သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းရင္းသားလက္နက္ကိုင္္သံုးဖြဲ႔ ေခါင္းေဆာင္ေတြနဲ႔ ဆာဆာကာဝါ ခ်င္းမိုင္မွာ သီးျခားစီေတြ႔ဆံု 


နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Sasakawa Yohei (ယခင္ပံုေဟာင္း။) (ႏိုဝင္ဘာ ၂၈၊ ၂၀၂၀။ ဓာတ္ပုံ - သက္ႏုိင္ (ဗြီအိုေအ))

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ကူညီေနတဲ့ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Yohei Sasakawa ဟာ ဒီကေန႔ ထုိင္းႏိုင္ငံ ခ်င္းမုိင္ၿမိဳ႕မွာ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ေတြက ေခါင္းေဆာင္တခ်ဳိ႕နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ ဒီေတြ႔ဆံုပဲြမွာ အဓိကအားျဖင့္ ေဒသဖံြ႔ျဖိဳးေရးကိစၥေတြကို ေဆြးေႏြးခဲ့ၿပီး ႏိုင္ငံေရးကိစၥေတြမပါဝင္ဘူးလုိ႔ KNU ကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုေတာ့ ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာဆာဆာကာ၀ါဟာ ကရင္အမ်ိဳးသားအစည္းအရံုး KNU ၊ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ KNPP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ေခါင္းေဆာင္ေတြနဲ႔ ဒီကေန႔မနက္ပိုင္းက သီးျခားစီေတြ႔ဆံုခဲ့တာပါ။

KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ၾကီး မူတူးေဆးဖိုး၊ ကာကြယ္ေရးဌာနတာ၀န္ခံ ပဒိုေစာေရာဂ်ာခင္တုိ႔ ဆာဆာကာဝါနဲ႔ ေတြ႔ဆံုခဲ့ၾကပါတယ္။ ေတြ႔ဆံုေဆြးေႏြးပြဲမွာ အဓိက ေလးေက့ေကာ္ၿမိဳ႕သစ္ ကိစၥကို ေဆြးေႏြးခဲ့ၾကတယ္လို႔ KNU ႏိုင္ငံျခားေရးဌာန တာ၀န္ခံ ပဒိုေစာေတာနီးက ဗီြအိုေအ ကို ေျပာပါတယ္။

“က်ေနာ္တုိ႔ ဥကၠ႒ကေနၿပီးေတာ့ မစၥတာ ဆာဆာကာဝါနဲ႔ ေတြ႔ခဲ့ပါတယ္။ ေလးေက့ေကာ္ၿမိဳ႕သစ္ တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီျမိဳ႕သစ္တည္ေဆာက္ေရးအတြက္ ကုန္က်တဲ့ ရန္ပံုေငြအားလံုးကို နိပြန္ေဖာင္ေဒးရွင္းက က်ခံတယ္ဆုိတာကလည္း လူတိုင္းနီးပါးေလာက္ သိၿပီးၿပီေပါ့ေနာ္။ ဒီေန႔ ဒီကာလမွာ ေလးေက့ေကာ္ၿမိဳ႕သစ္ရဲ့ အေျခအေနက အားလံုးသိၿပီးတဲ့အတိုင္း ၿပီးခဲ့တဲ့ ဒီဇင္ဘာလတည္းက တိုက္ပဲြၾကီးေတြ ျဖစ္လာတဲ့အခါက်ေတာ့ အဲဒီၿမိဳ႕က လံုးဝ ၿမိဳ႕ပ်က္ႀကီး၊ ၿမိဳ႕သူၿမိဳ႕သားအားလံုးကလည္း ေတာထဲမွာ ေျပးေရွာင္ေနရေတာ့ အခုထက္ထိ ျပန္လာလုိ႔မရတဲ့ အေနအထား ရိွေနတဲ့အေပၚမွာ ဒီကိစၥ ေဆြးေႏြးမယ္လုိ႔ပဲ က်ေနာ္တုိ႔ သိရပါတယ္။”

KNU ဥကၠ႒နဲ႔ ဆာဆာကာဝါတို႔ ေတြ႔ဆံုပြဲမွာ ႏိုင္ငံေရးကိစၥေတြေတာ့ ေဆြးေႏြးခဲ့ျခင္းမရိွဘူးလုိ႔ ပဒိုေစာေတာနီးကေျပာပါတယ္။

“ႏိုင္ငံေရးကိစၥေတာ့ ဘာမွ ေဆြးေႏြးစရာမရိွဘူးေလ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက စစ္ေကာင္စီက ကမကထလုပ္တဲ့ ပဲြၾကီးေတြ ကို က်ေနာ္တုိ႔ကမတက္ခဲ့ဘူး။ ႏိုင္ငံေရးေဆြးေႏြးပဲြကိုလည္း လက္ခံလို႔ မရဘူးေလ။ က်ေနာ္တို႔ ႏိုင္ငံေရးေဆြးေႏြးပဲြကိုသြားဖို႔ NCA ကို လက္မွတ္ထိုးခဲ့ၿပီး ဒီ NCA ကိုယ္တုိင္လည္း အေျခခံမူေတြက စခ်ိဳးေဖာက္ၿပီး အာဏာသိမ္းလာတဲ့အခါမွာ ဒီလူေတြနဲ႔ က်ေနာ္တုိ႔ စကားေျပာလုိ႔ကို မရေတာ့ဘူးေလ။ ဘာလို႔လဲဆုိ တရားမဝင္ေတာ့ဘူးေလ။ တရားဝင္တဲ့နည္းလမ္းဆိုတာ ဘာလဲ ဆုိေတာ စစ္အာဏာသိမ္းမႈကို က်ေနာ္တုိ႔ လက္မခံဘူး။ စစ္အာဏာရွင္စနစ္ကို က်ေနာ္တုိ႔ ျဖိဳခြင္းရမယ္။ အဲဒါၿပီးမွပဲ က်ေနာ္တုိ႔ ေရွ႕ဆက္လုပ္လုိ႔ရမယ့္ကိစၥေတြ ရိွလာမွာပါ။”

ဒီေန႔ ဆာဆာကာဝါနဲ႔ သီးျခားေတ႔ြခဲ့တဲ့ KNPP အေနနဲ႔လည္း အဖဲြ႔ဥကၠ႒ ခူးဦးရယ္ ဦးေဆာင္ၿပီး ေတြ႔ခဲ့တာပါ။ ေတြ႔ဆံုပဲြမွာ ပါခဲ့တဲ့ KNPP အတြင္းေရးမႉး ၂ ဦးေအာင္ဆန္းျမင့္က နိပြန္ေဖာင္ေဒးရွင္းက ေပးအပ္ေနတဲ့ လူသားခ်င္းစာနာမႈဆုိင္ရာ အေထာက္အပံ့ကိစၥ၊ ပညာေရးကိစၥေတြ အဓိက ေဆြးေႏြးျဖစ္တယ္လုိ႔ ေျပာပါတယ္။ ႏိုင္ငံေရးကိစၥေဆြးေႏြးတာမရိွေပမယ့္ လက္ရိွ ကယားျပည္နယ္အတြင္းက စစ္ေဘးဒုကၡသည္ေတြအေရးကို KNPP ဘက္က ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္းလည္း ေျပာပါတယ္။

“က်ေနာ္တုိ႔နဲ႔ကေတာ့ ဘာမွ ႏိုင္ငံေရးေဆြးေႏြးတာမရိွဘူးေလ။ သူနဲ႔ က်ေနာ္တို႔နဲ႔ၾကားမွာေတာ့ ႏိုင္ငံေရးေဆြးေႏြးတာ တခါမွလည္း မရိွဘူးေလေနာ။ က်ေနာ္တို႔အေနနဲ႔ ေဆြးေႏြးဖို႔လည္းမရိွပါဘူး။ လူသားခ်င္းစာနာမႈဆုိင္ရာ အေထာက္အပံ့ကိစၥနဲ႔ ပတ္သက္ၿပီးမွ ဒီေန႔ က်ေနာ္တုိ႔ ျပည္နယ္ထဲမွာ ဒုကၡေရာက္ေနတဲ့ ျပည္သူလူထုေတြကို ဘယ္လုိနည္းလမ္းနဲ႔ ကူညီေပးႏိုင္ရင္ ေကာင္းမလဲဆုိတဲ့ဟာေလာက္ပါပဲ။ ဒါေပမယ့္ ဘာဆံုးျဖတ္ခ်က္မွေတာ့ မရပါဘူး။ ကူညီေပးႏိုင္မဲ့နည္းလမ္းကို စကားေျပာၾကည့္တဲ့ သေဘာပါပဲ။ နဂိုကလည္း ဆက္ဆံေရးရိွထားေတာ့ေလ။ ”

မစၥတာဆာဆာကာ၀ါဟာ ဗိုလ္ခ်ဳပ္ၾကီးယြက္စစ္ဦးေဆာင္တဲ့ RCSS ကိုယ္စားလွယ္အဖဲြ႔နဲ႔လည္း ဒီေန႔ ေန႔လယ္ပိုင္းက ေတြဆံုခဲ့ ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးသိရဖို႔ RCSS ကိ္ု ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆုိျခင္း မ႐ွိခဲ့ပါဘူး။

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာေရာက္ေနတဲ့ ဆာဆာကာဝါဟာ NCA အပစ္ရပ္ ၁၀ ဖဲြ႔နဲ႔ ဖြဲ႔စည္းထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST နဲ႔လည္း သီးျခားစီ ဒီေန႔ ေတြ႔ဆံုခဲ့ပါတယ္။

မစၥတာဆာဆာကာ၀ါဟာ NCA အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ဆက္ဆံေရးေကာင္းသူျဖစ္သလို ရခုိင္ျပည္နယ္မွာ အပစ္အခတ္ ရပ္စဲေရးအတြက္လည္း ၾကား၀င္ညိွႏိႈင္းေပးခဲ့သူ ျဖစ္ပါတယ္။

အခုလို ထိုင္းႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔မေတြ႔ခင္ သူဟာ ကေမၻာဒီးယားႏိုင္ငံကို သြားေရာက္ၿပီး လက္ရိွ အာဆီယံဥကၠ႒ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ မၾကာခင္ ျမန္မာႏိုင္ငံကို သြားေရာက္ဖုိ႔႐ွိတဲ့ ကေမာၻဒီးယား ႏိုင္ငံျခား ေရးဝန္းႀကီးလည္းျဖစ္၊ အာဆီယံ အထူးကိုယ္စားလွယ္လည္းျဖစ္တဲ့ Prak Sokhonn နဲ႔ အတူလက္တဲြလုပ္ဖုိ႔ ဆာဆာကာဝါကို တုိက္တြန္းေျပာၾကားခဲ့တယ္လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဂ်ပန္အစိုးရက ျမန္မာႏိုင္ငံ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္တာဝန္ေပးထားတဲ့ နိပြန္ေဖာင္ေဒးရွင္း ဥကၠ႒ Yohei Sasakawa ဟာ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလက ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ ဒါေပမ့ဲ အဲဒီခရီးစဥ္ဟာ ဂ်ပန္အစုိးရကတာဝန္ေပးတဲ့ ခရီးစဥ္မဟုတ္ဘူးလို႔ ဂ်ပန္အစိုးရဘက္က ထုတ္ျပန္ခဲ့ပါတယ္။ အခုလည္း ထုိင္းနိုင္ငံမွာ တိုင္းရင္းသားလက္နက္ကုိင္အဖဲြ႔ ၃ ဖြဲ႔နဲ႔ ေတြ႔ဆံုမႈဟာ နိပြန္ ေဖာင္ေဒး႐ွင္းရဲ႕ လူသားစာနာမႈဆိုင္ရာ အကူအညီေပးေရးကိစၥေတြ အဓိကျဖစ္တယ္လို႔ စံုစမ္းသိရပါတယ္။

အခုခရီးစဥ္မတုိင္ခင္ အင္ဒိုနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔လည္း မတ္လ ၅ ရက္ေန႔ကေတြ႔ဆံုခဲ့ပါတယ္။ ထိုင္းႏိုင္ငံကို ေရာက္တဲ့ ေန႔ကလည္း ထုိင္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေခတၱေတြ႔ဆံုခဲ့ပါတယ္။ ဒီခရီးစဥ္အတြင္း ျမန္မာႏိုင္ငံသြားဖုိ႔ မ႐ွိဘူးလုိ႔ ေလာေလာဆယ္ သိထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ခေါင်းဆောင်တွေနဲ့ ဆာဆာကာဝါ ချင်းမိုင်မှာ သီးခြားစီတွေ့ဆုံ


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကူညီနေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei Sasakawa ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိကအားဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး နိုင်ငံရေးကိစ္စတွေမပါဝင်ဘူးလို့ KNU ကပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက်ပိုင်းက သီးခြားစီတွေ့ဆုံခဲ့တာပါ။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်တို့ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ အဓိက လေးကေ့ကော်မြို့သစ် ကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ဗွီအိုအေ ကို ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌကနေပြီးတော့ မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ခဲ့ပါတယ်။ လေးကေ့ကော်မြို့သစ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီမြို့သစ်တည်ဆောက်ရေးအတွက် ကုန်ကျတဲ့ ရန်ပုံငွေအားလုံးကို နိပွန်ဖောင်ဒေးရှင်းက ကျခံတယ်ဆိုတာကလည်း လူတိုင်းနီးပါးလောက် သိပြီးပြီပေါ့နော်။ ဒီနေ့ ဒီကာလမှာ လေးကေ့ကော်မြို့သစ်ရဲ့ အခြေအနေက အားလုံးသိပြီးတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက တိုက်ပွဲကြီးတွေ ဖြစ်လာတဲ့အခါကျတော့ အဲဒီမြို့က လုံးဝ မြို့ပျက်ကြီး၊ မြို့သူမြို့သားအားလုံးကလည်း တောထဲမှာ ပြေးရှောင်နေရတော့ အခုထက်ထိ ပြန်လာလို့မရတဲ့ အနေအထား ရှိနေတဲ့အပေါ်မှာ ဒီကိစ္စ ဆွေးနွေးမယ်လို့ပဲ ကျနော်တို့ သိရပါတယ်။”

KNU ဥက္ကဋ္ဌနဲ့ ဆာဆာကာဝါတို့ တွေ့ဆုံပွဲမှာ နိုင်ငံရေးကိစ္စတွေတော့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ပဒိုစောတောနီးကပြောပါတယ်။

“နိုင်ငံရေးကိစ္စတော့ ဘာမှ ဆွေးနွေးစရာမရှိဘူးလေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စစ်ကောင်စီက ကမကထလုပ်တဲ့ ပွဲကြီးတွေ ကို ကျနော်တို့ကမတက်ခဲ့ဘူး။ နိုင်ငံရေးဆွေးနွေးပွဲကိုလည်း လက်ခံလို့ မရဘူးလေ။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ NCA ကို လက်မှတ်ထိုးခဲ့ပြီး ဒီ NCA ကိုယ်တိုင်လည်း အခြေခံမူတွေက စချိုးဖောက်ပြီး အာဏာသိမ်းလာတဲ့အခါမှာ ဒီလူတွေနဲ့ ကျနော်တို့ စကားပြောလို့ကို မရတော့ဘူးလေ။ ဘာလို့လဲဆို တရားမဝင်တော့ဘူးလေ။ တရားဝင်တဲ့နည်းလမ်းဆိုတာ ဘာလဲ ဆိုတော စစ်အာဏာသိမ်းမှုကို ကျနော်တို့ လက်မခံဘူး။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ဖြိုခွင်းရမယ်။ အဲဒါပြီးမှပဲ ကျနော်တို့ ရှေ့ဆက်လုပ်လို့ရမယ့်ကိစ္စတွေ ရှိလာမှာပါ။”

ဒီနေ့ ဆာဆာကာဝါနဲ့ သီးခြားတေ့ွခဲ့တဲ့ KNPP အနေနဲ့လည်း အဖွဲ့ဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်ပြီး တွေ့ခဲ့တာပါ။ တွေ့ဆုံပွဲမှာ ပါခဲ့တဲ့ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က နိပွန်ဖောင်ဒေးရှင်းက ပေးအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ကိစ္စ၊ ပညာရေးကိစ္စတွေ အဓိက ဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံရေးကိစ္စဆွေးနွေးတာမရှိပေမယ့် လက်ရှိ ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအရေးကို KNPP ဘက်က ထည့်သွင်း ဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့နဲ့ကတော့ ဘာမှ နိုင်ငံရေးဆွေးနွေးတာမရှိဘူးလေ။ သူနဲ့ ကျနော်တို့နဲ့ကြားမှာတော့ နိုင်ငံရေးဆွေးနွေးတာ တခါမှလည်း မရှိဘူးလေနော။ ကျနော်တို့အနေနဲ့ ဆွေးနွေးဖို့လည်းမရှိပါဘူး။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ဒီနေ့ ကျနော်တို့ ပြည်နယ်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေကို ဘယ်လိုနည်းလမ်းနဲ့ ကူညီပေးနိုင်ရင် ကောင်းမလဲဆိုတဲ့ဟာလောက်ပါပဲ။ ဒါပေမယ့် ဘာဆုံးဖြတ်ချက်မှတော့ မရပါဘူး။ ကူညီပေးနိုင်မဲ့နည်းလမ်းကို စကားပြောကြည့်တဲ့ သဘောပါပဲ။ နဂိုကလည်း ဆက်ဆံရေးရှိထားတော့လေ။ ”

မစ္စတာဆာဆာကာဝါဟာ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်တဲ့ RCSS ကိုယ်စားလှယ်အဖွဲ့နဲ့လည်း ဒီနေ့ နေ့လယ်ပိုင်းက တွေဆုံခဲ့ ပါတယ်။ ဒါနဲ့ပတ်သက်ပြီးသိရဖို့ RCSS ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရောက်နေတဲ့ ဆာဆာကာဝါဟာ NCA အပစ်ရပ် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့လည်း သီးခြားစီ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဆာဆာကာဝါဟာ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းသူဖြစ်သလို ရခိုင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲရေးအတွက်လည်း ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့မတွေ့ခင် သူဟာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မကြာခင် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံခြား ရေးဝန်းကြီးလည်းဖြစ်၊ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Prak Sokhonn နဲ့ အတူလက်တွဲလုပ်ဖို့ ဆာဆာကာဝါကို တိုက်တွန်းပြောကြားခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ပေးထားတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်ဟာ ဂျပန်အစိုးရကတာဝန်ပေးတဲ့ ခရီးစဉ်မဟုတ်ဘူးလို့ ဂျပန်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အခုလည်း ထိုင်းနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံမှုဟာ နိပွန် ဖောင်ဒေးရှင်းရဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေ အဓိကဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

အခုခရီးစဉ်မတိုင်ခင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း မတ်လ ၅ ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်တဲ့ နေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံသွားဖို့ မရှိဘူးလို့ လောလောဆယ် သိထားရပါတယ်။

XS
SM
MD
LG