သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးခရီး နီးပြီလား

တိုက်ပွဲကြောင့်ထွက်ပြေးရသည့် ပြည်သူများ (KBC KACHIN)
တိုက်ပွဲကြောင့်ထွက်ပြေးရသည့် ပြည်သူများ (KBC KACHIN)

လက်နက်ကိုင်အဖွဲ့အစည်းအကြား မဆင်မချင် အင်အားသုံး လုပ်ဆောင်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးကြရသလို အိုးအိမ်မဲ့ ဖြစ်ရသူတွေလည်း အများအပြား ရှိနေတာပါ။ ပြီးခဲ့တဲ့ စနေနေ့က မူဆယ်မြို့မှာ ဖြစ်သွားခဲ့ ပစ်ခတ် တိုက်မှုဟာ အဲဒီလို မဆင်မချင် လုပ်ဆောင်မှုတွေရဲ့ သာဓကဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းလို့ ပြောတဲ့နေရာမှာ မြန်မာ့တပ်မတော် တခုထဲကို ရည်ညွန်း ပြောဆိုတာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ရဲတပ်ဖွဲ့ရော ပါပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်လို့ သီလဝါ စက်မှုဇုံအတွင်းမှာ အဲဒီ စနေနေ့မှာဘဲ လူတချို့ ထိခိုက်ဒဏ်ရာရသွားခဲ့တာလည်း ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဘက်ကရော၊ မြန်မာ့တပ်မတော်နဲ့ အစိုးရဘက်ကရော ငြိမ်းချမ်းရေး လိုလားပါတယ်လို့ အတွင်တွင် ပြောနေကြပေမယ့် ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှု ဖြစ်မလာတဲ့အပြင် တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ လူနေထူထပ်တဲ့ မြို့ပြတွေကိုပါ ရောက်လာနေတာကို တွေ့ရပါတယ်။

စစ်ပွဲတွေ ရပ်ပေးဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြတဲ့သူတွေကိုလည်း အကြမ်းဖက် ဖမ်းဆီးတာတွေက ရှိနေပြန်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အဓိက လိုအပ်ချက်ဟာ ဘာဖြစ်မလဲ၊ ငြိမ်းချမ်းရေးခရီး နီးပြီလား ဆိုတာကို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးဌာနက ဥပဒေအကြံပေး ဒေါက်တာ Andrew Ngun Cun Lian ၊ မူဆယ်မြို့က ရှေ့နေ ဒေါ်ဖြူဖြူဝင်း တို့အပါအဝင် သောတရှင်တွေနဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေးထားပါတယ်။

ငြိမ်းချမ်းရေးခရီး နီးပြီလား
please wait

No media source currently available

0:00 0:23:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG