သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္ထဲကထြက္သြားတဲ့ ဌာနဆိုင္ရာဝန္ထမ္း ၁၀၀ ေက်ာ္ရွိ 


ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕ အစိုးရအထက္တန္းေက်ာင္း။ (Photo-CJ)

[[Zawgyi/Unicode]]


ကရင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (KNU) တပ္မဟာ ၅ နယ္ေျမထဲကေန အစိုးရဝန္ထမ္းေတြ ထြက္ခြာသြားၾကဖို႔ ေနာက္ဆုံး သတ္မွတ္ရက္ ဒီေန႔ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ျပည့္သြားခ်ိန္မွာ ထြက္ခြာသြားတဲ့ အရပ္ဖက္ဝန္ထမ္း ၁၀၀ ေက်ာ္ရွိပါတယ္။ ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲက ဌာနေပါင္းစုံမွာ အလုပ္လုပ္ေနၾကတဲ့ဝန္ထမ္းေတြ ေနရပ္ျပန္ကုန္ၾကတယ္လို႔ ေဒသခံ ေတြကေျပာပါတယ္။ ဖာပြန္ခ႐ိုင္မွာ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးအစား KNU အုပ္ခ်ဳပ္ေရးနဲ႔အစားထိုးသြားဖို႔ ႀကိဳးစားေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
KNLA တပ္မဟာ ၅ ထိန္းခ်ဳပ္တဲ့ ဖာပြန္ခ႐ိုင္ထဲမွာ စစ္ေကာင္စီ ယႏၲရားလည္ပတ္ လို႔ မရေအာင္ ဌာနဆိုင္ရာဝန္ထမ္းေတြကို ေဖေဖာ္ဝါရီ ၁ ရက္ကေန ၁၀ ရက္အတြင္း အျမန္ဆုံး ျပန္လည္ထြက္ခြာသြားဖို႔ ဇန္နဝါရီလကုန္ပိုင္းမွာ တပ္မဟာ ၅ က ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္ထဲမွာေျပာထားတဲ့ ေနာက္ဆုံးသတ္မွတ္ရက္ ဒီေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ ေရာက္ခ်ိန္ ဖာပြန္ၿမိဳ႕ ကေနထြက္သြားတဲ့ အစိုးရဝန္ထမ္း ၁၀၀ ေက်ာ္ရွိတယ္လို႔ ၿမိဳ႕ခံတေယာက္က ခုလိုေျပာပါတယ္။
“၁၀ ရက္ေန႔ ဝန္ထမ္းေတြေ႐ႊ႕ခိုင္းတယ္ေလ။ အဲဒါေၾကာင့္မို႔ ဝန္ထမ္းေတြ ျပန္ဆင္းလာကုန္ၾကၿပီေလ။ တခ်ိဳ႕ဆို ကိုယ့္ရပ္ ကိုယ္အိမ္ကိုယ္ျပန္ၾကတာေပါ့။ ေၾကာက္ၿပီးေတာ့ျပန္ၾကတာပဲ။ ထြက္တာေတာ့မဟုတ္ဘူးေလ။ တရာေက်ာ္ေလာက္ရွိတယ္ ဝန္ထမ္းေတြက။ ဌာနေတြအမ်ားႀကီးပဲ။ က်ေနာ္တို႔ ဒီဘက္နယ္ခံေတြက်ေတာ့လည္း သူ႔ဘာသာသူ ေနတာေပါ့။ သူတို႔က လုံၿခဳံေရး တာဝန္မယူဘူး ေျပာကတည္းက ေၾကာက္ၿပီေပါ့ ဝန္ထမ္းေတြကေတာ့။ မထြက္ႏိုင္ရင္ေတာ့ ထိေတြ႕မႈေတြ ျဖစ္လို႔ရွိရင္ ဒုကၡေရာက္မွာေပါ့။ ေဒသခံေတြက စိတ္ပူေနၿပီေပါ့ အခုက။”

ဖာပြန္ၿမိဳ႕ ဌာနေပါင္းစုံက အမ်ိဳးသမီး ၇၂ ဦး၊ အမ်ိဳးသားက ၆၂ ဦး အားလုံးေပါင္း ၁၃၄ ေယာက္ေလာက္ ထြက္သြားၾကၿပီလို႔ KNU တပ္မဟာ (၅) ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ေစာထူးကေရွာက ကရင္သတင္းစဥ္ကို ေျပာခဲ့ပါတယ္။
ရပ္ေဝးက ဌာနဆိုင္ရာဝန္ထမ္းေတြ ေနရပ္ျပန္သြားၾကေပမယ့္ ဖာပြန္ၿမိဳ႕ခံဝန္ထမ္းေတြကေတာ့ ၿမိဳ႕မွာပဲ ဆက္ရွိေနတဲ့ အတြက္ စစ္ေရးတင္းမာလာႏိုင္မယ့္ အေျခအေနကို စိုးရိမ္ေနၾကပါတယ္။ ဖာပြန္ခ႐ိုင္ထဲမွာ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းေတြအစား KNU အုပ္ခ်ဳပ္ေရးစနစ္ အစားထိုးသြားမယ္လို႔ KNU တပ္မဟာ (၅) ေျပာခြင့္ရ ပဒိုမန္းမန္းကေျပာပါတယ္။
“စစ္ေကာင္စီကခန႔္ထားတဲ့ဝန္ထမ္းေတြ ထြက္ခြါဖို႔အတြက္ က်ေနာ္တို႔က အသိေပးထုတ္ျပန္ျခင္းပဲ ျဖစ္ပါတယ္။ အဓိက က စစ္ေကာင္စီကေနၿပီးေတာ့မွ ထပ္မံၿပီးေတာ့ တာဝန္ေပးခန႔္အပ္လိုက္တဲ့ ဒီ အေထြေထြအုပ္ခ်ဳပ္ေရးပိုင္းမွာရွိတဲ့ တျခားေသာဌာနေတြေပါ့ေနာ္။ ေကာ္သူးေလ အုပ္ခ်ဳပ္ေရးစံနစ္နဲ႔ ျပန္လည္ၿပီးေတာ့မွ ဆက္လက္စီမံေဆာင္႐ြက္သြားမွာလည္း ျဖစ္ပါတယ္။”
လက္ရွိ ဖာပြန္ၿမိဳ႕နယ္ထဲမွာ က်န္းမာေရး၊ ပညာေရးကအစ KNU ရဲ႕ အုပ္ခ်ဳပ္မႈစနစ္နဲ႔ လည္ပတ္ေနတယ္လို႔ ပဒိုမန္းမန္းက ေျပာပါတယ္။
ဖာပြန္ၿမိဳ႕နယ္နဲ႔ အနီးဝန္းက်င္မွာေတာ့ KNU တပ္မဟာ ၅ တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲငယ္ေတြ မၾကာမၾကာ ျဖစ္ေနတယ္လို႔ ဖာပြန္ၿမိဳ႕ခံကပဲ ဆက္ေျပာပါတယ္။
“ျဖစ္ေနတာပဲ၊ တိုက္ပြဲအငယ္ေလးေတြေပါ့။ ကတိုင္တိအေပၚဘက္။ ဒီ ကမာ့ေမာင္းအေပၚဘက္ မိုင္းေတြ လက္နက္ႀကီး သံၾကားေနရတာပဲ။ သူကေခ်ာင္းပစ္တာပဲ ေလ။ ဖာပြန္ဘက္မွာ အႀကီးက်ယ္ျဖစ္တာမရွိေသးဘူး။”
စစ္ေရးပဋိပကၡျဖစ္ေနတဲ့ဖာပြန္ၿမိဳ႕နယ္အတြင္းမွာ ဖုန္းဆက္သြယ္ေရး ျပတ္ေတာက္ေနပါတယ္။ ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲက ဖာပြန္ၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္ ရိကၡာပို႔ဖို႔ ကားလမ္းေဖာက္လုပ္ေရးကိစၥနဲ႔ ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လထဲကစလို႔ KNU တပ္မဟာ ၅ တပ္ဖြဲ႕နဲ႔ စစ္တပ္ၾကား စစ္ေရးပဋိပကၡ ရွိလာခဲ့တာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းလည္း တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။
ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေဒသခံ႐ြာသား (၇) ေသာင္းေလာက္ ထိုင္း ျမန္မာနယ္စပ္ေဒသေတြအပါအဝင္ ေဘးလြတ္ရာ ေနရာေတြမွာ ခိုလႈံေနၾကရပါတယ္။ အလားတူ ဘားအံၿမိဳ႕နယ္အတြင္းမွာရွိတဲ့ စစ္ေကာင္စီလက္ေအာက္ခံတပ္ဖြဲ႕ေတြနဲ႔ ဌာန ဆိုင္ရာဝန္ထမ္းေတြ ထြက္ခြာၾကဖို႔ KNU တပ္မဟာ (၁) ကလည္း ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ရက္စြဲနဲ႔ သတိေပးထုတ္ျပန္ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဖာပွန်ခရိုင်ထဲကထွက်သွားတဲ့ ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်ရှိ

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KNU) တပ်မဟာ ၅ နယ်မြေထဲကနေ အစိုးရဝန်ထမ်းတွေ ထွက်ခွာသွားကြဖို့ နောက်ဆုံး သတ်မှတ်ရက် ဒီနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည့်သွားချိန်မှာ ထွက်ခွာသွားတဲ့ အရပ်ဖက်ဝန်ထမ်း ၁၀၀ ကျော်ရှိပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ဌာနပေါင်းစုံမှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေ နေရပ်ပြန်ကုန်ကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ဖာပွန်ခရိုင်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအစား KNU အုပ်ချုပ်ရေးနဲ့အစားထိုးသွားဖို့ ကြိုးစားနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
KNLA တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီ ယန္တရားလည်ပတ် လို့ မရအောင် ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အတွင်း အမြန်ဆုံး ပြန်လည်ထွက်ခွာသွားဖို့ ဇန်နဝါရီလကုန်ပိုင်းမှာ တပ်မဟာ ၅ က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာပြောထားတဲ့ နောက်ဆုံးသတ်မှတ်ရက် ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် ရောက်ချိန် ဖာပွန်မြို့ ကနေထွက်သွားတဲ့ အစိုးရဝန်ထမ်း ၁၀၀ ကျော်ရှိတယ်လို့ မြို့ခံတယောက်က ခုလိုပြောပါတယ်။
“၁၀ ရက်နေ့ ဝန်ထမ်းတွေရွှေ့ခိုင်းတယ်လေ။ အဲဒါကြောင့်မို့ ဝန်ထမ်းတွေ ပြန်ဆင်းလာကုန်ကြပြီလေ။ တချို့ဆို ကိုယ့်ရပ် ကိုယ်အိမ်ကိုယ်ပြန်ကြတာပေါ့။ ကြောက်ပြီးတော့ပြန်ကြတာပဲ။ ထွက်တာတော့မဟုတ်ဘူးလေ။ တရာကျော်လောက်ရှိတယ် ဝန်ထမ်းတွေက။ ဌာနတွေအများကြီးပဲ။ ကျနော်တို့ ဒီဘက်နယ်ခံတွေကျတော့လည်း သူ့ဘာသာသူ နေတာပေါ့။ သူတို့က လုံခြုံရေး တာဝန်မယူဘူး ပြောကတည်းက ကြောက်ပြီပေါ့ ဝန်ထမ်းတွေကတော့။ မထွက်နိုင်ရင်တော့ ထိတွေ့မှုတွေ ဖြစ်လို့ရှိရင် ဒုက္ခရောက်မှာပေါ့။ ဒေသခံတွေက စိတ်ပူနေပြီပေါ့ အခုက။”

ဖာပွန်မြို့ ဌာနပေါင်းစုံက အမျိုးသမီး ၇၂ ဦး၊ အမျိုးသားက ၆၂ ဦး အားလုံးပေါင်း ၁၃၄ ယောက်လောက် ထွက်သွားကြပြီလို့ KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ကရင်သတင်းစဉ်ကို ပြောခဲ့ပါတယ်။
ရပ်ဝေးက ဌာနဆိုင်ရာဝန်ထမ်းတွေ နေရပ်ပြန်သွားကြပေမယ့် ဖာပွန်မြို့ခံဝန်ထမ်းတွေကတော့ မြို့မှာပဲ ဆက်ရှိနေတဲ့ အတွက် စစ်ရေးတင်းမာလာနိုင်မယ့် အခြေအနေကို စိုးရိမ်နေကြပါတယ်။ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအစား KNU အုပ်ချုပ်ရေးစနစ် အစားထိုးသွားမယ်လို့ KNU တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းကပြောပါတယ်။
“စစ်ကောင်စီကခန့်ထားတဲ့ဝန်ထမ်းတွေ ထွက်ခွါဖို့အတွက် ကျနော်တို့က အသိပေးထုတ်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ အဓိက က စစ်ကောင်စီကနေပြီးတော့မှ ထပ်မံပြီးတော့ တာဝန်ပေးခန့်အပ်လိုက်တဲ့ ဒီ အထွေထွေအုပ်ချုပ်ရေးပိုင်းမှာရှိတဲ့ တခြားသောဌာနတွေပေါ့နော်။ ကော်သူးလေ အုပ်ချုပ်ရေးစံနစ်နဲ့ ပြန်လည်ပြီးတော့မှ ဆက်လက်စီမံဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”
လက်ရှိ ဖာပွန်မြို့နယ်ထဲမှာ ကျန်းမာရေး၊ ပညာရေးကအစ KNU ရဲ့ အုပ်ချုပ်မှုစနစ်နဲ့ လည်ပတ်နေတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။
ဖာပွန်မြို့နယ်နဲ့ အနီးဝန်းကျင်မှာတော့ KNU တပ်မဟာ ၅ တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲငယ်တွေ မကြာမကြာ ဖြစ်နေတယ်လို့ ဖာပွန်မြို့ခံကပဲ ဆက်ပြောပါတယ်။
“ဖြစ်နေတာပဲ၊ တိုက်ပွဲအငယ်လေးတွေပေါ့။ ကတိုင်တိအပေါ်ဘက်။ ဒီ ကမာ့မောင်းအပေါ်ဘက် မိုင်းတွေ လက်နက်ကြီး သံကြားနေရတာပဲ။ သူကချောင်းပစ်တာပဲ လေ။ ဖာပွန်ဘက်မှာ အကြီးကျယ်ဖြစ်တာမရှိသေးဘူး။”
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ဖာပွန်မြို့နယ်အတွင်းမှာ ဖုန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ဖာပွန်မြို့နယ်ဘက်မှာ မြန်မာစစ်တပ် ရိက္ခာပို့ဖို့ ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ် မတ်လထဲကစလို့ KNU တပ်မဟာ ၅ တပ်ဖွဲ့နဲ့ စစ်တပ်ကြား စစ်ရေးပဋိပက္ခ ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၇) သောင်းလောက် ထိုင်း မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ အလားတူ ဘားအံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေနဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာကြဖို့ KNU တပ်မဟာ (၁) ကလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန် ထားပါတယ်။
===========

XS
SM
MD
LG