သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို ေလေၾကာင္းတိုက္ခိုက္မႈ ဘာသာေရးအေဆာက္အဦးေတြ၊ လူေနအိမ္ေတြပ်က္စီး 


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးေက်းရြာမွာ မတ္လ ၁၀၊ ၂၀၂၂ မွာ စစ္တပ္ေလေၾကာင္းတိုက္ခုိက္မႈအတြင္း ပ်က္စီးခဲ့တဲ့ ကက္သလစ္သီလရွင္ေက်ာင္း ။ (ဓာတ္ပံု-ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္)

[[Zawgyi/Unicode]]

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးေက်းရြာမွာ ဒီေန႔မနက္အေစာပိုင္းက စစ္ေကာင္စီရဲ႕ ေလေၾကာင္းနဲ႔ တို္က္ခိုက္မႈအတြင္း ဘာသာေရးအေဆာက္အဦးေတြနဲ႔ ေနအိမ္တခ်ဳိ႕ ပ်က္စီးသြားတယ္လို႔ ေဒသခံက ေျပာပါတယ္။ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တုိက္ပြဲေတြေၾကာင့္ ေဒသခံေတြကေတာ့ အရင္ထဲက တိမ္းေ႐ွာင္ေနၾကတဲ့အတြက္ ေသဆံုးထိခိုက္သူ မ႐ွိခဲ့ပါဘူး။ ကက္သလစ္ သီလရင္ေက်ာင္းေတြအပါအဝင္ အေဆာက္အဦးေတြ ပ်က္စီးခဲ့တဲ့ ဒီးေမာ့ဆိုဘက္အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ေဒါငံခါးေက်းရြာကို စစ္ေကာင္စီတပ္က ဒီေန႔ မတ္လ ၁၀ ရက္ မနက္ပိုင္းမွာ ေလယာဥ္ေပၚက ဗံုးႀကဲခဲ့လို႔ ကက္သလစ္ သီလ႐င္ေက်ာင္းနဲ႔ လူေနအိမ္တခ်ဳိ႕ ပ်က္စီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေဒါငံခါးေက်း႐ြာ အျပင္ဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ ေဖေဖာ္ဝါရီလက တုိက္ပြဲေတြ ျဖစ္ခဲ့ေပမဲ့ ဒီေန႔ တိုက္ပြဲေတြ ၿငိမ္ေနခ်ိန္ စစ္တပ္က ေဝဟင္ကေန ရြာကို တုိက္္ခိုက္သြားခဲ့တာျဖစ္ၿပီး၊ အပ်က္အစီးမ်ားတယ္လို႔ ေဒသခံ တေယာက္က ေျပာပါတယ္။

“အပ်က္အစီးကေတာ့ ဒီေဒါငံခါး ဒီဘုရားေက်ာင္းေနာက္မွာရွိတာေပါ့ေနာ္၊ က်ေနာ္တို႔ သီလရွင္ဘာသာေရး အေဆာက္အဦးပ်က္စီးသြားတယ္ေပါ့ေနာ္။ ေဒါငံခါး ရပ္ကြက္ (၂) က အိမ္ေတြလည္း အဲ့လိုမ်ဳိးပ်က္စီးသြားတယ္ေပါ့ေနာ္။ ၿပီးေတာ့ရင္ တစံုတရာအထိအခိုက္ကေတာ့ မရွိေသးဘူးေပါ့ေနာ္။ ဒီေလယာဥ္ဗံုးႀကဲေတာ့ ဒီပ်က္စီးသြားတဲ့ အိမ္ေတြပဲ ရွိေသးတာေပ့ါ။ ပ်က္စီးသြားတာေတာ့ ေတာ္ေတာ္ေလးကို ဆိုးဆိုးဝါးဝါးပဲဗ်၊ ေတာ္ေတာ္ႀကီးကို အိမ္ႀကီးကို ဗံုးႀကီးေထာင္ၿပီးေတာ့ ခြဲပလိုက္တဲ့ အေနအထားပံုစံမ်ဳိးပဲ။ ဒီေဒသခံေတြကေတာ့ မရွိေတာ့ဘူးေပါ့ေနာ္။ အေနာက္ဖက္ေတြက အကုန္လံုး ဒီစစ္ေျမျပင္ ဒီေဒါငံခါးတေက်ာလံုးကေတာ့ ျပည္သူေတြကေတာ့ မရွိေတာ့ဘူးေပါ့ေနာ္။”

စစ္တပ္ဘက္က စစ္ေလယာဥ္ ၂ စီးနဲ႔ လာၿပီး တိုက္ခိုက္သြားတယ္လုိ႔ ေျပာပါတယ္။ ေဒါငံခါးအပါအဝင္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ေက်း႐ြာေတာ္ေတာ္မ်ားမ်ားက ျပည္သူေတြကေတာ့ တိုက္ပြဲေတြ စျဖစ္ခ်ိန္ထဲက ေဘးလြတ္ရာမွာ တိမ္းေ႐ွာင္ေနၾကတာမို႔ ဒီေန႔ ေလေၾကာင္းတုိက္ခုိက္မႈအတြင္း ထိခိုက္ ဒဏ္ရာရသူေတာ့ မ႐ွိဘူးလို႔လည္း ေျပာပါတယ္။

တိုက္ပြဲေတြျဖစ္ေနတာ လနဲ႔ခ်ီၾကာေနၿပီျဖစ္တဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ဘာသာေရး အေဆာက္အဦးေတြ၊ စာသင္ေက်ာင္းနဲ႔ ယာယီစစ္ေဘးေရွာင္စခန္းေတြ ထိခိုက္ပ်က္စီးေနသလို ျပည္သူတခ်ဳိ႕လည္း ေသဆံုးခဲ့ပါတယ္။

တိုက္ပြဲေတြရပ္ေနခ်ိန္မွာလည္း စစ္တပ္ဘက္က ေက်း႐ြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႔ မၾကာခဏ ပစ္ခတ္တတ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေန႔ မနက္ ၁၀ နာရီေက်ာ္ေက်ာ္ေလာက္ကလည္း ေဒါငံခါးရြာဘက္ကို စစ္တပ္အေျခစိုက္ရာစခန္းဘက္ကေန ပစ္ခတ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ဘုရားေက်ာင္းေတြ ေနာက္ခန္းမအေဆာင္ေတြ ေနာက္စာသင္ေက်ာင္းေတြ အဲ့လိုမ်ဳိးေပါ့ေနာ္၊ သူတို႔က အဲ့လိုမ်ဳိး ပစ္မွတ္ထားၿပီးေတာ့ ဗံုးႀကဲတာမ်ဳိးရွိတယ္။ ဒီမနက္ အေစာပိုင္းက တိုက္ပြဲမရွိဘူးဗ်၊ ဒီေဒါငံခါးဘက္မွာလည္း မရွိဘူး၊ ကုန္းသာဘက္မွာလည္း တိုက္ပြဲက ၿငိမ္ေနတယ္ေပါ့ေနာ္။ ဒီ ခုနတုန္းကေပါ့ေနာ္၊ သူတို႔ ဒီ ၁၀၂ အေျမာက္တပ္ကေနၿပီးေတာ့ ေဒါငံခါးဧရိယာလည္း ထပ္ၿပီးေတာ့ လက္နက္ႀကီးနဲ႔ ပစ္သြားတာမ်ဳိးရွိတယ္ဗ်။”

စစ္တပ္ေတြလႈပ္႐ွားတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ေနရာေတြမွာ အိမ္ေတြ၊ ဖ်က္စီးခံရ၊ မီး႐ႈိ႕ခံရ ပစၥည္းေတြ လုယက္ခံရတာ႐ွိတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ဖာပူးေက်းရြာဘက္ကို ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္ေတြ မတ္လ ၇ ရက္ေန႔က အဲ့ဒီေက်းရြာမွာ တပ္စြဲေနထိုင္ခဲ့ၿပီးေနာက္ လူေနအိမ္ ၃၀ ေက်ာ္ မီး႐ႈိ႕ဖ်က္ဆီးခံခ့ဲရတယ္လို႔ ကရင္နီအမ်ဳိးသားမ်ား ကာကြယ္ေရးတပ္ KNDF က ဒီေန႔ ထုတ္ျပန္ထားပါတယ္။ မတ္လ ၉ ရက္ေန႔မွာလည္း ေသးဆူလဲေက်းရြာက ေနအိမ္ ၁၀ လံုး မီး႐ိႈ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ ဆုိပါတယ္။ ကယားျပည္နယ္၊ ဒီးေမာ့ဆိုဘက္မွာ လတ္တေလာ ပစ္ခတ္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစံုတရာ သတင္းထုတ္ျပန္တာ မ႐ွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


ဒီးမော့ဆို လေကြောင်းတိုက်ခိုက်မှု ဘာသာရေးအဆောက်အဦးတွေ၊ လူနေအိမ်တွေပျက်စီး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေကတော့ အရင်ထဲက တိမ်းရှောင်နေကြတဲ့အတွက် သေဆုံးထိခိုက်သူ မရှိခဲ့ပါဘူး။ ကက်သလစ် သီလရင်ကျောင်းတွေအပါအဝင် အဆောက်အဦးတွေ ပျက်စီးခဲ့တဲ့ ဒီးမော့ဆိုဘက်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းမှာ လေယာဉ်ပေါ်က ဗုံးကြဲခဲ့လို့ ကက်သလစ် သီလရင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေါငံခါးကျေးရွာ အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖေဖော်ဝါရီလက တိုက်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ ဒီနေ့ တိုက်ပွဲတွေ ငြိမ်နေချိန် စစ်တပ်က ဝေဟင်ကနေ ရွာကို တိုက်ခိုက်သွားခဲ့တာဖြစ်ပြီး၊ အပျက်အစီးများတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“အပျက်အစီးကတော့ ဒီဒေါငံခါး ဒီဘုရားကျောင်းနောက်မှာရှိတာပေါ့နော်၊ ကျနော်တို့ သီလရှင်ဘာသာရေး အဆောက်အဦးပျက်စီးသွားတယ်ပေါ့နော်။ ဒေါငံခါး ရပ်ကွက် (၂) က အိမ်တွေလည်း အဲ့လိုမျိုးပျက်စီးသွားတယ်ပေါ့နော်။ ပြီးတော့ရင် တစုံတရာအထိအခိုက်ကတော့ မရှိသေးဘူးပေါ့နော်။ ဒီလေယာဉ်ဗုံးကြဲတော့ ဒီပျက်စီးသွားတဲ့ အိမ်တွေပဲ ရှိသေးတာပေ့ါ။ ပျက်စီးသွားတာတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးပဲဗျ၊ တော်တော်ကြီးကို အိမ်ကြီးကို ဗုံးကြီးထောင်ပြီးတော့ ခွဲပလိုက်တဲ့ အနေအထားပုံစံမျိုးပဲ။ ဒီဒေသခံတွေကတော့ မရှိတော့ဘူးပေါ့နော်။ အနောက်ဖက်တွေက အကုန်လုံး ဒီစစ်မြေပြင် ဒီဒေါငံခါးတကျောလုံးကတော့ ပြည်သူတွေကတော့ မရှိတော့ဘူးပေါ့နော်။”

စစ်တပ်ဘက်က စစ်လေယာဉ် ၂ စီးနဲ့ လာပြီး တိုက်ခိုက်သွားတယ်လို့ ပြောပါတယ်။ ဒေါငံခါးအပါအဝင် ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတော်တော်များများက ပြည်သူတွေကတော့ တိုက်ပွဲတွေ စဖြစ်ချိန်ထဲက ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတာမို့ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့လည်း ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီကြာနေပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အဦးတွေ၊ စာသင်ကျောင်းနဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေ ထိခိုက်ပျက်စီးနေသလို ပြည်သူတချို့လည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေရပ်နေချိန်မှာလည်း စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်လောက်ကလည်း ဒေါငံခါးရွာဘက်ကို စစ်တပ်အခြေစိုက်ရာစခန်းဘက်ကနေ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဘုရားကျောင်းတွေ နောက်ခန်းမအဆောင်တွေ နောက်စာသင်ကျောင်းတွေ အဲ့လိုမျိုးပေါ့နော်၊ သူတို့က အဲ့လိုမျိုး ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတာမျိုးရှိတယ်။ ဒီမနက် အစောပိုင်းက တိုက်ပွဲမရှိဘူးဗျ၊ ဒီဒေါငံခါးဘက်မှာလည်း မရှိဘူး၊ ကုန်းသာဘက်မှာလည်း တိုက်ပွဲက ငြိမ်နေတယ်ပေါ့နော်။ ဒီ ခုနတုန်းကပေါ့နော်၊ သူတို့ ဒီ ၁၀၂ အမြောက်တပ်ကနေပြီးတော့ ဒေါငံခါးဧရိယာလည်း ထပ်ပြီးတော့ လက်နက်ကြီးနဲ့ ပစ်သွားတာမျိုးရှိတယ်ဗျ။”

စစ်တပ်တွေလှုပ်ရှားတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း နေရာတွေမှာ အိမ်တွေ၊ ဖျက်စီးခံရ၊ မီးရှို့ခံရ ပစ္စည်းတွေ လုယက်ခံရတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ဖာပူးကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၇ ရက်နေ့က အဲ့ဒီကျေးရွာမှာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် လူနေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ မတ်လ ၉ ရက်နေ့မှာလည်း သေးဆူလဲကျေးရွာက နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုဘက်မှာ လတ်တလော ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
==============

XS
SM
MD
LG