သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ စီးပြားေရး ေရွ႕ေရး


(Zawgyi / Unicode)


လြန္ခဲ႔တဲ႔ ဆယ္စုႏွစ္ ၂ ခုတုန္းက တ႐ုတ္ရဲ႕ စက္မႈလုပ္ငန္းေတြနဲ႔ စီးပြားေရး ေမာင္းႏွင္အားက ကမ ၻာကို အံ႔ၾသမင္သက္ေစခဲ႔ၿပီး တႏွစ္ကို ၁၀ ရာခိုင္ႏႈန္းေက်ာ္ တိုးတက္ခဲ႔တာပါ။ ဒါေပမဲ႔လည္း ၿပီးခဲ႔တဲ႔ ဆယ္စုႏွစ္ အတြင္းမွာေတာ့ တ႐ုတ္မွာ ဆယ္ဂဏန္း ဖြံ႔ၿဖိဳးမႈ ဆိုတာ မရွိေတာ့ပါဘူး။ တ႐ုတ္ရဲ႕ အိမ္ျခံေျမ လုပ္ငန္းႀကီးေတြနဲ႔ နည္းပညာ က႑မွာ မေျပလည္မႈေတြ ရွိခဲ႔ၿပီးေနာက္ ဧၿပီလနဲ႔ ဇြန္လ အတြင္း ႏိုင္ငံရဲ႕ အသားတင္ ထုတ္လုပ္မႈ GDP က်ဆင္းလာတာ ျဖစ္ပါတယ္။ Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

တ႐ုတ္ရဲ႕ ဖြံ႔ၿဖိဳးမႈ က်လာရတဲ႔ အေၾကာင္းနဲ႔ ပတ္သက္ၿပီး စီးပြားေရး ပညာရွင္ေတြ တညီတၫြတ္ ေျပာၾကတဲ႔ အေၾကာင္းကေတာ့ Covid-19 ကူးစက္မႈကို တားဆီးႏိုင္ေရး အသြားအလာ တားျမစ္ကန္႔သတ္မႈေတြေၾကာင့္ ကုန္ထုတ္လုပ္ငန္းေတြနဲ႔ ျပည္ပ တင္ပို႔မႈေတြ ထိခိုက္ရတဲ႔ ကိစၥ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ အတြင္း တ႐ုတ္ရဲ႕ နည္းပညာ လုပ္ငန္းႀကီးေတြ ၿဖိဳခြင္းခံရတဲ႔ ကိစၥရဲ႕ ႐ိုက္ခတ္မႈ၊ ေနာက္ တ႐ုတ္ရဲ႕ ထိပ္တန္း အိမ္ျခံေျမ လုပ္ငန္းႀကီးေတြ ၾကားမွာ ဘ႑ာေရး အခက္အခဲေတြ ၾကံဳေတြ႕ေနရတဲ႔ အေျခအေနမွာ အခု ဆုတ္ယုတ္က်ဆင္းမႈက ထပ္ၿပီး ျဖစ္လာေၾကာင္းလည္း သူတို႔က ေျပာပါတယ္။ တ႐ုတ္ရဲ႕ ေဒၚလာ ၁၈ ထရီလ်ံ စီးပြားေရးဟာ အေမရိကန္ ၿပီးရင္ ကမ ၻာမွာ ဒုတိယ အႀကီးဆံုး စီးပြားေရး ျဖစ္ၿပီး အရင္ သံုးလနဲ႔ ႏိႈင္းယွဥ္ရင္ ဧၿပီလကေန ဇြန္လ အတြင္း ၂ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းသြားတာ ျဖစ္ပါတယ္။

S&P Global Market Intelligence လုပ္ငန္းႀကီးရဲ႕ အာရွ ပစိဖိတ္ ဆိုင္ရာ စီးပြားေရး ပညာရွင္ အႀကီးအကဲနဲ႔ အမႈေဆာင္ ၫႊန္ၾကားေရးမွဴး Rajiv Biswas က အခုလို ေျပာပါတယ္။

“ တ႐ုတ္ရဲ႕ ၿမိဳ႕ အေတာ္မ်ားမ်ားမွာ Covid-19 ကူးစက္ ပ်ံ႔ႏွံ႔မႈ ျဖစ္ခဲ႔တာရဲ႕ သက္ေရာက္မႈေၾကာင့္ ေဖေဖာ္ဝါရီလ ကတည္းက တ႐ုတ္ရဲ႕ စီးပြားေရးမွာ အေႏွာင့္အယွက္ အဟန္႔အတား လကၡဏာေတြ ေတြ႕ျမင္ေနရပါတယ္။ ”

စက္မႈ ကုန္ထုတ္လုပ္မႈ၊ လက္လီ အေရာင္းနဲ႔ ဆိပ္ကမ္း စီမံခန္႔ခြဲမႈေတြမွာ အထူးသျဖင့္ အခက္အခဲ ျဖစ္ခဲ႔ရတယ္လို႔လည္း S&P Global Market Intelligence လုပ္ငန္းႀကီးရဲ႕ အာရွ ပစိဖိတ္ ဆိုင္ရာ စီးပြားေရး ပညာရွင္ အႀကီးအကဲနဲ႔ အမႈေဆာင္ ၫႊန္ၾကားေရးမွဴး Rajiv Biswas က ဆက္ၿပီး ေျပာပါတယ္။

“ လက္လီ အေရာင္းေတြနဲ႔ စက္မႈ ကုန္ထုတ္လုပ္မႈေတြ အေပၚ ထိခိုက္သက္ေရာက္မႈေတြဟာ ဧၿပီလနဲ႔ ေမလ အတြင္းမွာ သိပ္ကို ျပင္းထန္ ဆိုးရြားခဲ႔ပါတယ္။ ရွန္ဟိုင္းမွာ ဆိုရင္ ဧၿပီလ အတြင္း ဆိပ္ကမ္း စီမံခန္႔ခြဲမႈနဲ႔ သယ္ယူပို႔ေဆာင္ေရးမွာ ဆိုးဆိုးရြားရြား အဟန္႔အတား ျဖစ္ခဲ႔ပါတယ္။ ”

ရွန္ဟိုင္းဟာ တ႐ုတ္ရဲ႕ အဓိက ဆိပ္ကမ္းၿမိဳ႕ ျဖစ္ပါတယ္။ ဧၿပီလ အတြင္း ရွန္ဟိုင္းမွာ အသြားအလာ တားျမစ္ကန္႔သတ္ခ်က္ကို ဗဟို အစိုးရက ၫႊန္ၾကားခဲ႔တာပါ။ တ႐ုတ္ရဲ႕ စီးပြားေရးဟာ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္ အတြင္း ႏွစ္စဥ္ ၁၀ ရာခိုင္ႏႈန္း နီးပါး ဖြံ႔ၿဖိဳးခဲ႔ေၾကာင္း ကမ ၻာ့ဘဏ္ရဲ႕ အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။ ၂၀၁၉ ခုႏွစ္ အထိ ႏွစ္စဥ္ ဖြံ႔ၿဖိဳးမႈက တျဖည္းျဖညး္ ေႏွးေကြးလာခဲ႔ၿပီး ကပ္ေရာဂါဒဏ္ ပထမဆံုး ခံရတဲ႔ႏွစ္ ၂၀၂၀ မွာေတာ့ တ႐ုတ္ရဲ႕ ဖြံ႔ၿဖိဳးမႈက ၂ ဒသမ ၂ ရာခိုင္ႏႈန္းသာ ရွိခဲ႔ၿပီး ၿပီးခဲ႔တဲ႔ ၂၀၂၁ ခုႏွစ္မွာေတာ့ ၈ ဒသမ ၁ ရာခိုင္ႏႈန္းကို ျပန္ၿပီး ေရာက္ရွိလာပါတယ္။

အသြားအလာ တားျမစ္ပိတ္ပင္မႈ Lockdown အႀကိမ္ႀကိမ္ ခ်မွတ္ က်င့္သံုးေနတဲ႔ တ႐ုတ္မွာ အလုပ္လက္မဲ႔ႏႈန္း ၅ ရာခိုင္ႏႈန္း နီးပါးကို ေရာက္ခဲ႔တဲ႔ ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းနဲ႔ ယွဥ္ရင္ ၿပီးခဲ႔တဲ႔ ဧၿပီလ အတြင္း အလုပ္လက္မဲ႔ႏႈန္းက ၆ ရာခိုင္ႏႈန္းကို ေရာက္ရွိခဲ႔ပါတယ္။ အထူးသျဖင့္ ငယ္ရြယ္တဲ႔ လုပ္သားေတြနဲ႔ လုပ္ငန္းငယ္ေတြ ပိုၿပီး အထိနာတယ္လို႔လည္း သံုးသပ္သူေတြက ေျပာပါတယ္။
ေဘဂ်င္း၊ ရွန္ဟိုင္းနဲ႔ Changsah ၿမိဳ႕တို႔ လူေတြကို ဗြီအိုေအက ဒီသီတင္းပတ္ အတြင္း ဆက္သြယ္ေမးျမန္းတာမွာေတာ့ အလုပ္အကိုင္ အေရးနဲ႔ ပတ္သက္ၿပီး သိရွိထားေပမယ့္ သူတို႔ အလုပ္ေတြကေတာ့ တည္ၿငိမ္တယ္လို႔ ယူဆေၾကာင္း ေျပာၾကပါတယ္။ အမည္မေဖာ္လိုတဲ႔ ဖက္ရွင္ ပစၥည္း တင္သြင္းသူ တဦးကေတာ့ သူနဲ႔ ရင္းႏွီးသူေတြၾကား အလုပ္အကိုင္ မရွိ ျဖစ္တယ္ဆိုတာ မၾကားမိသလို မေက်မနပ္ ေျပာသံ ဆိုသံလည္း မၾကားေၾကာင္း ေျပာပါတယ္။

အသြားအလာ တားျမစ္ ပိတ္ပင္မႈေတြေၾကာင့္ အျပင္မသြားႏိုင္တဲ႔ အခ်က္ ဒါမွမဟုတ္လည္း ေနာက္ဆံုး အလုပ္လက္မဲ႔ ျဖစ္ၿပီး ၀င္ေငြနည္းသြားမယ့္ အေရး စိုးရိမ္ခ်က္ေၾကာင့္ တ႐ုတ္ စားသံုးသူေတြဟာ အရင္လို ေငြမသံုးၾကေတာ့ဘူးလို႔ ျပင္သစ္ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ Natixis ရဲ႕ ေဟာင္ေကာင္ အေျခစိုက္ အာရွ ပစိဖိတ္ ဆိုင္ရာ စီးပြားေရး ပညာရွင္မ်ား အႀကီးအကဲ Alicia Garcia-Herrero က ေျပာပါတယ္။ အသြားအလာ တားျမစ္ကန္႔သတ္မႈ ေျဖေလွ်ာ့လိုက္ၿပီ ျဖစ္တဲ႔ ဇြန္လ အတြင္းမွာဘဲ လက္လီ အေရာင္းက ၃ ရာခိုင္ႏႈန္း ေလာက္သာ ရွိပါတယ္။

ဒီကိစၥဟာဆိုရင္ အိမ္ေထာင္စုေတြ အေနနဲ႔ အေျခအေန အေပၚမွာ စိတ္ခ် ယံုၾကည္မႈ သိပ္ၿပီး နည္းေနေသးတဲ႔ အခ်က္ကို ရွင္းရွင္းလင္းလင္း ေပၚလြင္ေစပါတယ္။ အေၾကာင္းကေတာ့ ေနရာတိုင္းမွာ လူစုလူေ၀းလိုက္ စမ္းသပ္မႈေတြ ရွိေနဆဲ ျဖစ္ၿပီး အနာဂတ္မွာ အသြားအလာ တားျမစ္ ကန္႔သတ္မႈ Lockdowm ေတြကလည္း ေသခ်ာ ေရရာမႈ မရွိေသးတာေၾကာင့္ ျဖစ္ပါတယ္။

တ႐ုတ္ရဲ႕ အိမ္ျခံေျမ လုပ္ငန္းႀကီးေတြနဲ႔ နည္းပညာ လုပ္ငန္းႀကီးေတြမွာ ျပႆနာေတြ ျဖစ္ခဲ႔တဲ႔ ၿပီးခဲ႔တဲ႔ ႏွစ္မွာ စီးပြားေရး ယိမ္းယိုင္ခဲ႔ၿပီး ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္အတြင္း တ႐ုတ္ရဲ႕ အိမ္ျခံေျမ ေဆာက္လုပ္ေရး လုပ္ငန္းႀကီး တခ်ိဳ႕ဟာ ေဒၚလာ သန္းေထာင္ခ်ီ အေႂကြး မဆပ္ႏိုင္ျဖစ္ခဲ႔ပါတယ္။ ႀကိဳပြိဳင္နဲ႔ ၀ယ္ထားၾကတဲ႔ အိမ္ပိုင္ရွင္ေတြကလည္း မၿပီးေသးတဲ႔ အိမ္ေတြ အတြက္ အိမ္ဖိုး ေပးဖို႔ကို အခု ျငင္းဆန္ထားၾကတယ္လို႔ အၾကံေပး လုပ္ငန္းႀကီး Dezan Shira & Associates က ေျပာပါတယ္။

နည္းပညာ က႑မွာလည္း တ႐ုတ္ အာဏာပိုင္တို႔က ႏိုင္ငံရဲ႕ အႀကီးဆံုး လုပ္ငန္းႀကီးေတြကို ၂၀၂၀ ျပည့္ႏွစ္ ေနာက္ပိုင္းမွာ စၿပီး ၿဖိဳခြဲတဲ႔ အထဲမွာ e-commerce လုပ္ငန္းႀကီး Alibaba Group နဲ႔ လူမႈကြန္ရက္ မီဒီယာ Tencent တို႔လည္း ပါ၀င္ခဲ႔ပါတယ္။ အခ်က္အလက္ လံုျခံဳေရးနဲ႔ လက္ဝါးႀကီအုပ္ ေဆာင္ရြက္မႈေတြ အေပၚ စိုးရိမ္ခ်က္နဲ႔ လုပ္တာ ျဖစ္ေၾကာင္း တ႐ုတ္ အာဏာပိုင္တို႔က ေျပာပါတယ္။

တ႐ုတ္ စီးပြား က်ဆင္းမႈေၾကာင့္ ကမ ၻာ့ေစ်းကြက္ေတြမွာပါ စိုးရိမ္စရာ ျဖစ္လာေၾကာင္း၊ ၂၀၂၀ မွာ Covid-19 ဒဏ္သင့္ခ်ိန္က က်ဆင္းခဲ႔တဲ႔ ႏႈန္း အတိုင္း ျပန္ၿပီး တက္မလာတာေၾကာင့္ ျဖစ္တယ္လို႔ စကာၤပူက CreditSights သုေတသန လုပ္ငန္းႀကီးက အႀကီးတန္း သံုးသပ္သူ zerlina Zeng က ေျပာပါတယ္။ အိမ္အေႂကြး ေပးဖို႔ ပ်က္ကြက္တာေတြေၾကာင့္ အိမ္ယာေတြ အပါအ၀င္ ပိုင္ဆိုင္မႈေတြရဲ႕ တန္ဖိုး အေပၚ ၿခိမ္းေျခာက္မႈ ျဖစ္တယ္လို႔လည္း သူမက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ သေဘာၤ တင္ပို႔မႈနဲ႔ ကုန္ထုတ္လုပ္မႈေတြမွာ အတားအဆီး အေႏွာင့္အယွက္ေတြ ျဖစ္ခဲ႔တာဟာ ကမ ၻာ့ ေဒသ အေတာ္မ်ားမ်ားမွာ ကုန္စည္ ထုတ္လုပ္ ျဖန္႔ျဖဴးမႈကိုလည္း အဆင္မေျပ ျဖစ္ေစၿပီး ေငြေၾကးေဖာင္းပြမႈနဲ႔ စီးပြားက်မႈ စိုးရိမ္ခ်က္ေတြကို ထပ္တိုးေစပါတယ္။

တ႐ုတ္ အာဏာပိုင္ေတြကေတာ့ အေျခခံ အေဆာက္အဦဆိုင္ရာမွာ ေငြေၾကး သံုးၿပီး စီးပြားေရးကို တြန္းအားေပးေနပါတယ္။ GDP ဟာဆိုရင္ ျပန္လည္ နာလန္ထမႈ ေႏွးေကြးေနတဲ႔ လကၡဏာ ျဖစ္တယ္လို႔လည္း Zeng က ေျပာပါတယ္။ လွ်ပ္စစ္ ကားေတြ အပါအ၀င္ ကားေတြနဲ႔ ဘိလပ္ေျမ ၀ယ္လိုအား တက္လာေနၿပီလို႔လည္း သူမက ေျပာပါတယ္။ ၿပီးခဲ႔တဲ႔ ႏွစ္က နည္းပညာ လုပ္ငန္း က႑ အေပၚ ျပင္းျပင္းထန္ထန္ ႏွိပ္ကြပ္ခဲ႔တာကိုလည္း အာဏာပိုင္ေတြဘက္က စိတ္ေအး လက္ေအး ရွိေနၾကတယ္လို႔လည္း Zeng က ထပ္ေလာင္း ေျပာပါတယ္။

“ စီးပြားေရး ျပန္လည္ နာလန္ထ လာမယ္ဆိုတာက ေသခ်ာပါတယ္။ ဒါေပမဲ႔ ျပန္လည္ နာလန္ထလာတဲ႔ ႏႈန္းကေတာ့ ဒီႏွစ္ ပထမ ၄ လပတ္ အတြင္းမွာ ေစ်းကြက္ ေမွ်ာ္လင့္ထားခဲ႔တဲ႔ အတိုင္းေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။”

ေနာက္ထပ္ အသြားအလာ တားျမစ္ ပိတ္ပင္မႈေတြဟာလည္း Shenzhen ဒါမွမဟုတ္လည္း Shanghai တခုလံုးထက္ ရပ္ကြက္ေတြေလာက္ကိုဘဲ ပိတ္ပင္ ကန္႔သတ္မယ့္ အေနအထားမွာ ရွိေၾကာင္းလည္း Zeng က ေျပာပါတယ္။ ဒါေပမဲ႔လည္း ဒီႏွစ္ အတြင္း ဖြံ႔ၿဖိဳးမႈ ၅ ဒသမ ၅ ရာခိုင္ႏႈန္း ဖြံ႔ၿဖိဳးေရး ဆိုတဲ႔ တ႐ုတ္ရဲ႕ ရည္မွန္းခ်က္ကေတာ့ သိပ္ၿပီး ရည္မွန္းခ်က္ ႀကီးလြန္းတယ္လို႔လည္း သူမက ေျပာပါတယ္။ ဇူလိုင္ကေန စက္တင္ဘာ အထိ ႏွစ္ စဥ္ စီးပြားေရး ဖြံ႔ၿဖိဳးမႈက ၅ ဒသမ ၃ ရာခိုင္ႏႈန္း ရွိေရးနဲ႔ ၂၀၂၂ ေနာက္ဆံုး လပိုင္းေတြမွာ ဖြံ႔ၿဖိဳးမႈက ၅ ဒသမ ၉ ရာခိုင္ႏႈန္း ရွိေရး ေျပာဆိုထားတဲ႔ ရင္းႏွီးျမႇုပ္ႏွံမႈ ဘဏ္ အယ္ဒီတာ႔ အာေဘာ္ကို တ႐ုတ္ အစိုးရပိုင္ China Daily က ၿပီးခဲ႔တဲ႔ သီတင္းပတ္မွာ ေဖာ္ျပခဲ႔ပါတယ္။

တ႐ုတ္ စီးပြားေရး ေရွ႕ေရး
please wait

No media source currently available

0:00 0:06:20 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)
တရုတ် စီးပွားရေး ရှေ့ရေး


လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုတုန်းက တရုတ်ရဲ့ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေး မောင်းနှင်အားက ကမ ္ဘာကို အံ့သြမင်သက်စေခဲ့ပြီး တနှစ်ကို ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ တရုတ်မှာ ဆယ်ဂဏန်း ဖွံ့ဖြိုးမှု ဆိုတာ မရှိတော့ပါဘူး။ တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီးတွေနဲ့ နည်းပညာ ကဏ္ဍမှာ မပြေလည်မှုတွေ ရှိခဲ့ပြီးနောက် ဧပြီလနဲ့ ဇွန်လ အတွင်း နိုင်ငံရဲ့ အသားတင် ထုတ်လုပ်မှု GDP ကျဆင်းလာတာ ဖြစ်ပါတယ်။ Ralph Jennings ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

တရုတ်ရဲ့ ဖွံ့ဖြိုးမှု ကျလာရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး စီးပွားရေး ပညာရှင်တွေ တညီတညွတ် ပြောကြတဲ့ အကြောင်းကတော့ Covid-19 ကူးစက်မှုကို တားဆီးနိုင်ရေး အသွားအလာ တားမြစ်ကန့်သတ်မှုတွေကြောင့် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ပြည်ပ တင်ပို့မှုတွေ ထိခိုက်ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အတွင်း တရုတ်ရဲ့ နည်းပညာ လုပ်ငန်းကြီးတွေ ဖြိုခွင်းခံရတဲ့ ကိစ္စရဲ့ ရိုက်ခတ်မှု၊ နောက် တရုတ်ရဲ့ ထိပ်တန်း အိမ်ခြံမြေ လုပ်ငန်းကြီးတွေ ကြားမှာ ဘဏ္ဍာရေး အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှာ အခု ဆုတ်ယုတ်ကျဆင်းမှုက ထပ်ပြီး ဖြစ်လာကြောင်းလည်း သူတို့က ပြောပါတယ်။ တရုတ်ရဲ့ ဒေါ်လာ ၁၈ ထရီလျံ စီးပွားရေးဟာ အမေရိကန် ပြီးရင် ကမ ္ဘာမှာ ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်ပြီး အရင် သုံးလနဲ့ နှိုင်းယှဉ်ရင် ဧပြီလကနေ ဇွန်လ အတွင်း ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။

S&P Global Market Intelligence လုပ်ငန်းကြီးရဲ့ အာရှ ပစိဖိတ် ဆိုင်ရာ စီးပွားရေး ပညာရှင် အကြီးအကဲနဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Rajiv Biswas က အခုလို ပြောပါတယ်။

“ တရုတ်ရဲ့ မြို့ အတော်များများမှာ Covid-19 ကူးစက် ပျံ့နှံ့မှု ဖြစ်ခဲ့တာရဲ့ သက်ရောက်မှုကြောင့် ဖေဖော်ဝါရီလ ကတည်းက တရုတ်ရဲ့ စီးပွားရေးမှာ အနှောင့်အယှက် အဟန့်အတား လက္ခဏာတွေ တွေ့မြင်နေရပါတယ်။ ”

စက်မှု ကုန်ထုတ်လုပ်မှု၊ လက်လီ အရောင်းနဲ့ ဆိပ်ကမ်း စီမံခန့်ခွဲမှုတွေမှာ အထူးသဖြင့် အခက်အခဲ ဖြစ်ခဲ့ရတယ်လို့လည်း S&P Global Market Intelligence လုပ်ငန်းကြီးရဲ့ အာရှ ပစိဖိတ် ဆိုင်ရာ စီးပွားရေး ပညာရှင် အကြီးအကဲနဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Rajiv Biswas က ဆက်ပြီး ပြောပါတယ်။

“ လက်လီ အရောင်းတွေနဲ့ စက်မှု ကုန်ထုတ်လုပ်မှုတွေ အပေါ် ထိခိုက်သက်ရောက်မှုတွေဟာ ဧပြီလနဲ့ မေလ အတွင်းမှာ သိပ်ကို ပြင်းထန် ဆိုးရွားခဲ့ပါတယ်။ ရှန်ဟိုင်းမှာ ဆိုရင် ဧပြီလ အတွင်း ဆိပ်ကမ်း စီမံခန့်ခွဲမှုနဲ့ သယ်ယူပို့ဆောင်ရေးမှာ ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်ခဲ့ပါတယ်။ ”

ရှန်ဟိုင်းဟာ တရုတ်ရဲ့ အဓိက ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ ဧပြီလ အတွင်း ရှန်ဟိုင်းမှာ အသွားအလာ တားမြစ်ကန့်သတ်ချက်ကို ဗဟို အစိုးရက ညွှန်ကြားခဲ့တာပါ။ တရုတ်ရဲ့ စီးပွားရေးဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း နီးပါး ဖွံ့ဖြိုးခဲ့ကြောင်း ကမ ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ ၂၀၁၉ ခုနှစ် အထိ နှစ်စဉ် ဖွံ့ဖြိုးမှုက တဖြည်းဖြည်း နှေးကွေးလာခဲ့ပြီး ကပ်ရောဂါဒဏ် ပထမဆုံး ခံရတဲ့နှစ် ၂၀၂၀ မှာတော့ တရုတ်ရဲ့ ဖွံ့ဖြိုးမှုက ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ၈ ဒသမ ၁ ရာခိုင်နှုန်းကို ပြန်ပြီး ရောက်ရှိလာပါတယ်။

အသွားအလာ တားမြစ်ပိတ်ပင်မှု Lockdown အကြိမ်ကြိမ် ချမှတ် ကျင့်သုံးနေတဲ့ တရုတ်မှာ အလုပ်လက်မဲ့နှုန်း ၅ ရာခိုင်နှုန်း နီးပါးကို ရောက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ယှဉ်ရင် ပြီးခဲ့တဲ့ ဧပြီလ အတွင်း အလုပ်လက်မဲ့နှုန်းက ၆ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ လုပ်သားတွေနဲ့ လုပ်ငန်းငယ်တွေ ပိုပြီး အထိနာတယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။

ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ Changsah မြို့တို့ လူတွေကို ဗွီအိုအေက ဒီသီတင်းပတ် အတွင်း ဆက်သွယ်မေးမြန်းတာမှာတော့ အလုပ်အကိုင် အရေးနဲ့ ပတ်သက်ပြီး သိရှိထားပေမယ့် သူတို့ အလုပ်တွေကတော့ တည်ငြိမ်တယ်လို့ ယူဆကြောင်း ပြောကြပါတယ်။ အမည်မဖော်လိုတဲ့ ဖက်ရှင် ပစ္စည်း တင်သွင်းသူ တဦးကတော့ သူနဲ့ ရင်းနှီးသူတွေကြား အလုပ်အကိုင် မရှိ ဖြစ်တယ်ဆိုတာ မကြားမိသလို မကျေမနပ် ပြောသံ ဆိုသံလည်း မကြားကြောင်း ပြောပါတယ်။

အသွားအလာ တားမြစ် ပိတ်ပင်မှုတွေကြောင့် အပြင်မသွားနိုင်တဲ့ အချက် ဒါမှမဟုတ်လည်း နောက်ဆုံး အလုပ်လက်မဲ့ ဖြစ်ပြီး ဝင်ငွေနည်းသွားမယ့် အရေး စိုးရိမ်ချက်ကြောင့် တရုတ် စားသုံးသူတွေဟာ အရင်လို ငွေမသုံးကြတော့ဘူးလို့ ပြင်သစ် ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ ဟောင်ကောင် အခြေစိုက် အာရှ ပစိဖိတ် ဆိုင်ရာ စီးပွားရေး ပညာရှင်များ အကြီးအကဲ Alicia Garcia-Herrero က ပြောပါတယ်။ အသွားအလာ တားမြစ်ကန့်သတ်မှု ဖြေလျှော့လိုက်ပြီ ဖြစ်တဲ့ ဇွန်လ အတွင်းမှာဘဲ လက်လီ အရောင်းက ၃ ရာခိုင်နှုန်း လောက်သာ ရှိပါတယ်။

“ ဒီကိစ္စဟာဆိုရင် အိမ်ထောင်စုတွေ အနေနဲ့ အခြေအနေ အပေါ်မှာ စိတ်ချ ယုံကြည်မှု သိပ်ပြီး နည်းနေသေးတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေပါတယ်။ အကြောင်းကတော့ နေရာတိုင်းမှာ လူစုလူဝေးလိုက် စမ်းသပ်မှုတွေ ရှိနေဆဲ ဖြစ်ပြီး အနာဂတ်မှာ အသွားအလာ တားမြစ် ကန့်သတ်မှု Lockdowm တွေကလည်း သေချာ ရေရာမှု မရှိသေးတာကြောင့် ဖြစ်ပါတယ်။

တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီးတွေနဲ့ နည်းပညာ လုပ်ငန်းကြီးတွေမှာ ပြဿနာတွေ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်မှာ စီးပွားရေး ယိမ်းယိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ရဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းကြီး တချို့ဟာ ဒေါ်လာ သန်းထောင်ချီ အကြွေး မဆပ်နိုင်ဖြစ်ခဲ့ပါတယ်။ ကြိုပွိုင်နဲ့ ဝယ်ထားကြတဲ့ အိမ်ပိုင်ရှင်တွေကလည်း မပြီးသေးတဲ့ အိမ်တွေ အတွက် အိမ်ဖိုး ပေးဖို့ကို အခု ငြင်းဆန်ထားကြတယ်လို့ အကြံပေး လုပ်ငန်းကြီး Dezan Shira & Associates က ပြောပါတယ်။
နည်းပညာ ကဏ္ဍမှာလည်း တရုတ် အာဏာပိုင်တို့က နိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းကြီးတွေကို ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှာ စပြီး ဖြိုခွဲတဲ့ အထဲမှာ e-commerce လုပ်ငန်းကြီး Alibaba Group နဲ့ လူမှုကွန်ရက် မီဒီယာ Tencent တို့လည်း ပါဝင်ခဲ့ပါတယ်။

အချက်အလက် လုံခြုံရေးနဲ့ လက်ဝါးကြီအုပ် ဆောင်ရွက်မှုတွေ အပေါ် စိုးရိမ်ချက်နဲ့ လုပ်တာ ဖြစ်ကြောင်း တရုတ် အာဏာပိုင်တို့က ပြောပါတယ်။

တရုတ် စီးပွား ကျဆင်းမှုကြောင့် ကမ ္ဘာ့ဈေးကွက်တွေမှာပါ စိုးရိမ်စရာ ဖြစ်လာကြောင်း၊ ၂၀၂၀ မှာ Covid-19 ဒဏ်သင့်ချိန်က ကျဆင်းခဲ့တဲ့ နှုန်း အတိုင်း ပြန်ပြီး တက်မလာတာကြောင့် ဖြစ်တယ်လို့ စကာၤပူက CreditSights သုတေသန လုပ်ငန်းကြီးက အကြီးတန်း သုံးသပ်သူ zerlina Zeng က ပြောပါတယ်။ အိမ်အကြွေး ပေးဖို့ ပျက်ကွက်တာတွေကြောင့် အိမ်ယာတွေ အပါအဝင် ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုး အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။
တရုတ်နိုင်ငံမှာ သဘောၤ တင်ပို့မှုနဲ့ ကုန်ထုတ်လုပ်မှုတွေမှာ အတားအဆီး အနှောင့်အယှက်တွေ ဖြစ်ခဲ့တာဟာ ကမ ္ဘာ့ ဒေသ အတော်များများမှာ ကုန်စည် ထုတ်လုပ် ဖြန့်ဖြူးမှုကိုလည်း အဆင်မပြေ ဖြစ်စေပြီး ငွေကြေးဖောင်းပွမှုနဲ့ စီးပွားကျမှု စိုးရိမ်ချက်တွေကို ထပ်တိုးစေပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ အခြေခံ အဆောက်အဦဆိုင်ရာမှာ ငွေကြေး သုံးပြီး စီးပွားရေးကို တွန်းအားပေးနေပါတယ်။ GDP ဟာဆိုရင် ပြန်လည် နာလန်ထမှု နှေးကွေးနေတဲ့ လက္ခဏာ ဖြစ်တယ်လို့လည်း Zeng က ပြောပါတယ်။ လျှပ်စစ် ကားတွေ အပါအဝင် ကားတွေနဲ့ ဘိလပ်မြေ ဝယ်လိုအား တက်လာနေပြီလို့လည်း သူမက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က နည်းပညာ လုပ်ငန်း ကဏ္ဍ အပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့တာကိုလည်း အာဏာပိုင်တွေဘက်က စိတ်အေး လက်အေး ရှိနေကြတယ်လို့လည်း Zeng က ထပ်လောင်း ပြောပါတယ်။

“ စီးပွားရေး ပြန်လည် နာလန်ထ လာမယ်ဆိုတာက သေချာပါတယ်။ ဒါပေမဲ့ ပြန်လည် နာလန်ထလာတဲ့ နှုန်းကတော့ ဒီနှစ် ပထမ ၄ လပတ် အတွင်းမှာ ဈေးကွက် မျှော်လင့်ထားခဲ့တဲ့ အတိုင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။”

နောက်ထပ် အသွားအလာ တားမြစ် ပိတ်ပင်မှုတွေဟာလည်း Shenzhen ဒါမှမဟုတ်လည်း Shanghai တခုလုံးထက် ရပ်ကွက်တွေလောက်ကိုဘဲ ပိတ်ပင် ကန့်သတ်မယ့် အနေအထားမှာ ရှိကြောင်းလည်း Zeng က ပြောပါတယ်။ ဒါပေမဲ့လည်း ဒီနှစ် အတွင်း ဖွံ့ဖြိုးမှု ၅ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးရေး ဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်ကတော့ သိပ်ပြီး ရည်မှန်းချက် ကြီးလွန်းတယ်လို့လည်း သူမက ပြောပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာ အထိ နှစ် စဉ် စီးပွားရေး ဖွံ့ဖြိုးမှုက ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိရေးနဲ့ ၂၀၂၂ နောက်ဆုံး လပိုင်းတွေမှာ ဖွံ့ဖြိုးမှုက ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိရေး ပြောဆိုထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဘဏ် အယ်ဒီတာ့ အာဘော်ကို တရုတ် အစိုးရပိုင် China Daily က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG