သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မိုးျဗဲၿမိဳ႕အႏွံ႔အျပား တိုက္ပြဲျဖစ္ေနၿပီး ၿမိဳ႕ခံတခ်ဳိ႕ပိတ္မိေန 


ကယားျပည္နယ္နဲ႔ကပ္လ်က္မွာရွိတဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕။

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕မွာ တိုက္ပြဲေတြျဖစ္ေနၿပီး ၿမိဳ႕ခံ ၆၀၀ ေလာက္ၿမိဳ႕ထဲမွာ ပိတ္မိေနၾကပါတယ္။ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကား ဗုဒၶဟူးေန႔ကတည္းက ၂ ရက္ဆက္တုိက္ တိုက္ပြဲေတြျပင္းထန္ေနတာမွာ ဒီေန႔ညေနပိုင္းမွာေတာ့ ေလေၾကာင္းကေနပါ စစ္ေလယာဥ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ပစ္ခတ္မႈေၾကာင့္ မေန႔ကလည္း အမ်ဳိးသမီးတဦးဒဏ္ရာရခဲ့ၿပီး ေနအိမ္တခ်ဳိ႕ မီးေလာင္ခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ မိုးၿဗဲတိုက္ပြဲသတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

႐ွမ္းျပည္နယ္ မိုးၿဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ဒီေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္မွာ တိုက္ပဲြေတြ ဆက္လက္ ျပင္းထန္ေနပါတယ္။ ညေနေစာင္းခ်ိန္ မွာ စစ္တပ္က ေလေၾကာင္းတုိက္ခိုက္မႈေတြကို လုပ္လာတယ္လို႔ မိုးၿဗဲၿမိဳ႕ခံ တေယာက္က ေျပာျပပါတယ္။

“မနက္ေလးနာရီကေန စတာဗ်။ ေနာက္ အျပင္းအထန္ျဖစ္တာက ၈ နာရီ၊ ၉ နာရီ စၿပီးမွ ျပင္းထန္တာပဲ၊ အဲဒါ တေနကုန္လံုးကို ျပင္းထန္တာေပါ့။ ေလယာဥ္ကေတာ့ ေစာနက ၆ နာရီ စထိုးတဲ့အခ်ိန္မွာ စၿပီးမွ ႀကဲတာ။ ေလယာဥ္ႏွစ္စီးနဲ႔လာတယ္။ တုိက္ေလယာဥ္တစင္းလာတယ္။ မိုးၿဗဲၿမိဳ႕ေပၚမွာပဲ ေျပာရမွာေပါ့ေနာ။ ဒီ မိုးၿဗဲရပ္ကြက္ထဲမွာေလ ၿမိဳ႕လယ္ေခါင္ေတာ့ မဟုတ္ေပမယ့္ ရပ္ကြက္ထဲမွာ ႀကဲေနတာ။”

ဒီေန႔မနက္ ၆ နာရီေလာက္ထဲက တိုက္ပြဲ စျဖစ္ေနၿပီး စစ္တပ္ဘက္က တင့္ကားေတြပါသံုးၿပီးေတာ့ ပစ္ခတ္ခဲ့တယ္လို႔ ေနာက္ၿမိဳ႕ခံတေယာက္က VOA ကိုေျပာပါတယ္။

“မနက္က ၆ နာရီကတည္းက ၈ နာရီဆို သူတို႔(တိုက္ပြဲ) ျပန္နားတယ္။ ျပန္နားၿပီး ၁၀ နာရီ ၁၂ နာရီထိ အခုထိ မၿပီးေသးဘူး ခင္ဗ်။ အဲ့မွာ လက္နက္ႀကီးေတြေရာ အမ်ားႀကီး ပစ္ခတ္တာ၊ လက္နက္ႀကီး အလုံး ၃-၄ ရာ ေလာက္ က်လာတယ္။ စစ္ေကာင္စီဘက္က ပစ္တယ္၊ ထုတယ္။ လက္နက္ႀကီးကို ရန္သူရင္လည္း သူဟာသူ ေတြ႔တဲ့သူ ပစ္ေနတာေရာ။ သူတို႔ တင့္ကားန႔ဲေပါ့ေနာ္။ တင့္ကားနဲ႔ လာၿပီးေတာ့ ပစ္ပါတယ္။”

တင့္ကားေတြပါပါတဲ့ စစ္အင္အားအေျမာက္အမ်ားနဲ႔ စစ္ေကာင္စီတပ္ေတြ ေဖေဖာ္ဝါရီလ ၁၅ ရက္မွာ မိုးၿဗဲၿမိဳ႕ကိုေရာက္လာၿပီး ၿမိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ တပ္စြဲထားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေဖေဖာ္ဝါရီ ၁၆ ဗုဒၶဟူးေန႔မွာေတာ့ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ တုိက္ပြဲေတြ စျဖစ္ခဲ့တာပါ။ တိုက္ပဲြေတြေၾကာင့္ ၿမိဳ႕ခံေတာ္ေတာ္မ်ားမ်ား ေဘးလြတ္ရာ ထြက္ေျပး ခဲ့ၾကေပမဲ့ ၆၀၀ ေလာက္ ၿမိဳ႕ထဲမွာ ပိတ္မိေနၾကပါတယ္။ မေန႔ကေတာ့ စစ္တပ္ဘက္ကပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္က် လို႔ အမ်ဳိးသမီးတဦး ဒဏ္ရာရခဲ့သလို ေနအိမ္တခ်ဳိ႕လည္း ပ်က္စီးခ့ဲပါတယ္။

“မေန႔ညက်ေတာ့ မီးေလာင္သြားတာ ႏွစ္အိမ္ပဲရွိပါတယ္ခင္ဗ်။ သူတို႔ (ေဒသခံေတြ) အကုန္လံုး ေျပးၾကတယ္ဆုိတာ အဲ့ေလာက္သြားလည္း သြားလာၾကည့္လို႔ မရဲဘူးေလ။ ဒါေပမယ့္ မိန္းကေလးတေယာက္ ထိခိုက္မႈရွိတယ္။ အိမ္လည္း ပ်က္စီးမႈက ဓာတ္ပံု ႐ုိက္ထားတာေတာ့ ရွိပါတယ္။ အခုက တရပ္ကြက္မွာက ဆယ္ဂဏန္းပဲ က်န္တယ္။ ရာဂဏန္းက ထြက္ေျပးကုန္သြားၿပီ၊ လူက ၅၀၀၊ ၆၀၀ ေလာက္ေတာ့ က်န္မွာေပါ့။ ဘာလို႔ဆို ပိတ္မိေနလို႔ေလ။ ေအး ပိတ္မိေနတုန္းပဲ၊ တိုက္ပြဲက အႏွံ႔အျပားျဖစ္ေနတဲ့အခါ လမ္းေပၚထြက္လည္း မထြက္ရဲဘူး။”

မိုးၿဗဲၿမိဳ႕မွာ တိုက္ပြဲျဖစ္တဲ့ေနရာေတြ က်ယ္ျပန္႔လာေနတာေၾကာင့္ စစ္ေဘးလြတ္ေအာင္ တိမ္းေ႐ွာင္ေနၾကရသူေတြ ေနာက္ထပ္ ထြက္ေျပးၿပီး ေနရာေတြေျပာင္းေနၾကရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူတေယာက္က ေျပာပါတယ္။

“ထြက္ေျပးတိမ္းေရွာင္တဲ့ ေဒသခံ ခန္႔မွန္းေျခက်ေတာ့ ၄,၀၀၀ ဝန္းက်င္ေလာက္ ရွိၿပီေပါ့ေနာ္။ လက္ရွိေျပးလာတဲ့ လူက ပထမဦးစြာ မိုးၿဗဲျဖစ္ေတာ့ မိုးၿဗဲအျပင္မွာေပါ့။ တိုက္ပြဲနဲ႔ အလွမ္းေဝးတဲ့ေနရာမွာ အဲ့ရြာမွာ သူတို႔က နားေနၾကတာေပါ့။ အဲ့မွာ ခ်က္ျပဳတ္စားေသာက္ေနတာေပါ့။ ဒါေပမယ့္ တိုက္ပြဲက တဆင့္ဆင့္ၿမိဳ႕အျပင္ျဖစ္လာေတာ့ သူတို႔လည္း တေရြ႕ေရြ႕န႔ဲ ျပန္တက္သြားရတာေပါ့။ (တိုက္ပြဲက) ေနရာက်ယ္လာတယ္ေပါ့။ ဒီတၿမိဳ႕လံုးနီးပါးေလာက္ေတာ့ ျဖစ္ေနၿပီေပါ့ေနာ္။ ဒီၿမိဳ႕ရဲ႕ အေရွ႕ဘက္လည္း ျဖစ္တယ္ေပါ့။ အေနာက္ေတာင္ဘက္လည္း ျဖစ္တယ္။ အေနာက္ဘက္လည္း ျဖစ္တယ္ အဲ့လိုေပါ့။ အခုက တိုက္ပြဲျပင္းထန္ေနတဲ့ အေတာအတြင္းဆိုရင္ အခက္အခဲေတြေတာ့ အမ်ားႀကီးပါပဲ။”

စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြ အ႐ွိန္ျမင့္လာတာနဲ႔အမွ် ေဒသခံျပည္သူေတြရဲ႕ လံုၿခံဳေရး၊ ေနေရး၊ စားေရး၊ က်န္းမာေရး ပိုၿပီးဒုကၡေတြ႔ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မိုးဗြဲမြို့အနှံ့အပြား တိုက်ပွဲဖြစ်နေပြီး မြို့ခံတချို့ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ တိုက်ပွဲတွေဖြစ်နေပြီး မြို့ခံ ၆၀၀ လောက်မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ဗုဒ္ဓဟူးနေ့ကတည်းက ၂ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတာမှာ ဒီနေ့ညနေပိုင်းမှာတော့ လေကြောင်းကနေပါ စစ်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုကြောင့် မနေ့ကလည်း အမျိုးသမီးတဦးဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ မီးလောင်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ မိုးဗြဲတိုက်ပွဲသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ညနေစောင်းချိန် မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်လာတယ်လို့ မိုးဗြဲမြို့ခံ တယောက်က ပြောပြပါတယ်။

“မနက်လေးနာရီကနေ စတာဗျ။ နောက် အပြင်းအထန်ဖြစ်တာက ၈ နာရီ၊ ၉ နာရီ စပြီးမှ ပြင်းထန်တာပဲ၊ အဲဒါ တနေကုန်လုံးကို ပြင်းထန်တာပေါ့။ လေယာဉ်ကတော့ စောနက ၆ နာရီ စထိုးတဲ့အချိန်မှာ စပြီးမှ ကြဲတာ။ လေယာဉ်နှစ်စီးနဲ့လာတယ်။ တိုက်လေယာဉ်တစင်းလာတယ်။ မိုးဗြဲမြို့ပေါ်မှာပဲ ပြောရမှာပေါ့နော။ ဒီ မိုးဗြဲရပ်ကွက်ထဲမှာလေ မြို့လယ်ခေါင်တော့ မဟုတ်ပေမယ့် ရပ်ကွက်ထဲမှာ ကြဲနေတာ။”

ဒီနေ့မနက် ၆ နာရီလောက်ထဲက တိုက်ပွဲ စဖြစ်နေပြီး စစ်တပ်ဘက်က တင့်ကားတွေပါသုံးပြီးတော့ ပစ်ခတ်ခဲ့တယ်လို့ နောက်မြို့ခံတယောက်က VOA ကိုပြောပါတယ်။

“မနက်က ၆ နာရီကတည်းက ၈ နာရီဆို သူတို့(တိုက်ပွဲ) ပြန်နားတယ်။ ပြန်နားပြီး ၁၀ နာရီ ၁၂ နာရီထိ အခုထိ မပြီးသေးဘူး ခင်ဗျ။ အဲ့မှာ လက်နက်ကြီးတွေရော အများကြီး ပစ်ခတ်တာ၊ လက်နက်ကြီး အလုံး ၃-၄ ရာ လောက် ကျလာတယ်။ စစ်ကောင်စီဘက်က ပစ်တယ်၊ ထုတယ်။ လက်နက်ကြီးကို ရန်သူရင်လည်း သူဟာသူ တွေ့တဲ့သူ ပစ်နေတာရော။ သူတို့ တင့်ကားနဲ့ပေါ့နော်။ တင့်ကားနဲ့ လာပြီးတော့ ပစ်ပါတယ်။”

တင့်ကားတွေပါပါတဲ့ စစ်အင်အားအမြောက်အများနဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၁၅ ရက်မှာ မိုးဗြဲမြို့ကိုရောက်လာပြီး မြို့နေရာတော်တော်များများမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ ဗုဒ္ဓဟူးနေ့မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် မြို့ခံတော်တော်များများ ဘေးလွတ်ရာ ထွက်ပြေး ခဲ့ကြပေမဲ့ ၆၀၀ လောက် မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ မနေ့ကတော့ စစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျ လို့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

“မနေ့ညကျတော့ မီးလောင်သွားတာ နှစ်အိမ်ပဲရှိပါတယ်ခင်ဗျ။ သူတို့ (ဒေသခံတွေ) အကုန်လုံး ပြေးကြတယ်ဆိုတာ အဲ့လောက်သွားလည်း သွားလာကြည့်လို့ မရဲဘူးလေ။ ဒါပေမယ့် မိန်းကလေးတယောက် ထိခိုက်မှုရှိတယ်။ အိမ်လည်း ပျက်စီးမှုက ဓာတ်ပုံ ရိုက်ထားတာတော့ ရှိပါတယ်။ အခုက တရပ်ကွက်မှာက ဆယ်ဂဏန်းပဲ ကျန်တယ်။ ရာဂဏန်းက ထွက်ပြေးကုန်သွားပြီ၊ လူက ၅၀၀၊ ၆၀၀ လောက်တော့ ကျန်မှာပေါ့။ ဘာလို့ဆို ပိတ်မိနေလို့လေ။ အေး ပိတ်မိနေတုန်းပဲ၊ တိုက်ပွဲက အနှံ့အပြားဖြစ်နေတဲ့အခါ လမ်းပေါ်ထွက်လည်း မထွက်ရဲဘူး။”

မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေ ကျယ်ပြန့်လာနေတာကြောင့် စစ်ဘေးလွတ်အောင် တိမ်းရှောင်နေကြရသူတွေ နောက်ထပ် ထွက်ပြေးပြီး နေရာတွေပြောင်းနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ခန့်မှန်းခြေကျတော့ ၄,၀၀၀ ဝန်းကျင်လောက် ရှိပြီပေါ့နော်။ လက်ရှိပြေးလာတဲ့ လူက ပထမဦးစွာ မိုးဗြဲဖြစ်တော့ မိုးဗြဲအပြင်မှာပေါ့။ တိုက်ပွဲနဲ့ အလှမ်းဝေးတဲ့နေရာမှာ အဲ့ရွာမှာ သူတို့က နားနေကြတာပေါ့။ အဲ့မှာ ချက်ပြုတ်စားသောက်နေတာပေါ့။ ဒါပေမယ့် တိုက်ပွဲက တဆင့်ဆင့်မြို့အပြင်ဖြစ်လာတော့ သူတို့လည်း တရွေ့ရွေ့နဲ့ ပြန်တက်သွားရတာပေါ့။ (တိုက်ပွဲက) နေရာကျယ်လာတယ်ပေါ့။ ဒီတမြို့လုံးနီးပါးလောက်တော့ ဖြစ်နေပြီပေါ့နော်။ ဒီမြို့ရဲ့ အရှေ့ဘက်လည်း ဖြစ်တယ်ပေါ့။ အနောက်တောင်ဘက်လည်း ဖြစ်တယ်။ အနောက်ဘက်လည်း ဖြစ်တယ် အဲ့လိုပေါ့။ အခုက တိုက်ပွဲပြင်းထန်နေတဲ့ အတောအတွင်းဆိုရင် အခက်အခဲတွေတော့ အများကြီးပါပဲ။”

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ နေရေး၊ စားရေး၊ ကျန်းမာရေး ပိုပြီးဒုက္ခတွေ့နေကြတာဖြစ်ပါတယ်။

===============

XS
SM
MD
LG