သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဖို့ WHO နှိုးဆော်


သွေးလွန်တုပ်ကွေးအပါအဝင် ခြင်နဲ့ ပိုးမွှားတွေကနေတဆင့်ကူးစက်တဲ့ရောဂါတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ် ကြီးထွားလာနေတာကို တုံ့ပြန်ဆောင်ရွက်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တရပ်ကို ကြာသပတေးနေ့က စတင်လိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း သွေးလွန်တုပ်ကွေးနဲ့ခြင်ကနေကူးစက်တဲ့ရောဂါတွေ အလျင်အမြန် ကူးစက်ပြန့်ပွားနှုန်း ဆက်တိုက် မြင့်တက်လာနေတာဟာ အလွန်စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး ဒါကို ကဏ္ဍအားလုံး၊ နိုင်ငံအားလုံးပူးပေါင်းပြီး တုံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်လို့ WHO ရဲ့ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒြို့ ဂက်ဘရေရီးစက် (Dr. Tedros Ghebreyesus) ပြောပါတယ်။

၂၀၂၁ ခုနှစ်ကတည်းစတင်ပြီး ကူးစက်ခံရမှုဟာ နှစ်စဉ် ၂ ဆတိုးလာခဲ့တယ်လို့ WHO ကဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအထိ တကမ္ဘာလုံး ကူးဆက်ခံရသူ ၁၂.၃ သန်းရှိခဲ့ပြီး ၆၀၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးမှာအားလုံးပါဝင်ဖို့လိုပါတယ်လို့ WHO အကြီးအကဲကပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အစီစဉ်ထဲမှာ အစိုးရတွေလုပ်ဆောင်ဖို့ အဓိက အချက် ၅ ချက်ကိုတိုက်တွန်းထားပါတယ်။ အရေးပေါ်ညှိနှိုင်း ဆောင်ရွက်မှုအစီစဉ်၊ အားလုံးပူးပေါင်း ဆောင်ရွက်ပြီး ရောဂါဖြစ်ပွားမှုကိုသိရှိအောင်လုပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ရပ်ရွာတွေအတွင်း ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်မှုအစီစဉ်၊ ဖျားနာမှုတွေကိုကာကွယ်နိုင်ဖို့ ကုသလမှုတွေကို တိုးမြှင့်လုပ်ဆောင်ခြင်းစတာတွေလုပ်ဆောင်ဖို့ WHO ကတိုက်တွန်းထားပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာအစီစဉ်အတွက် လာမယ့်နှစ်မှာဒေါ်လာ ၅၅ သန်းလောက်လိုအပ်မယ်လို့လည်းပြောဆိုထားပါတယ်။

သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဖို့ WHO နှိုးဆော်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG