ရန်ကုန် သီလဝါဆိပ်ကမ်း စီမံကိန်းအတွင်း လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခ တ်ဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၃ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။ လယ်သမားတွေကတော့ ကာလပေါက်ဈေးအတိုင်း လျော်ပေးရင် အဲဒီနေရာက ထွက်ပေးမယ်လို့ ပြောထားပါတယ်။ သီလဝါ စက်မှုဇုံ အပါအဝင် ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ပြည်သူတွေ နစ်နာနေကြရတဲ့ အခြေအနေတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။