သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္ KNU ထိန္းခ်ဳပ္နယ္ေျမတြင္းကေက်းရြာ စစ္ေကာင္စီ ေလေၾကာင္းက တိုက္ခိုက္


KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမ ဖာပြန္ခ႐ုိင္တြင္း စစ္ေကာင္စီ ဗုံးႀကဲတုိက္ခုိက္မႈေၾကာင့္ မီးေလာင္ေနတဲ့ ေနအိမ္တလုံး။ (ေဖေဖာ္ဝါရီ ၄၊ ၂၀၂၂။ ဓာတ္ပုံ - KNU - Mutraw News)

(Zawgyi / Unicode)

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး မူေၾတာ္ (ဖာပြန္) ခ႐ိုင္ ဒြယ္လိုးၿမိဳ႕နယ္၊ မာေထာအုပ္စု၊ တဒြံခို႔ေက်းရြာကို စစ္ေကာင္စီတပ္ေတြက ေသာၾကာေန႔မနက္ ၁ နာရီအခ်ိန္ေလာက္မွာ ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ အရပ္သား ၂ ဦး ေသဆံုးၿပီး ထိခိုက္ဒဏ္ရာရသူ ၆ ေယာက္ထက္မနည္း ရွိတယ္လို႔ ကရင္အမ်ဳိးသားအစည္းအ႐ံုး (KNU) က ထုတ္ျပန္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမ ဒြယ္လိုးၿမိဳ႕နယ္ထဲက မာေထာေက်းရြာအုပ္စု တဒြံခုိ႔ေက်းရြာထဲကို စစ္ေကာင္စီတပ္ေတြက ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ည သန္းေခါင္ေက်ာ္မွာ ဗံုးႀကဲတုိက္ခိုက္ခဲ့တယ္လို႔ KNU ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးက ေျပာပါတယ္။

“ညဘက္ ၁၂ နာရီ ၁​ နာရီ အဲဒီလိုအခ်ိန္ေတြမွာပဲ ျဖစ္တာ။ ျဖစ္တာ အေတာ္မ်ားမ်ား မနက္ ၁ နာရီေလာက္မွာျဖစ္တာ။ ဗံုးႀကဲတာဟုတ္တယ္၊ ေလယာဥ္နဲ႔ႀကဲတာပဲ၊ ေလယာဥ္ႀကီးေတြနဲ႔ေတာ့ ပစ္တာပဲ၊ တုိက္ေလယာဥ္လား ဘာလားေတာ့ မသိဘူး၊ မခဲြတတ္ဘူး၊ ဟယ္လီေကာ္ပတာေတာ့ မဟုတ္ဘူး။ လူအေသအေပ်ာက္ ရွိတယ္လို႔လည္း ၾကားပါတယ္။ ေလယာဥ္နဲ႔ပစ္တာက်ေတာ့ ပိုၿပီးဆိုးဝါးတယ္။ ဒါက ထိတ္လန္႔မႈေတြက မတူဘူး။ လက္နက္ႀကီးနဲ႔ပစ္တာက တုိက္ပဲြျဖစ္ခ်ိန္ဆိုေတာ့ ရမ္းသမ္းပစ္တာပဲ၊ အဲဒါကတမ်ိဳးေပါ့။ အခုက ညဘက္ ရာြသားေတြအိပ္တဲ့အခ်ိန္မွာ ေလယာဥ္နဲ႔ပစ္တာက်ေတာ့ ဦးတည္ခ်က္ကေတာ့ အရပ္သားေတြကို ထိတ္လန္႔ေၾကာက္လန္႔ေအာင္ လုပ္တဲ့သေဘာလို႔ က်ေနာ္တုိ႔ ျမင္ပါတယ္။ က်ေနာ္တို႔က မျဖစ္ဖို႔ေတာ့ ႀကိဳးစားေနတယ္။ အရပ္သားေတြကို ပစ္မွတ္ထားတာကေတာ့ ေလ်ာ့က်သြားပံုမရဘူး။ ဆက္ျဖစ္ေနပါတယ္။”

စစ္ေကာင္စီတပ္ေတြက ေလယာဥ္နဲ႔ ဗံုး ၂ လံုး လာပစ္ခ်တဲ့အတြက္ ေဒသခံရြာသား ၂ ဦး ေသဆံုးၿပီး ကေလးငယ္ေတြ အပါအဝင္ ရြာသား ၆ ဦး ဒဏ္ရာရရိွခဲ့တယ္။ ဒါ့အျပင္ ေက်းရြာသားေတြရဲ႕ ေနအိမ္ ၁ လံုး မီးေလာင္သြားၿပီး ၃ လံုးကေတာ့ ပ်က္စီးသြားတယ္လို႔ KNU ဘက္က ဆုိပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔ မနက္ပိုင္းကလည္း ဖာပြန္ခ႐ုိင္အတြင္းက ေသေကာ္ထာ့ေက်းရြာကို ဗံုးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ KNU ဘက္က ေျပာပါတယ္။

KNU တပ္မဟာ ၅ ထိန္းခ်ဳပ္ရာ ဖာပြန္ခ႐ုိင္ထဲမွာလည္း ေန႔စဥ္နီးပါး တိုက္ပဲြေတြ ျဖစ္ေနတယ္လို႔ ဖဒိုေစာေတာနီးက ေျပာပါတယ္။

“အဲဒီဘက္မွာ ေန႔တိုင္းလိုလိုျဖစ္တယ္။ ရင္ဆုိင္တုိက္ပဲြေတြ မျဖစ္တဲ့တိုင္ေအာင္ လက္နက္ႀကီးေတြနဲ႔က ေန႔တုိင္းပစ္ေနတယ္၊ ေျမျပင္သတင္းအရေပါ့။”

ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ ေလးေက့ေကာ္ဘက္မွာေတာ့ တုိက္ပဲြေတြ ၿငိမ္သက္ေနေပမယ့္ ျမဝတီၿမိဳ႕နဲ႔ ၉ မုိင္အကြာအေဝးရွိတဲ့ ကြင္းကေလးရြာဘက္မွာေတာ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ရြာသားတခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိတယ္လို႔လည္း ေဒသခံေတြက ေျပာဆုိခဲ့ပါတယ္။

-------------------

(Unicode)

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေတွင်းကကျေးရွာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

KNU ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင် ဒွယ်လိုးမြို့နယ်၊ မာထောအုပ်စု၊ တဒွံခို့ကျေးရွာကို စစ်ကောင်စီတပ်တွေက သောကြာနေ့မနက် ၁ နာရီအချိန်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆ ယောက်ထက်မနည်း ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ်ထဲက မာထောကျေးရွာအုပ်စု တဒွံခို့ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ ည သန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။

“ညဘက် ၁၂ နာရီ ၁ နာရီ အဲဒီလိုအချိန်တွေမှာပဲ ဖြစ်တာ။ ဖြစ်တာ အတော်များများ မနက် ၁ နာရီလောက်မှာဖြစ်တာ။ ဗုံးကြဲတာဟုတ်တယ်၊ လေယာဉ်နဲ့ကြဲတာပဲ၊ လေယာဉ်ကြီးတွေနဲ့တော့ ပစ်တာပဲ၊ တိုက်လေယာဉ်လား ဘာလားတော့ မသိဘူး၊ မခွဲတတ်ဘူး၊ ဟယ်လီကော်ပတာတော့ မဟုတ်ဘူး။ လူအသေအပျောက် ရှိတယ်လို့လည်း ကြားပါတယ်။ လေယာဉ်နဲ့ပစ်တာကျတော့ ပိုပြီးဆိုးဝါးတယ်။ ဒါက ထိတ်လန့်မှုတွေက မတူဘူး။ လက်နက်ကြီးနဲ့ပစ်တာက တိုက်ပွဲဖြစ်ချိန်ဆိုတော့ ရမ်းသမ်းပစ်တာပဲ၊ အဲဒါကတမျိုးပေါ့။ အခုက ညဘက် ရာွသားတွေအိပ်တဲ့အချိန်မှာ လေယာဉ်နဲ့ပစ်တာကျတော့ ဦးတည်ချက်ကတော့ အရပ်သားတွေကို ထိတ်လန့်ကြောက်လန့်အောင် လုပ်တဲ့သဘောလို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့က မဖြစ်ဖို့တော့ ကြိုးစားနေတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတာကတော့ လျော့ကျသွားပုံမရဘူး။ ဆက်ဖြစ်နေပါတယ်။”

စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံး ၂ လုံး လာပစ်ချတဲ့အတွက် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဒါ့အပြင် ကျေးရွာသားတွေရဲ့ နေအိမ် ၁ လုံး မီးလောင်သွားပြီး ၃ လုံးကတော့ ပျက်စီးသွားတယ်လို့ KNU ဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းကလည်း ဖာပွန်ခရိုင်အတွင်းက သေကော်ထာ့ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာလည်း နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။

“အဲဒီဘက်မှာ နေ့တိုင်းလိုလိုဖြစ်တယ်။ ရင်ဆိုင်တိုက်ပွဲတွေ မဖြစ်တဲ့တိုင်အောင် လက်နက်ကြီးတွေနဲ့က နေ့တိုင်းပစ်နေတယ်၊ မြေပြင်သတင်းအရပေါ့။”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် မြဝတီမြို့နဲ့ ၉ မိုင်အကွာအဝေးရှိတဲ့ ကွင်းကလေးရွာဘက်မှာတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာ ရရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG