီ လို အလုပ်ထွက်လိုက်တာပါ ဘာညာပြောရင် သူတို့ ကုမ္ပဏီတွေဘက်က ဒီအလုပ် ရှင်တွေဘက်ကလည်း ပြန်ကြည့်မှာပေါ့နော်။ ကာလကလည်းကြာပြီ။ သူတို့ လည်း သူတို့စီးပွားရေးအထိခိုက်မခံဘူး။ အဲ့လိုဖြစ်မှာပေါ့နော်။ ပြီးတော့ ဒီအိမ်ခန်းတွေဘာတွေ ငှါးမယ်ဆိုလို့ရှိရင်လည်း ဒါ CDM မို့ မငှါးချင်ဘူးတို့ ဘာတို့ ဒါမျိုးတွေလည်း ကျနော်တို့ ကြုံလာရတယ်။ ကျနော်တို့ စပြီးတော့ CDM လုပ်တုန်းက အခြေအနေနဲ့ တော်တော်လေးကွာခြားသွားတဲ့ အခြေအနေတွေ ဖြစ်လာတယ်ပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ လက်ရှိမှာလည်း ရင်ဆိုင်နေရတာပေါ့နော်။”

နယ်ဘက်တွေက တိမ်းရှောင်နေကြရတဲ့ ဝန်ထမ်းတချို့ဟာ တောအုပ်တွေထဲမှာ ရှင်းလင်းပြီး နေထိုင်ရတာမျိုး၊ သူများအိမ်ဘေးမှာ ယာယီတဲထိုးပြီး နေနေကြရသူတွေလည်းရှိပါတယ်။ အခုလို နေရေးစားရေး အတော်ကို ခက်ခဲနေကြတဲ့အတွက် ရေရှည် ဆက်လက်ရပ်တည်နိုင်ဖို့ ပံ့ပိုးကူညီမှုတွေကို မျှော်လင့်နေကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ နိုင်ငံအနှံ့ ဌာနပေါင်းစုံက အစိုးရဝန် ထမ်းအများစု အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ခဲ့ကြတဲ့အတွက် အခုချိန် ထိ နယ်မြို့အများစုကအပါအဝင် အစိုးလုပ်ငန်းပိုင်းတချို့ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပါ ဘူး။
============

XS
SM
MD
LG